တနင်္သာရီတိုင်းရှိ ပလမြို့ရဲစခန်းအား အင်အားအများအပြားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

 1421

NP News - ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ၊ ပလမြို့ရဲစခန်းအား PDF အဖွဲ့ဝင် အများအပြားမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက ပလမြို့ရဲစခန်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ထိုသို့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သော် လည်း လုံခြုံရေးအဖွဲ့ဝင်များကြားတွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မနေ့က ညနေ ၆ နာရီ ၅ဝ မိနစ်ကနေ ၇ နာရီအထိ။ ၁ဝ မိနစ်ပေါ့။ ဟိုဘက်က အင်အား ၈ဝ လောက်နဲ့ လာပစ်တာပေါ့။ ဒီဘက်ကတော့ တပ်ကော၊ ရဲကောရှိတယ်။ စနစ်တကျနဲ့ ခံစစ်ပြန်တိုက်ပေါ့။ ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဟိုဘက်က လည်း ဘာသတင်းမှ မရဘူး။ ခပ်ခွာခွာကပဲ ပစ်နိုင်တာကို။ ထိခိုက်မှုကို ဘာမှ မသိရဘူး” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ နှစ်ဖက်အကြားပစ်ခတ်တိုက်ခိုက်မှုမှာ အချိန် ၁ဝ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယခု ဒီဇင်ဘာလအစောပိုင်းတွင်လည်း ပလမြို့ရဲစခန်းအား PDF အဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
တနသၤာရီတိုင္းရွိ ပလၿမိဳ႕ရဲစခန္းအား အင္အားအမ်ားအျပားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြား
NP News - ဒီဇင္ဘာ ၂၇

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ရွိ၊ ပလၿမိဳ႕ရဲစခန္းအား PDF အဖြဲ႕ဝင္ အမ်ားအျပားမွ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၂၆ ရက္ ညေနပိုင္းက ပလၿမိဳ႕ရဲစခန္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ထိုသို႔ လာေရာက္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေသာ္ လည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားၾကားတြင္ ထိခိုက္ဒဏ္ရာ ရရွိမႈမရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

“မေန႔က ညေန ၆ နာရီ ၅ဝ မိနစ္ကေန ၇ နာရီအထိ။ ၁ဝ မိနစ္ေပါ့။ ဟိုဘက္က အင္အား ၈ဝ ေလာက္နဲ႔ လာပစ္တာေပါ့။ ဒီဘက္ကေတာ့ တပ္ေကာ၊ ရဲေကာရွိတယ္။ စနစ္တက်နဲ႔ ခံစစ္ျပန္တိုက္ေပါ့။ ဘာမွ ထိခိုက္မႈ မရွိပါဘူး။ ဟိုဘက္က လည္း ဘာသတင္းမွ မရဘူး။ ခပ္ခြာခြာကပဲ ပစ္ႏိုင္တာကို။ ထိခိုက္မႈကို ဘာမွ မသိရဘူး” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထိုသို႔ ႏွစ္ဖက္အၾကားပစ္ခတ္တိုက္ခိုက္မႈမွာ အခ်ိန္ ၁ဝ မိနစ္ခန႔္သာ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

ယခု ဒီဇင္ဘာလအေစာပိုင္းတြင္လည္း ပလၿမိဳ႕ရဲစခန္းအား PDF အဖြဲ႕မွ လာေရာက္ပစ္ခတ္တိုက္ခိုက္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.