အာရှလမ်းမအနီး ကော့နွယ်ကျေးရွာတစ်ဝိုက်၌ KNLA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်နေရ

 865

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် အာရှလမ်းမအနီးရှိ ကော့နွယ်ကျေးရွာတစ်ဝိုက်၌ KNLA ပူးပေါင်းအဖွဲ့နှင့်တပ်မတော်တို့အကြားတွင် တိုက်ပွဲပြင်းထန်နေကာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီအာရှလမ်း ကော့နွယ်ကွေ့နှင့် ကော့နွယ်ကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။

“မနက်ကတည်းကနေ အရင်ဖြစ်နေတဲ့နေရာဝန်းကျင်လောက်မှာပဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီနေ့က လက်နက်ငယ်သံတွေပါ ကြားရတယ်။ အရင်နေ့တွေတုန်းကတော့ လက်နက်ကြီးသံပဲ ကြားရတာပေါ့။ တစ်မနက်လုံး လက်နက်ကြီးသံရော၊ လက်နက်ငယ်သံတွေရော ကြားနေရတယ်။ လေယာဉ်လာသွားတာလည်း နှစ်စီးရှိသွားပြီ” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်လျက်ရှိသည့် ကော့နွယ်ကျေးရွာနှင့် ၎င်းကျေးရွာအနီးပတ်ဝန်းကျင်ရှိ ရွာများဖြစ်သည့် ကျောက်စလစ်ကုန်းရွာ၊ ရွာသစ်ရွာတို့တွင် ဒေသခံရွာသားများမှာ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက အသိ ပေးပြောဆိုထားသည်။

“ကော့နွယ်ရွာခံတွေကတော့ နဂိုကတည်းက မရှိတော့ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပေါ့။ သူတို့တွေကတော့ မြို့ထဲက ဆွေမျိုးတွေ၊ အသိတွေရှိမှာပဲ ရှောင်နေရမယ့်အနေအထားပေါ့။ ဒီမှာက စစ်ဘေးရှောင်တဲ့နေရာမှ မရှိတာ။ ကျောက်စလစ်ကုန်းရွာ၊ ရွာသစ်ရွာ၊ အဲဒီရွာတွေက လူတွေတော်တော်များလည်း မနေရဲကြတော့ဘူး” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၂ဝ ရက် ဝန်းကျင်ခန့်မှစတင်ကာ မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွယ်ကွေ့၌ နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယနေ့အချိန်အထိပါ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို ပိတ်ဆို့ထားပြီး ကားရာချီကာ ပိတ်ဆို့နေသည့်အပြင် ကုန်စည်စီးဆင်းမှုမှာ လုံးဝရပ်တန့်လုနီးပါး ဖြစ်လာပြီဖြစ်ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။

zawgyi version
အာရွလမ္းမအနီး ေကာ့ႏြယ္ေက်း႐ြာတစ္ဝိုက္၌ KNLA ပူးေပါင္းအဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲျပင္းထန္ေနၿပီး ႐ြာလုံးကြၽတ္စစ္ေဘးေရွာင္ေနရ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၇

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕အထြက္ အာရွလမ္းမအနီးရွိ ေကာ့ႏြယ္ေက်း႐ြာတစ္ဝိုက္၌ KNLA ပူးေပါင္းအဖြဲ႕ႏွင့္တပ္မေတာ္တို႔အၾကားတြင္ တိုက္ပြဲျပင္းထန္ေနကာ ႐ြာလုံးကြၽတ္စစ္ေဘးေရွာင္ေနရေၾကာင္း သတင္းရရွိသည္။

ယေန႔ (ဒီဇင္ဘာလ ၂၇ ရက္) နံနက္ပိုင္းတြင္ ေကာ့ကရိတ္ၿမိဳ႕အထြက္ ေကာ့ကရိတ္-ျမဝတီအာရွလမ္း ေကာ့ႏြယ္ေကြ႕ႏွင့္ ေကာ့ႏြယ္ေက်း႐ြာတစ္ဝိုက္တြင္ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။

“မနက္ကတည္းကေန အရင္ျဖစ္ေနတဲ့ေနရာဝန္းက်င္ေလာက္မွာပဲ တိုက္ပြဲေတြ ျဖစ္ေနတယ္။ ဒီေန႔က လက္နက္ငယ္သံေတြပါ ၾကားရတယ္။ အရင္ေန႔ေတြတုန္းကေတာ့ လက္နက္ႀကီးသံပဲ ၾကားရတာေပါ့။ တစ္မနက္လုံး လက္နက္ႀကီးသံေရာ၊ လက္နက္ငယ္သံေတြေရာ ၾကားေနရတယ္။ ေလယာဥ္လာသြားတာလည္း ႏွစ္စီးရွိသြားၿပီ” ဟု ေကာ့ကရိတ္ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ တိုက္ပြဲျပင္းထန္လ်က္ရွိသည့္ ေကာ့ႏြယ္ေက်း႐ြာႏွင့္ ၎ေက်း႐ြာအနီးပတ္ဝန္းက်င္ရွိ ႐ြာမ်ားျဖစ္သည့္ ေက်ာက္စလစ္ကုန္း႐ြာ၊ ႐ြာသစ္႐ြာတို႔တြင္ ေဒသခံ႐ြာသားမ်ားမွာ ႐ြာလုံးကြၽတ္နီးပါး စစ္ေဘးေရွာင္ေနရေၾကာင္း ေဒသခံမ်ားက အသိ ေပးေျပာဆိုထားသည္။

“ေကာ့ႏြယ္႐ြာခံေတြကေတာ့ နဂိုကတည္းက မရွိေတာ့ဘူး။ လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကတည္းကေပါ့။ သူတို႔ေတြကေတာ့ ၿမိဳ႕ထဲက ေဆြမ်ိဳးေတြ၊ အသိေတြရွိမွာပဲ ေရွာင္ေနရမယ့္အေနအထားေပါ့။ ဒီမွာက စစ္ေဘးေရွာင္တဲ့ေနရာမွ မရွိတာ။ ေက်ာက္စလစ္ကုန္း႐ြာ၊ ႐ြာသစ္႐ြာ၊ အဲဒီ႐ြာေတြက လူေတြေတာ္ေတာ္မ်ားလည္း မေနရဲၾကေတာ့ဘူး” ဟု ေဒသခံသတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၂ဝ ရက္ ဝန္းက်င္ခန႔္မွစတင္ကာ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ေကာ့ႏြယ္ေကြ႕၌ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိၿပီး ယေန႔အခ်ိန္အထိပါ ဆက္လက္ျဖစ္ပြားေနျခင္းျဖစ္သည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္းကို ပိတ္ဆို႔ထားၿပီး ကားရာခ်ီကာ ပိတ္ဆို႔ေနသည့္အျပင္ ကုန္စည္စီးဆင္းမႈမွာ လုံးဝရပ္တန႔္လုနီးပါး ျဖစ္လာၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။

Picture

Wan Jaywan

27/12/2022 18:17

ေတာ္ လွန္ ေရး မပီးခင္ လူ ေတြ အကုန္ ငတ္ ေသ ကုန္ ေတာ့မွာ

Related news

© 2021. All rights reserved.