ရေးမြို့နယ်အတွင်း တပ်မတော်၏ ကျောင်းကြို/ပို့ယာဉ်ကို ရေးဘီလူး PDF အဖွဲ့ ပစ်ခတ်တိုက်ခိုက်

 5060

NP News - ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ တပ်မတော်၏ ကျောင်းကြို/ပို့ယာဉ်ကို ရေးဘီလူး PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) ၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါတပ်မတော်ကျောင်းကားသည် ကျောင်းသား၊ ကျောင်းသူများကို တင်ဆောင်ကာ ကျောင်းရွာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ပို့ဆောင်ပြီး ပြန်လာစဉ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အထက်ပါသတင်းအ ရင်းအမြစ်က အတည်ပြုထားသည်။

“မနက် ၈ နာရီခွဲမှာ ပစ်တာတော့ ဟုတ်တယ်။ တပ်က ကျောင်းကားပေါ့။ ဒါပေမယ့် တစ်ယောက်မှ မထိဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်း အမြစ်က ပြောသည်။

တပ်မတော်၏ ကျောင်းကြို/ပို့ယာဉ်ကို ရေးဘီလူး PDF အဖွဲ့(၁ဝ)ဦးခန့်က လက်နက်ငယ်ဖြင့် အချက်ရေ (၃ဝ)နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အတွင်း တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှုမျိုး မရှိခဲ့ကြောင်းလည်း ၎င်းက အတည်ပြုထားသည်။

သို့သော် ၎င်းဖြစ်စဉ်အတွင်း တပ်မတော်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ရေးဘီလူး PDF အဖွဲ့ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

zawgyi version
ေရးၿမိဳ႕နယ္အတြင္း တပ္မေတာ္၏ ေက်ာင္းႀကိဳ/ပို႔ယာဥ္ကို ေရးဘီလူး PDF အဖြဲ႕ ပစ္ခတ္တိုက္ခိုက္
NP News - ဒီဇင္ဘာ ၂၇

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္၏ ေက်ာင္းႀကိဳ/ပို႔ယာဥ္ကို ေရးဘီလူး PDF အဖြဲ႕က ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၂၇ ရက္) ၊ နံနက္ ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါတပ္မေတာ္ေက်ာင္းကားသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တင္ေဆာင္ကာ ေက်ာင္း႐ြာေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္းသို႔ ပို႔ေဆာင္ၿပီး ျပန္လာစဥ္အခ်ိန္တြင္ ပစ္ခတ္တိုက္ခိုက္ခံရျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအ ရင္းအျမစ္က အတည္ျပဳထားသည္။

“မနက္ ၈ နာရီခြဲမွာ ပစ္တာေတာ့ ဟုတ္တယ္။ တပ္က ေက်ာင္းကားေပါ့။ ဒါေပမယ့္ တစ္ေယာက္မွ မထိဘူး” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္း အျမစ္က ေျပာသည္။

တပ္မေတာ္၏ ေက်ာင္းႀကိဳ/ပို႔ယာဥ္ကို ေရးဘီလူး PDF အဖြဲ႕(၁ဝ)ဦးခန႔္က လက္နက္ငယ္ျဖင့္ အခ်က္ေရ (၃ဝ)နီးပါး ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္ခံရသည့္ျဖစ္စဥ္အတြင္း တစ္ဦးတစ္ေယာက္မွ ထိခိုက္ဒဏ္ရာရရွိမႈမ်ိဳး မရွိခဲ့ေၾကာင္းလည္း ၎က အတည္ျပဳထားသည္။

သို႔ေသာ္ ၎ျဖစ္စဥ္အတြင္း တပ္မေတာ္တပ္ဖြဲ႕ဝင္ႏွစ္ဦး ထိခိုက္ေသဆုံးခဲ့သည္ဟု ေရးဘီလူး PDF အဖြဲ႕ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.