မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို ပိုင်ရှင်များအနေ ဖြင့် လာရောက်ထုတ်ယူနိုင်ဟုအသိပေး

 856

NP News - ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်လုပ်ပေးမည်ဖြစ်၍ ပိုင်ရှင်များလာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်ဟု ဒေသခံများထံမှ သိရသည်။

ရဲစခန်းဝန်းအတွင်း၌ ခေတ္တထိန်းသိမ်းထားရှိသော လိုင်စင်မဲ့ ဆိုင်ကယ်/ဘေးတွဲဆိုင်ကယ်များအား ရခိုင်ပြည်နယ်အတွင်း လိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ကယ်(သို့မဟုတ်)ဘေးတွဲဆိုင်ကယ်သိမ်းဆည်းခံရသူများအနေဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပြီး မှတ်ပုံတင်မူရင်းနှင့် မိတ္တူ(၂)စောင် ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ဆိုင်ကယ်/ဘေးတွဲလာရောက်ထုတ်ယူသူများအနေဖြင့် သိမ်းဆည်းစဉ် ရဲတပ်ဖွဲ့မှ ပေးထားသော အမှတ်စဉ်ကဒ်ပြားကို တစ်ပါးတည်းယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါအမှတ်စဉ်ကဒ်ပြားပျောက်ဆုံးပါက သက်ဆိုင်ရာ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာယူလာရန်နှင့် ဆိုင်ကယ်အမျိုးအစား၊ အရောင်၊ အင်ဂျင်ပါဝါ၊ ပုံသဏ္ဏာန်တို့ကို ပြောပြနိုင်ရန် လိုအပ် ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ သုံးဘီး၊ ထော်လာဂျီနှင့် မော်တော် ဆိုင်ကယ်များအား သက်တမ်းတိုးခြင်း၊ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းတို့ကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှစ၍ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
ေျမာက္ဦးၿမိဳ႕မရဲစခန္း၌ ထိန္းသိမ္းထားသည့္ လိုင္စင္မဲ့ဆိုင္ကယ္မ်ားကို ပိုင္ရွင္မ်ားအေန ျဖင့္ လာေရာက္ထုတ္ယူႏိုင္ဟုအသိေပး
NP News - ဒီဇင္ဘာ ၂၇

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕မရဲစခန္း၌ ထိန္းသိမ္းထားသည့္ လိုင္စင္မဲ့ဆိုင္ကယ္မ်ားကို လိုင္စင္လုပ္ေပးမည္ျဖစ္၍ ပိုင္ရွင္မ်ားလာေရာက္ထုတ္ယူႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ရဲစခန္းဝန္းအတြင္း၌ ေခတၱထိန္းသိမ္းထားရွိေသာ လိုင္စင္မဲ့ ဆိုင္ကယ္/ေဘးတြဲဆိုင္ကယ္မ်ားအား ရခိုင္ျပည္နယ္အတြင္း လိုင္စင္ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဆိုင္ကယ္(သို႔မဟုတ္)ေဘးတြဲဆိုင္ကယ္သိမ္းဆည္းခံရသူမ်ားအေနျဖင့္ ကိုယ္တိုင္လာေရာက္ထုတ္ယူႏိုင္ၿပီး မွတ္ပုံတင္မူရင္းႏွင့္ မိတၱဴ(၂)ေစာင္ ယူေဆာင္လာရန္ လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဆိုင္ကယ္/ေဘးတြဲလာေရာက္ထုတ္ယူသူမ်ားအေနျဖင့္ သိမ္းဆည္းစဥ္ ရဲတပ္ဖြဲ႕မွ ေပးထားေသာ အမွတ္စဥ္ကဒ္ျပားကို တစ္ပါးတည္းယူေဆာင္လာရန္ လိုအပ္ေၾကာင္း သိရသည္။

အဆိုပါအမွတ္စဥ္ကဒ္ျပားေပ်ာက္ဆုံးပါက သက္ဆိုင္ရာ ရပ္/ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ ေပ်ာက္ဆုံးသည္မွာ မွန္ကန္ေၾကာင္း ေထာက္ခံစာယူလာရန္ႏွင့္ ဆိုင္ကယ္အမ်ိဳးအစား၊ အေရာင္၊ အင္ဂ်င္ပါဝါ၊ ပုံသဏၰာန္တို႔ကို ေျပာျပႏိုင္ရန္ လိုအပ္ ေၾကာင္း သိရသည္။

ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ ေမာ္ေတာ္ယာဥ္၊ သုံးဘီး၊ ေထာ္လာဂ်ီႏွင့္ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား သက္တမ္းတိုးျခင္း၊ မွတ္ပုံတင္မဲ့ဆိုင္ကယ္မ်ားအား မွတ္ပုံတင္ျပဳလုပ္ေပးျခင္း၊ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးေပးျခင္းတို႔ကို ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္မွစ၍ စတင္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Picture

U Myint Thein

27/12/2022 18:49

နိုင်ငံတော်၏စေတနာကို နားလည်နိုင်ကြပါစေ။

Related news

© 2021. All rights reserved.