မန္တလေးမြို့၌ နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ထားသည့် MYF အဖွဲ့နှင့် ဝက်လက် PDF အဖွဲ့ဝင် (၁၆)ဦးကို ဖမ်းဆီးထိန်းသိမ်း

1200

NP News - ဇန်နဝါရီ ၂
နှစ်သစ်ကူးကာလ၌ မန္တလေးမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ထားသည့် MYF အဖွဲ့နှင့် ဝက်လက် PDF အဖွဲ့ဝင်များအား ဖမ်းဆီးရမိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ဒီဇင်ဘာလ(၃၁)ရက်၊ ညနေပိုင်း၌ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၈×၄၉) လမ်းကြား၊ (၁ဝ၆× ၁ဝ၇) လမ်းကြားတွင် Myanmar Young Force (MYF) အဖွဲ့ဝင်များဖြစ်သည့် ကိုကျော်မင်းခန့်နှင့် ကိုဟိန်းထက်အောင်တို့(၂)ဦးကို လက်လုပ်ရီမုမိုင်း(၅)လုံးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကိုကျော်မင်းခန့်၏ ထွက်ဆိုချက်အရ အဆိုပါနေ့ညပိုင်းတွင် အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ အာရှဘဏ်လမ်းနှင့် သံလမ်းဆုံအနီးတွင် မယမင်းကိုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ (၂၃×၆၂)လမ်းဆုံ အနီးတွင် ဝက်လက် PDF အဖွဲ့ဝင် ကိုအောင်ထက်ကျော်နှင့် ရဲသူစံတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုထားသည်။
အလားတူ ဖမ်းဆီးရမိသူ ကိုအောင်ထက်ကျော်၏ ထွက်ဆိုချက်အရ အဆိုပါနေ့ညပိုင်းတွင် လက်လုပ်မိုင်းထည့်ထားသော သင်္ကန်းခြင်း(၁)ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ (၂၉×၉ဝ) လမ်းထောင့်ရှိ မလွန်ကျောင်းတိုက်သို့ ပို့ထားကြောင်း ဖော် ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့ရာ ဆရာတော်ဥူးန္ဒြာစက္က အား သင်္ကန်းခြင်းအတွင်းထည့်ထားသည့် လက်လုပ်မိုင်း(၆)လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း(၄)လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိသူ ကိုအောင်ထက်ကျော်နှင့် ကိုကျော်မင်းခန့်တို့၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်တွင် MYF အဖွဲ့ဝင် ကိုထက်အောင်လင်း၊ ကိုလင်းလင်း၊ မမိုးမြင့်သူ၊ ကိုနေသူရိန်၊ ကိုလှိုင်မျိုးဝင်း၊ ကိုရန်ပိုင်ထွန်း၊ ကိုအံ့ဖုန်းခန့်နှင့် ကိုအာကာဖြိုးတို့ကို တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး(၂)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် ကိုလှိုင်မျိုးဝင်းနှင့် ကိုအာကာဖြိုးတို့(၂)ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို လုယူထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ၎င်းတို့အား ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း နစကမှ ဆိုသည်။
အလားတူ ၎င်းတို့၏ ထွက်ဆိုချက်များအရ ကွင်းဆက်ပတ်သက်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ APP ဖုန်းပြင်ဆိုင်တွင် ကိုသာထက်ခန့်အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်တွင် ကိုမျိုးသူအောင်အား လည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၂)ဦး စုစု ပေါင်း(၁၆)ဦးကို လက်လုပ်ရီမုမိုင်း(၁၁)လုံး၊ အချိုရည်ဘူး ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း(၄)လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး(၂)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေး ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ MYF အဖွဲ့နှင့် ဝက်လက် PDF အဖွဲ့များသည် အောင်မြေသာစံမြို့နယ်၊ စည်ပင်သာရပ်ကွက်၊ (၂၂× ၈၇) လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၈ဝ×၉)လမ်းထောင့်ရှိ အမှတ်(၄)ရဲစခန်း အပါအဝင် အမရပူရမြို့ရှိ ကပ်ကျော်ဘုရားနှင့် တောင်သမန်အင်းတို့တွင် ဖောက်ခွဲရေးများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် “ရတနာပုံ”တိရစ္ဆာန်ဥယျာဉ်၊ ကျုံပတ်လည်ရှိ လူစည်ကားရာနေရာများနှင့် ချမ်းမြသာစည်မြို့နယ်ရှိ Ocean Center ၊ “မန္တလာသီရိ” ဘောလုံးကွင်းတို့အား ဖောက်ခွဲဖျက်ဆီးရေးများ ဆောင်ရွက်ရန်စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကဆိုသည်။

zawgyi version
မႏၲေလးၿမိဳ႕၌ ႏွစ္သစ္ကူးကာလအတြင္း ေဖာက္ခြဲေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ စီစဥ္ထားသည့္ MYF အဖြဲ႕ႏွင့္ ဝက္လက္ PDF အဖြဲ႕ဝင္ (၁၆)ဦးကို ဖမ္းဆီးထိန္းသိမ္း
NP News - ဇန္နဝါရီ ၂
ႏွစ္သစ္ကူးကာလ၌ မႏၲေလးၿမိဳ႕ေပၚရွိ လူစည္ကားရာေနရာမ်ားတြင္ ေဖာက္ခြဲေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ စီစဥ္ထားသည့္ MYF အဖြဲ႕ႏွင့္ ဝက္လက္ PDF အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မႏၲေလးၿမိဳ႕တြင္ ဒီဇင္ဘာလ(၃၁)ရက္၊ ညေနပိုင္း၌ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္၊ (၄၈×၄၉) လမ္းၾကား၊ (၁ဝ၆× ၁ဝ၇) လမ္းၾကားတြင္ Myanmar Young Force (MYF) အဖြဲ႕ဝင္မ်ားျဖစ္သည့္ ကိုေက်ာ္မင္းခန႔္ႏွင့္ ကိုဟိန္းထက္ေအာင္တို႔(၂)ဦးကို လက္လုပ္ရီမုမိုင္း(၅)လုံးႏွင့္အတူ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကိုေက်ာ္မင္းခန႔္၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ညပိုင္းတြင္ အမရပူရၿမိဳ႕၊ မွန္တန္းရပ္ကြက္၊ အာရွဘဏ္လမ္းႏွင့္ သံလမ္းဆုံအနီးတြင္ မယမင္းကိုအားလည္းေကာင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အႏွိပ္ေတာ္ရပ္ကြက္၊ (၂၃×၆၂)လမ္းဆုံ အနီးတြင္ ဝက္လက္ PDF အဖြဲ႕ဝင္ ကိုေအာင္ထက္ေက်ာ္ႏွင့္ ရဲသူစံတို႔ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုထားသည္။
အလားတူ ဖမ္းဆီးရမိသူ ကိုေအာင္ထက္ေက်ာ္၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ညပိုင္းတြင္ လက္လုပ္မိုင္းထည့္ထားေသာ သကၤန္းျခင္း(၁)ျခင္းကို ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၂၉×၉ဝ) လမ္းေထာင့္ရွိ မလြန္ေက်ာင္းတိုက္သို႔ ပို႔ထားေၾကာင္း ေဖာ္ ထုတ္သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြခဲ့ရာ ဆရာေတာ္ဥဴးျႏၵာစကၠ အား သကၤန္းျခင္းအတြင္းထည့္ထားသည့္ လက္လုပ္မိုင္း(၆)လုံး၊ အခ်ိဳရည္ဘူးျဖင့္ ျပဳလုပ္ထားသည့္ လက္လုပ္မိုင္း(၄)လုံး တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းဆီးရမိသူ ကိုေအာင္ထက္ေက်ာ္ႏွင့္ ကိုေက်ာ္မင္းခန႔္တို႔၏ ထြက္ဆိုခ်က္အရ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဇီးအုပ္ရပ္ကြက္တြင္ MYF အဖြဲ႕ဝင္ ကိုထက္ေအာင္လင္း၊ ကိုလင္းလင္း၊ မမိုးျမင့္သူ၊ ကိုေနသူရိန္၊ ကိုလႈိင္မ်ိဳးဝင္း၊ ကိုရန္ပိုင္ထြန္း၊ ကိုအံ့ဖုန္းခန႔္ႏွင့္ ကိုအာကာၿဖိဳးတို႔ကို တ႐ုတ္ႀကိဳးဆြဲ လက္ပစ္ဗုံး(၂)လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ထိုသို႔ဖမ္းဆီးစဥ္ ကိုလႈိင္မ်ိဳးဝင္းႏွင့္ ကိုအာကာၿဖိဳးတို႔(၂)ဦးသည္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ လက္နက္မ်ားကို လုယူထြက္ေျပးရန္ ႀကိဳးပမ္းခဲ့သျဖင့္ ၎တို႔အား ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း နစကမွ ဆိုသည္။
အလားတူ ၎တို႔၏ ထြက္ဆိုခ်က္မ်ားအရ ကြင္းဆက္ပတ္သက္သူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၁) ရက္၊ နံနက္ပိုင္းတြင္ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ APP ဖုန္းျပင္ဆိုင္တြင္ ကိုသာထက္ခန႔္အား လည္းေကာင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၅)ရပ္ကြက္တြင္ ကိုမ်ိဳးသူေအာင္အား လည္း ေကာင္း အသီးသီးဖမ္းဆီးရမိခဲ့သည္။
အထက္ပါျဖစ္စဥ္တြင္ ဖမ္းဆီးရမိသူ အမ်ိဳးသား(၁၄)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး စုစု ေပါင္း(၁၆)ဦးကို လက္လုပ္ရီမုမိုင္း(၁၁)လုံး၊ အခ်ိဳရည္ဘူး ျဖင့္ ျပဳလုပ္ထားသည့္ လက္လုပ္မိုင္း(၄)လုံး၊ တ႐ုတ္ႀကိဳးဆြဲ လက္ပစ္ဗုံး(၂)လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ အသိေပး ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ MYF အဖြဲ႕ႏွင့္ ဝက္လက္ PDF အဖြဲ႕မ်ားသည္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ စည္ပင္သာရပ္ကြက္၊ (၂၂× ၈၇) လမ္းၾကားရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ (၈ဝ×၉)လမ္းေထာင့္ရွိ အမွတ္(၄)ရဲစခန္း အပါအဝင္ အမရပူရၿမိဳ႕ရွိ ကပ္ေက်ာ္ဘုရားႏွင့္ ေတာင္သမန္အင္းတို႔တြင္ ေဖာက္ခြဲေရးမ်ား ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္းသိရဟု နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ “ရတနာပုံ”တိရစာၦန္ဥယ်ာဥ္၊ က်ဳံပတ္လည္ရွိ လူစည္ကားရာေနရာမ်ားႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ Ocean Center ၊ “မႏၲလာသီရိ” ေဘာလုံးကြင္းတို႔အား ေဖာက္ခြဲဖ်က္ဆီးေရးမ်ား ေဆာင္႐ြက္ရန္စီစဥ္ထားေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကဆိုသည္။