ပုသိမ်အကျဉ်းထောင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အချုပ်သားတစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း(၇ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

 813

NP News - ဇန်နဝါရီ ၇

ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦးအား အရေးယူမှုအပေါ် မကျေနပ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အကျဉ်းသား၊ အချုပ်သား(၆ဝ)ကျော်အပါအဝင် လူပေါင်း(၇ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၆)ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား(၇ဝ) ခန့်သည် အိပ်ဆောင်တံခါးများအား ချိုးဖျက်ခြင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်းနှင့် ရန်မူခြင်းများ ပြုလုပ်ခဲ့သဖြင့် ဌာနဝန်ထမ်းများက မိမိအခန်းများသို့ ပြန်သွားရန် ဖျောင်းဖျပြောဆိုသော်လည်း လိုက်နာမှုမရှိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သားအချို့ကလည်း အိပ် ဆောင်တံခါးများကို ဖျက်ဆီးခြင်း၊ CCTV များကို ဖျက်ဆီးခြင်းအပြင် အကျဉ်း ထောင်အတွင်းရှိ စည်းကမ်းထိန်းသိမ်းရေးရုံးသို့ သွားရောက်ရန်မူရန် ကြိုးစားလာခဲ့ကြောင်း သိရသည်။

ထို့နောက် ပထမဆူပူမှုဖြစ်ပွားနေသည့် အဆောင်ရှိ အကျဉ်းသား၊ အချုပ်သားများနှင့် ပူးပေါင်း၍ ဖျက်ဆီးမှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်၍ အခြေအနေအား ထိန်းသိမ်းရန် နံနက်(၁ဝ)နာရီအချိန်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစီး၍ တာဝန်ရှိသူဝန်ထမ်းများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲရန် ထပ်မံဖျောင်းဖျပြောဆိုသော်လည်း လိုက်နာမှုမရှိဘဲ ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများဖြင့် ရန်မူတိုက်ခိုက်လာခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ကြောင့် ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်နှိမ်းနင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်/ဒိုင်းများ အသုံးပြု၍နှိမ်နင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုအား ထိန်းသိမ်းနေစဉ် အကျဉ်းသား၊ အချုပ်သားများအနေဖြင့် အချင်းချင်း ခိုက်ရန်ဖြစ်ပွား ထိုးကြိတ်မှုများဖြစ်ခဲ့ပြီး နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

အထက်ပါဖြစ်စဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၂)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း(၉)ဦး စုစုပေါင်း(၁၁) ဒဏ်ရာရရှိခဲ့ပြီး အချုပ်သားတစ်ဦးမှာ အချင်းချင်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့၍ အကျဉ်းသား၊ အချုပ်သား(၆၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီလ(၅)ရက်၊ ညပိုင်းတွင် အကျဉ်းသားတစ်ဦးထံမှ ကီးပက်ဖုန်းတစ်လုံး ရှာဖွေသိမ်းဆည်းရမိမှုအား အရေးယူဆောင်ရွက်မှုကို ကျေနပ်မှုမရှိခြင်းနှင့် အချင်းချင်းမြှောက်ပင့်၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းတို့ကြောင့် ဆူပူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ပုသိမ္အက်ဥ္းေထာင္တြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ရာ အခ်ဳပ္သားတစ္ဦးေသဆုံးခဲ့ၿပီး လူေပါင္း(၇ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိ
NP News - ဇန္နဝါရီ ၇

ပုသိမ္အက်ဥ္းေထာင္တြင္ အက်ဥ္းသားတစ္ဦးအား အေရးယူမႈအေပၚ မေက်နပ္ရာမွ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ရာ အက်ဥ္းသား၊ အခ်ဳပ္သား(၆ဝ)ေက်ာ္အပါအဝင္ လူေပါင္း(၇ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၆)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၆)ရက္ နံနက္ပိုင္းတြင္ ဧရာဝတီတိုင္း၊ ပုသိမ္အက်ဥ္းေထာင္ရွိ အိပ္ေဆာင္တစ္ခုမွ အက်ဥ္းသား၊ အခ်ဳပ္သား(၇ဝ) ခန႔္သည္ အိပ္ေဆာင္တံခါးမ်ားအား ခ်ိဳးဖ်က္ျခင္း၊ အက်ဥ္းဦးစီးဌာန ဝန္ထမ္းမ်ားကို ေအာ္ဟစ္ဆဲဆိုျခင္းႏွင့္ ရန္မူျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ဌာနဝန္ထမ္းမ်ားက မိမိအခန္းမ်ားသို႔ ျပန္သြားရန္ ေဖ်ာင္းဖ်ေျပာဆိုေသာ္လည္း လိုက္နာမႈမရွိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ အျခားအိပ္ေဆာင္တစ္ခုမွ အက်ဥ္းသား၊ အခ်ဳပ္သားအခ်ိဳ႕ကလည္း အိပ္ ေဆာင္တံခါးမ်ားကို ဖ်က္ဆီးျခင္း၊ CCTV မ်ားကို ဖ်က္ဆီးျခင္းအျပင္ အက်ဥ္း ေထာင္အတြင္းရွိ စည္းကမ္းထိန္းသိမ္းေရး႐ုံးသို႔ သြားေရာက္ရန္မူရန္ ႀကိဳးစားလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ပထမဆူပူမႈျဖစ္ပြားေနသည့္ အေဆာင္ရွိ အက်ဥ္းသား၊ အခ်ဳပ္သားမ်ားႏွင့္ ပူးေပါင္း၍ ဖ်က္ဆီးမႈမ်ားကို ပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ျဖစ္၍ အေျခအေနအား ထိန္းသိမ္းရန္ နံနက္(၁ဝ)နာရီအခ်ိန္ခန႔္တြင္ ဧရာဝတီ တိုင္းေဒသႀကီး အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးစီး၍ တာဝန္ရွိသူဝန္ထမ္းမ်ားႏွင့္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးတို႔ဦးစီး၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လူစုခြဲရန္ ထပ္မံေဖ်ာင္းဖ်ေျပာဆိုေသာ္လည္း လိုက္နာမႈမရွိဘဲ ကြပ္ပ်စ္မ်ားအား ႐ိုက္ခ်ိဳးထားသည့္ သစ္သားေခ်ာင္းမ်ား၊ အုတ္နီခဲမ်ားျဖင့္ ရန္မူတိုက္ခိုက္လာခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေၾကာင့္ ဆက္လက္ေဖ်ာင္းဖ်ရန္ အေျခအေနမရွိေတာ့ဘဲ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဓိက႐ုဏ္ႏွိမ္းနင္းေရး လက္နက္မ်ားျဖင့္ ေျခာက္လွန႔္ပစ္ခတ္ၿပီး တုတ္/ဒိုင္းမ်ား အသုံးျပဳ၍ႏွိမ္နင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆူပူအၾကမ္းဖက္မႈအား ထိန္းသိမ္းေနစဥ္ အက်ဥ္းသား၊ အခ်ဳပ္သားမ်ားအေနျဖင့္ အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြား ထိုးႀကိတ္မႈမ်ားျဖစ္ခဲ့ၿပီး နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ အေျခအေနအား ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

အထက္ပါျဖစ္စဥ္အရ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္(၂)ဦး၊ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္း(၉)ဦး စုစုေပါင္း(၁၁) ဒဏ္ရာရရွိခဲ့ၿပီး အခ်ဳပ္သားတစ္ဦးမွာ အခ်င္းခ်င္း႐ိုက္ႏွက္မႈေၾကာင့္ ေသဆုံးခဲ့၍ အက်ဥ္းသား၊ အခ်ဳပ္သား(၆၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျဖစ္စဥ္အား စိစစ္ခဲ့ရာ ဇန္နဝါရီလ(၅)ရက္၊ ညပိုင္းတြင္ အက်ဥ္းသားတစ္ဦးထံမွ ကီးပက္ဖုန္းတစ္လုံး ရွာေဖြသိမ္းဆည္းရမိမႈအား အေရးယူေဆာင္႐ြက္မႈကို ေက်နပ္မႈမရွိျခင္းႏွင့္ အခ်င္းခ်င္းေျမႇာက္ပင့္၍ ႐ုန္းရင္းဆန္ခတ္ျဖစ္ေအာင္ ႀကိဳးပမ္းခဲ့ျခင္းတို႔ေၾကာင့္ ဆူပူမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.