မြို့ကြီး(၁ဝ)မြို့ရှိ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းများတွင် သက်မွေးသင်တန်း (၅)ခုသင်ကြားပေးမည်

 534

ယွန်း (NP News) - ဇန်နဝါရီ ၇

မြို့ကြီး(၁ဝ)မြို့ရှိ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းများတွင် ဇန်နဝါရီလ (၉)ရက်မှစ၍ စက်ချုပ်သင်တန်း အပါအဝင် သင်တန်း(၅)ခုကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်က အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရန်ကုန် အပါအဝင် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းမျာအား ဖွင့်လှစ်ထားပြီးဖြစ်သည်။

အဆိုပါသင်တန်းကျောင်းများတွင် လာမည့် ဇန်နဝါရီလ(၉)ရက်မှစ၍ ဖေဖော်ဝါ ရီလ(၁၇)ရက်အထိ စက်ချုပ်သင်တန်း အပါအဝင် လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်တန်းများကို ဘဏ္ဍာရေးတစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခုဖြင့် သင်ကြားနေပြီး အပတ်စဉ် တစ်ခုလျှင် ရက်သတ်တစ်ပတ်(၆)ပတ်ကြာ သင်ကြားပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဇန်နဝါရီလ(၉)ရက်တွင် ဖွင့်လှစ်မည့် သင်တန်းသည် ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း (၇)ကြိမ်မြောက်ဖွင့်လှစ်မည့် သင်တန်းဖြစ်ပြီး ဖေဖော်ဝါရီလ(၁၇)ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်တို့ရှိ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းများတွင် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

zawgyi version
ၿမိဳ႕ႀကီး(၁ဝ)ၿမိဳ႕ရွိ အိမ္တြင္းမႈသက္ေမြးပညာသင္ေက်ာင္းမ်ားတြင္ သက္ေမြးသင္တန္း (၅)ခုသင္ၾကားေပးမည္
ယြန္း (NP News) - ဇန္နဝါရီ ၇

ၿမိဳ႕ႀကီး(၁ဝ)ၿမိဳ႕ရွိ အိမ္တြင္းမႈသက္ေမြးပညာသင္ေက်ာင္းမ်ားတြင္ ဇန္နဝါရီလ (၉)ရက္မွစ၍ စက္ခ်ဳပ္သင္တန္း အပါအဝင္ သင္တန္း(၅)ခုကို ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ ထမ္းဦးစီးဌာနမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၆)ရက္က အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ ရန္ကုန္ အပါအဝင္ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ငူ၊ ျမစ္ႀကီးနား၊ ဖ်ာပုံ၊ စစ္ေတြ၊ ႐ြာငံႏွင့္ ထားဝယ္ၿမိဳ႕တို႔တြင္ အိမ္တြင္းမႈသက္ေမြးပညာသင္ေက်ာင္းမ်ာအား ဖြင့္လွစ္ထားၿပီးျဖစ္သည္။

အဆိုပါသင္တန္းေက်ာင္းမ်ားတြင္ လာမည့္ ဇန္နဝါရီလ(၉)ရက္မွစ၍ ေဖေဖာ္ဝါ ရီလ(၁၇)ရက္အထိ စက္ခ်ဳပ္သင္တန္း အပါအဝင္ လက္မႈသင္တန္း၊ မုန႔္မ်ိဳးစုံျပဳလုပ္နည္းသင္တန္း၊ အစားအစာခ်က္ျပဳတ္နည္းသင္တန္းႏွင့္ ပန္းအလွျပင္သင္တန္းတို႔ကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သင္တန္းမ်ားကို ဘ႑ာေရးတစ္ႏွစ္လွ်င္ သင္တန္းအပတ္စဥ္(၈)ခုျဖင့္ သင္ၾကားေနၿပီး အပတ္စဥ္ တစ္ခုလွ်င္ ရက္သတ္တစ္ပတ္(၆)ပတ္ၾကာ သင္ၾကားေပးလ်က္ရွိေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

ဇန္နဝါရီလ(၉)ရက္တြင္ ဖြင့္လွစ္မည့္ သင္တန္းသည္ ၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္အတြင္း (၇)ႀကိမ္ေျမာက္ဖြင့္လွစ္မည့္ သင္တန္းျဖစ္ၿပီး ေဖေဖာ္ဝါရီလ(၁၇)ရက္အထိ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္ႏွင့္ ပုသိမ္တို႔ရွိ အိမ္တြင္းမႈသက္ေမြးပညာသင္ေက်ာင္းမ်ားတြင္ စေနႏွင့္ တနဂၤေႏြေန႔မ်ားတြင္လည္း အထူးသင္တန္းမ်ား ဖြင့္လွစ္သင္ၾကားလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.