ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲနိုင်ရေး ဦးစားပေးဆောင်ရွက်နေဟု ဗဟိုဘဏ်ပြော

 699

ယွန်း (NP News) - ဇန်နဝါရီ ၇

ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲနိုင်ရေး အပါအဝင် ငွေသားသုံးစွဲမှု လျှော့ချရေးနှင့် ငွေကြေးတည်ငြိမ်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်)မှစ၍ နေပြည်တော်တွင်လည်း ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးဖြင့် အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သော ဒီဂျစ်တယ်ပေးချေမှုစနစ်ကို ပြည်သူများ သိရှိအသုံးပြုမှုများလာစေရန်နှင့် ငွေသားသုံးစွဲမှုလျှော့ချနိုင်ရေးကို အစဉ်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် လွတ်လပ်ရေးနေ့(ဇန်နဝါရီ ၄ရက်)တွင် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာအသုံးပြုလာနိုင်ရန်အတွက် နေပြည်တော်ပြည်ထောင်စုနယ် မြေတွင် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့်(၄/၅)နှစ်ခန့်မှစ၍ Online Website များ၊ Facebook လူမှုကွန်ရက်၊ အင်တာနက်သုံးစွဲမှုများ၊ များပြားလာပြီးနောက် Online သုံးစွဲဝယ်ယူရာတွင် အသုံးပြုသည့် Visa Card ၊ Master Card ၊ Paypal Card အစရှိသည်များကိုပါ သုံးစွဲလာသည့်အပြင် အဆိုပါ ကတ်များနှင့်အတူ ချိတ်ဆက်အသုံးပြုနိုင်သည့် Cryptocurrency ဒီဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်သည့် Bitcoin ကိုပါ မြန်မာနိုင်ငံတွင် လူသိများလာခဲ့သည်ကိုတွေ့ရသည်။

zawgyi version






Related news

© 2021. All rights reserved.