ထိုင်းနိုင်ငံထဲကိုတရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ မြန်မာလုပ်သား (၃ဝ)နီးပါးနှင့်လူမှောင်ခိုသမားတွေကို ထိုင်းအာဏာပိုင်များ ဖမ်ဆီး

 575

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၇

ထိုင်းအာဏာပိုင်များဟာ ဇန်နဝါရီလ ၆ ရက်၊ ညပိုင်းမှာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၉)ဦးနဲ့ ပို့ဆောင်ပေးသူ(၄)ဦးတို့ကို Bang Klam ဒေသမှာဖမ်းဆီးခဲ့ကြောင်း ထိုင်းဘန်ကောက်ပိုစ့် သတင်းကဖော်ပြထားပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့ အာဏာပိုင်များဟာ Bang Klam ဒေသရှိ‌ ရော်ဘာ စိုက်ခင်းအတွင်းမှာ အဖြူရောင်ဗင်ကားတစ်စီးရောက်ရှိနေတယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် စုံစမ်းရှာဖွေခဲ့ရာ ၎င်းတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။ လူမှောင်ခိုသမား(၄)ဦးမှာ ထိုင်းနိုင်ငံသားသုံးဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ဖြစ် ကြောင်း ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

စုံစမ်းစစ်ဆေးမှုများအရမြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာတဲ့ ဗင်ကားဟာ Prachuap Khiri Khan နယ်စပ်ဒေသကနေ Bang Klam ဒေသကို တရားမဝင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး နောက်ထပ်လူမှောင်ခိုကူးသူအုပ်စုက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နာရက်တီဝက်ဒေသကို ထပ်မံခေါ်ဆောင်သွားမှာဖြစ်ကြောင်း
ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကဆိုပါတယ်။ ထိုင်းအာဏာပိုင်များဟာ ထိုင်းနိုင်ငံထဲကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားမဝင်ရောက်ရှိနေတဲ့သတင်းနဲ့ လူမှောင်ခိုကူးသူများရဲ့ သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ရော်ဘာစိုက်ခင်းထဲ ဗင်ကားကို လိုက်လံရှာဖွေခဲ့ကြောင်းဆိုပါတယ်။

ထိုင်းလူမှောင်ခိုကူးသူသုံးဦးက အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားများကို Prachuap Khiri Khan ဒေသကနေ Bang Klam ဒေသထံပို့ဆောင်ပေးဖို့တစ်ဦးကိုဘတ် ၃ဝဝဝ နဲ့ ငှားရမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခံထားပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားခေါ်ဆောင်လာတဲ့ ဗင်ကားမှာ အမြန်လမ်းဌာနတံဆိပ်တပ်ဆင်ထားပေမယ့် အမြန်လမ်းဌာနကပိုင်ဆိုင်တဲ့ကားမဟုတ်ကြောင်း ထိုင်းလူမှောင်ခိုသမား သုံးဦးကပြောပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူတွေဟာ စုံစမ်းစစ်ဆေးမှုတွေထပ်မံလုပ် ဆောင်ဖို့ အဆိုပါဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့ လူမှောင်ခိုသမားတွေကို Bang Klam ရဲစခန်းကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံထဲကိုတရားမဝင် ဝင်ရောက်မှုနဲ့စွဲချက်တင်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖွယ်ရှိနေကြောင်း သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံထဲကိုတရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းခဲ့တဲ့ ျမန္မာလုပ္သား (၃ဝ)နီးပါးႏွင့္လူေမွာင္ခိုသမားေတြကို ထိုင္းအာဏာပိုင္မ်ား ဖမ္ဆီး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၇

ထိုင္းအာဏာပိုင္မ်ားဟာ ဇန္နဝါရီလ ၆ ရက္၊ ညပိုင္းမွာ ထိုင္းႏိုင္ငံအတြင္းကို တရားမဝင္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား (၂၉)ဦးနဲ႔ ပို႔ေဆာင္ေပးသူ(၄)ဦးတို႔ကို Bang Klam ေဒသမွာဖမ္းဆီးခဲ့ေၾကာင္း ထိုင္းဘန္ေကာက္ပိုစ့္ သတင္းကေဖာ္ျပထားပါတယ္။

ထိုင္းလူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ အာဏာပိုင္မ်ားဟာ Bang Klam ေဒသရွိ‌ ေရာ္ဘာ စိုက္ခင္းအတြင္းမွာ အျဖဴေရာင္ဗင္ကားတစ္စီးေရာက္ရွိေနတယ္ဆိုတဲ့သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ စုံစမ္းရွာေဖြခဲ့ရာ ၎တို႔ကိုဖမ္းဆီးရမိခဲ့ေၾကာင္း ဆိုပါတယ္။ လူေမွာင္ခိုသမား(၄)ဦးမွာ ထိုင္းႏိုင္ငံသားသုံးဦးနဲ႔ ျမန္မာႏိုင္ငံသားတစ္ဦးတို႔ျဖစ္ ေၾကာင္း ထိုင္းအာဏာပိုင္ေတြကေျပာပါတယ္။

စုံစမ္းစစ္ေဆးမႈမ်ားအရျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား လိုက္ပါလာတဲ့ ဗင္ကားဟာ Prachuap Khiri Khan နယ္စပ္ေဒသကေန Bang Klam ေဒသကို တရားမဝင္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ၿပီး ေနာက္ထပ္လူေမွာင္ခိုကူးသူအုပ္စုက ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို နာရက္တီဝက္ေဒသကို ထပ္မံေခၚေဆာင္သြားမွာျဖစ္ေၾကာင္း
ထိုင္း လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ကဆိုပါတယ္။ ထိုင္းအာဏာပိုင္မ်ားဟာ ထိုင္းႏိုင္ငံထဲကို ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား တရားမဝင္ေရာက္ရွိေနတဲ့သတင္းနဲ႔ လူေမွာင္ခိုကူးသူမ်ားရဲ႕ သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ ေရာ္ဘာစိုက္ခင္းထဲ ဗင္ကားကို လိုက္လံရွာေဖြခဲ့ေၾကာင္းဆိုပါတယ္။

ထိုင္းလူေမွာင္ခိုကူးသူသုံးဦးက အဆိုပါျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို Prachuap Khiri Khan ေဒသကေန Bang Klam ေဒသထံပို႔ေဆာင္ေပးဖို႔တစ္ဦးကိုဘတ္ ၃ဝဝဝ နဲ႔ ငွားရမ္းခံရျခင္းျဖစ္ေၾကာင္း ဝန္ခံထားပါတယ္။ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေခၚေဆာင္လာတဲ့ ဗင္ကားမွာ အျမန္လမ္းဌာနတံဆိပ္တပ္ဆင္ထားေပမယ့္ အျမန္လမ္းဌာနကပိုင္ဆိုင္တဲ့ကားမဟုတ္ေၾကာင္း ထိုင္းလူေမွာင္ခိုသမား သုံးဦးကေျပာပါတယ္။

ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာနတာဝန္ရွိသူေတြဟာ စုံစမ္းစစ္ေဆးမႈေတြထပ္မံလုပ္ ေဆာင္ဖို႔ အဆိုပါဖမ္းဆီးရမိတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားနဲ႔ လူေမွာင္ခိုသမားေတြကို Bang Klam ရဲစခန္းကိုလႊဲေျပာင္းေပးခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္းႏိုင္ငံထဲကိုတရားမဝင္ ဝင္ေရာက္မႈနဲ႔စြဲခ်က္တင္ၿပီး ျမန္မာႏိုင္ငံကို ျပန္ပို႔ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Picture

U Myint Thein

07/01/2023 19:29

ထိုင်း လဝက တွေအလုပ်နေသလို မြန်မာ လဝက တွေအတုယူသင့်။ဘဂ်လီတွေ ခိုးဝင်တွေဟာနိုင်ငံအတွက် အန္တရာယ်ရှိလာနေပြဖိ။ လဝက ဝန်ကြီး အလုပ် တ က ယ်အ လုင့်ပြီ။

Related news

© 2021. All rights reserved.