မြန်မာနိုင်ငံ၏ တတိယမြောက် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း သန်း(၆ဝ)ကျော် ရရှိမည်

 2765

ယွန်း (NP News) - ဇန်နဝါရီ ၇

နှစ်စဉ် လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီပေါင်းသန်း(၆ဝ)ကျော် ရရှိနိုင်မည့် နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မကွေးတိုင်း၊ ပွင့်ဖြူမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှလျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်ဓာတ်အားလွှတ်မှု အောင်မြင်ခြင်းအခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ(၅)ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာဒေသများတွင် လျှပ်စစ်ဓာတ်အား လိုအပ်သည့် ပြဿနာကို ထိရောက်စွာဖြေရှင်းပေးနိုင်ပြီး ဒေသတွင်း လူမှုစီးပွားတိုးတက်မှုကို မြှင့်တင်ပေးနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai ကဆိုသည်။

အလားတူ လျှပ်စစ်ဓာတ်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပြီး တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်းလူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာမြှင့်တင်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ်ကဖွင့်လှစ်ခဲ့ပြီးဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစီမံကိန်းဖြစ်သည့် သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂ဝ၂၂ ခုနှစ်တွင်စတင်ဖွင့် လှစ်ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုး အစားဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅)ခုကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းသိရ သည်။

zawgyi version
ျမန္မာႏိုင္ငံ၏ တတိယေျမာက္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစီမံကိန္းမွ ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီေပါင္း သန္း(၆ဝ)ေက်ာ္ ရရွိမည္
ယြန္း (NP News) - ဇန္နဝါရီ ၇

ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အားကီလိုဝပ္နာရီေပါင္းသန္း(၆ဝ)ေက်ာ္ ရရွိႏိုင္မည့္ ေန ေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကို မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕တြင္ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ႀကီးအုံႀကီးဝ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမွလွ်ပ္စစ္ဓာတ္အားလိုင္း ခ်ိတ္ဆက္ဓာတ္အားလႊတ္မႈ ေအာင္ျမင္ျခင္းအခမ္းအနားကို ၿပီးခဲ့သည့္ ဇန္နဝါရီလ(၅)ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့သည္။

ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းသည္ ျမန္မာႏိုင္ငံႏွင့္ သက္ဆိုင္ရာေဒသမ်ားတြင္ လွ်ပ္စစ္ဓာတ္အား လိုအပ္သည့္ ျပႆနာကို ထိေရာက္စြာေျဖရွင္းေပးႏိုင္ၿပီး ေဒသတြင္း လူမႈစီးပြားတိုးတက္မႈကို ျမႇင့္တင္ေပးႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Mr. Chen Hai ကဆိုသည္။

အလားတူ လွ်ပ္စစ္ဓာတ္အားသည္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးၿပီး တ႐ုတ္ကုမၸဏီမ်ားသည္ ျမန္မာႏိုင္ငံ၌ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းမ်ားကို ေဖာ္ေဆာင္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ေျပာသည္။

အဆိုပါ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မႈေၾကာင့္ ေဒသတြင္းလူမႈေရးႏွင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိေရာက္စြာျမႇင့္တင္ႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကို မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္တြင္ ၂ဝ၁၉ ခုႏွစ္ကဖြင့္လွစ္ခဲ့ၿပီးဒုတိယေျမာက္ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစီမံကိန္းျဖစ္သည့္ သေျပဝေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံစီမံကိန္းကို ၂ဝ၂၂ ခုႏွစ္တြင္စတင္ဖြင့္ လွစ္ခဲ့သည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC) က ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ အမ်ိဳး အစားျဖစ္သည့္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈလုပ္ငန္း (၅)ခုကို ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္က လုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္းသိရ သည္။

Picture

U Myint Thein

07/01/2023 19:13

Very good

Related news

© 2021. All rights reserved.