“ဝ”အဖွဲ့ UWSP အပါအဝင်(၃)ဖွဲ့နှင့် နစကတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ရရှိခဲ့သော သဘောတူညီချက်များကို နှစ်ဖက်လက်မှတ်ရေးထိုး

 745

မျိုးကြီး (NP News) - ဇန်နဝါရီ ၈

“ဝ” အဖွဲ့ UWSP အပါအဝင်(၃)ဖွဲ့ နှင့် နစကတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ရရှိခဲ့သော သဘောတူညီ ချက်များကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP လက်နက်ကိုင်(၃)ဖွဲ့တို့သည် နေပြည်တော်၌ ဇန်နဝါရီ ၅ ရက် မှ ၇ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ (၃) ရက်တာ ကာလအတွင်း ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက် သဘောထားများကို ထပ်မံဆွေးနွေးခဲ့ကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၎င်းဆွေးနွေးပွဲအတွင်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နစကမှ ထုတ်ပြန်ထားသော် လည်း လက်မှတ်ထိုးခဲ့သောအချက်အလက်များကို တိတိကျကျထုတ်ပြန်ခြင်းမျိုး မတွေ့ရပေ။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယ ဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်တို့က တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နစက၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ သဘောတူထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) က လည်း နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ကြောင်း နစကကို အသိပေးထားသည်။

နစကအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ အဖွဲ့(၁ဝ) ဖွဲ့က တက်ရောက်ဆွေးနွေးလျက်ရှိသလို တပ်မတော်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ရှိနေသည်ကို တွေ့ရသည်။

“ဝ”အဖြဲ႕ UWSP အပါအဝင္(၃)ဖြဲ႕ႏွင့္ နစကတို႔အၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြင္း ရရွိခဲ့ေသာ သေဘာတူညီခ်က္မ်ားကို ႏွစ္ဖက္လက္မွတ္ေရးထိုး
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၈

“ဝ” အဖြဲ႕ UWSP အပါအဝင္(၃)ဖြဲ႕ ႏွင့္ နစကတို႔အၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြင္း ရရွိခဲ့ေသာ သေဘာတူညီ ခ်က္မ်ားကို ႏွစ္ဖက္လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္ UWSP၊ NDAA၊ SSPP လက္နက္ကိုင္(၃)ဖြဲ႕တို႔သည္ ေနျပည္ေတာ္၌ ဇန္နဝါရီ ၅ ရက္ မွ ၇ ရက္အထိ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရ သည္။

ထိုသို႔ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးပြဲ (၃) ရက္တာ ကာလအတြင္း ေဆြးေႏြးညႇိႏႈိင္းခ်က္မ်ားအရ ႏွစ္ဖက္ သေဘာထားမ်ားကို ထပ္မံေဆြးေႏြးခဲ့ၾကၿပီး အၿပီးသတ္ရရွိလာသည့္ သေဘာတူညီခ်က္မ်ားကို အတည္ျပဳ လက္မွတ္ေရးထိုးကာ အျပန္အလွန္လဲလွယ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၎ေဆြးေႏြးပြဲအတြင္း သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ၾကသည္ဟု နစကမွ ထုတ္ျပန္ထားေသာ္ လည္း လက္မွတ္ထိုးခဲ့ေသာအခ်က္အလက္မ်ားကို တိတိက်က်ထုတ္ျပန္ျခင္းမ်ိဳး မေတြ႕ရေပ။

အဆိုပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)မွ ဒုတိယဥကၠ႒ဦးေလာ့ယာကု၊ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ (NDAA) မွ ဒုတိယဥကၠ႒ ဦးစန္ေပ့၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) မွ ဒုတိယ ဥကၠ႒ (၂) စဝ္ခြန္ဆိုင္တို႔က တက္ေရာက္ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

နစက၏ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ကို အေျခခံသည့္ ျပည္ေထာင္စုစနစ္တည္ေဆာက္ေရးကို “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP) မွ သေဘာတူထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားအတြင္း အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ (NDAA) ကလည္း ႏိုင္ငံေတာ္မွ ခြဲထြက္မည္မဟုတ္ေၾကာင္း နစကကို အသိေပးထားသည္။

နစကအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးရန္ ဖိတ္ေခၚခဲ့ရာ အဖြဲ႕(၁ဝ) ဖြဲ႕က တက္ေရာက္ေဆြးေႏြးလ်က္ရွိသလို တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားလည္း ရွိေနသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.