အင်းလေး PDF ခေါင်းဆောင် အပါအဝင် (၆)ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး (၈)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ဟု နစက ထုတ်ပြန်

 1823

NP News - ဇန်နဝါရီ ၈

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားသော အင်းလေး PDF ခေါင်းဆောင် အပါအဝင် (၆)ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး (၈)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီ(၇)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အင်းလေးဒေသတွင် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စီစဉ်ထားသည့် အကြမ်းဖက်အဖွဲ့များအား ကူညီပေးနေသည့် ညောင်ရွှေမြို့ နယ်၊ အင်းတိန်ကျေးရွာရှိ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝနအား ပြီးခဲ့သည့် ဒီဇင်ဘာ(၂၇)ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဥူးဇဝန၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ(၂၉)ရက် နေ့လည်ပိုင်းတွင် ၎င်းနှင့်အတူ PDF များကို ကူညီပေးနေသည့် ကိုသန်းဇော်ဋ္ဌေးအား ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့နောက် ညနေပိုင်းတွင် ရှမ်းပြည်(တောင်ပိုင်း) PDF အဖွဲ့ခေါင်းဆောင် ကိုဇော်ဇော်အောင်နှင့် အဖွဲ့ဝင် ကိုအိုက်ရွန်တို့ (၂)ဦးအား ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ရပ်ကွက်(၅)ရှိ “နန္ဒဝန်” စားသောက်ဆိုင်တွင် ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည် အတောင့်(၅ဝ)၊ လက်ပစ်ဗုံး(၂)လုံး၊ စကားပြောစက်(၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကိုဇော်ဇော်အောင်၏ထွက်ဆိုချက်အရ ဒီဇင်ဘာ(၃၁)ရက် ညနေပိုင်းတွင် PDFများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏သတင်းများကို ပေးပို့ခဲ့သည့် မတင်တင်ညိုအား တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်(၂၁၉/ခ)ရှိ နေအိမ်တွင်လည်းကောင်း၊ အကြမ်းဖက်များအား ငွေကြေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီပေးနေသည့် ကိုမင်းမင်းဦးအား တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်ရှိ အမှတ်(၅၉၁) နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဆက်လက်၍ ကိုဇော်ဇော်အောင်၏ ထွက်ဆိုချက်အရ ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းတွင် အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းနေသည့် ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာနှင့် တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ တောတွင်းအရောက်တွင် PDF အင်အား(၂ဝ)ဦးခန့်က လုံခြုံရေးအဖွဲ့များအား လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး၊ ဖြစ်စဉ်တွင် PDF အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကိုဖိုးခွား အပါအဝင် အကြမ်းဖက် အမျိုးသား(၅)ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါဖြစ်စဉ်မှ AK-47 သေနတ်(၁)လက်၊ M-4 သေနတ်(၁)လက်၊ MF-12 သေနတ်(၁)လက်၊ ကာဘိုင်(၁)လက်၊ လက်လုပ်သေနတ် (၇)လက်၊ (၄ဝ)မမ ဗုံးသီး (၁ဝ)လုံး၊ လက်ပစ်ဗုံး(၂၃)လုံး၊ နင်းမိုင်း(၉)လုံး၊ ကျည်မျိုးစုံ(၂၄၁၄)တောင့်၊ ကျည်အိမ်မျိုးစုံ(၂၅)ခု၊ Drone (၁) စင်း၊ စကားပြောစက် (၄)လုံး၊ မြေပုံ(၇)ရွက်၊ ပြောက်ကျားယူနီဖောင်း(၈)စုံ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆက်လက် ဆောင်ရွက်စဉ် ဇန်နဝါရီ(၄)ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ နယ်၊ ကံရွာကျေးရွာအနီး၌ ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် PDF အဖွဲ့ဝင်များဖြစ်သော ကိုဇောမျိုးအောင်၊ ကိုဇွဲညီထွန်းတို့ (၂)ဦးအပြင် ကိုကတုံး(သေဆုံး)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး အပါအဝင် စုစုပေါင်း (၈)ဦးနှင့် အသေဖမ်းဆီးရမိသူ (၆)ဦးအား လက်နက်မျိုးစုံ (၁၂)လက်၊ (၄ဝ)မမ ဗုံးသီး (၁ဝ)လုံး၊ လက်ပစ်ဗုံး(၂၃)လုံး၊ နင်းမိုင်း(၉)လုံး၊ ကျည်မျိုးစုံ(၂၄၁၄)တောင့်၊ ကျည်အိမ်မျိုးစုံ (၂၅)ခုနှင့် Drone (၁)စင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ ဇန်နဝါရီ(၁)ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ လုံခြုံရေးစခန်းများ၊ ပေါင်းပိန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် အားဝင်ရောက်တိုက်ခိုက်ပြီး ဘုရားဖူးစည်းကားသည့် ဖောင်တော်ဦးဘုရားဝန်းကျင်တွင် ဖောက်ခွဲမှုများဆောင်ရွက်ရန် စီစဉ်ထားကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
အင္းေလး PDF ေခါင္းေဆာင္ အပါအဝင္ (၆)ဦးကို အေသဖမ္းဆီးရမိခဲ့ၿပီး (၈)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ဟု နစက ထုတ္ျပန္

NP News - ဇန္နဝါရီ ၈

ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသတြင္ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ထားေသာ အင္းေလး PDF ေခါင္းေဆာင္ အပါအဝင္ (၆)ဦးကို အေသဖမ္းဆီးရမိခဲ့ၿပီး (၈)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီ(၇)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အင္းေလးေဒသတြင္ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္႐ြက္ရန္ စီစဥ္ထားသည့္ အၾကမ္းဖက္အဖြဲ႕မ်ားအား ကူညီေပးေနသည့္ ေညာင္ေ႐ႊၿမိဳ႕ နယ္၊ အင္းတိန္ေက်း႐ြာရွိ အင္းတိန္ေညာင္အုပ္ေက်ာင္းတိုက္မွ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးဇဝနအား ၿပီးခဲ့သည့္ ဒီဇင္ဘာ(၂၇)ရက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဥဴးဇဝန၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာ(၂၉)ရက္ ေန႔လည္ပိုင္းတြင္ ၎ႏွင့္အတူ PDF မ်ားကို ကူညီေပးေနသည့္ ကိုသန္းေဇာ္ေ႒းအား ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕ရွိ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေနာက္ ညေနပိုင္းတြင္ ရွမ္းျပည္(ေတာင္ပိုင္း) PDF အဖြဲ႕ေခါင္းေဆာင္ ကိုေဇာ္ေဇာ္ေအာင္ႏွင့္ အဖြဲ႕ဝင္ ကိုအိုက္႐ြန္တို႔ (၂)ဦးအား ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕နယ္၊ ရပ္ကြက္(၅)ရွိ “နႏၵဝန္” စားေသာက္ဆိုင္တြင္ ပစၥတို(၁)လက္၊ က်ည္အိမ္(၁)ခု၊ က်ည္ အေတာင့္(၅ဝ)၊ လက္ပစ္ဗုံး(၂)လုံး၊ စကားေျပာစက္(၁)လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ ကိုေဇာ္ေဇာ္ေအာင္၏ထြက္ဆိုခ်က္အရ ဒီဇင္ဘာ(၃၁)ရက္ ညေနပိုင္းတြင္ PDFမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏သတင္းမ်ားကို ေပးပို႔ခဲ့သည့္ မတင္တင္ညိဳအား ေတာင္ႀကီးၿမိဳ႕၊ မဂၤလာဦးရပ္ကြက္၊ အမွတ္(၂၁၉/ခ)ရွိ ေနအိမ္တြင္လည္းေကာင္း၊ အၾကမ္းဖက္မ်ားအား ေငြေၾကးႏွင့္ ေထာက္ပံ့ေရးလုပ္ငန္းမ်ားတြင္ ကူညီေပးေနသည့္ ကိုမင္းမင္းဦးအား ေတာင္ႀကီးၿမိဳ႕၊ ေညာင္ျဖဴစခန္း ရပ္ကြက္ရွိ အမွတ္(၅၉၁) ေနအိမ္တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဆက္လက္၍ ကိုေဇာ္ေဇာ္ေအာင္၏ ထြက္ဆိုခ်က္အရ ဇန္နဝါရီ(၃)ရက္ ေန႔လည္ပိုင္းတြင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ား ခိုေအာင္းေနသည့္ ေညာင္ေ႐ႊၿမိဳ႕နယ္၊ လုံကန္ေက်း႐ြာ၊ ေတာင္တိုေက်း႐ြာႏွင့္ ေတာင္ျခားျပင္ေက်း႐ြာအနီးတစ္ဝိုက္၌ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ ေတာတြင္းအေရာက္တြင္ PDF အင္အား(၂ဝ)ဦးခန႔္က လုံၿခဳံေရးအဖြဲ႕မ်ားအား လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးအဖြဲ႕မွ ျပန္လည္ပစ္ခတ္ခဲ့ရာ အၾကမ္းဖက္မ်ား အေနာက္ဘက္သို႔ ဆုတ္ခြာသြားခဲ့ၿပီး၊ ျဖစ္စဥ္တြင္ PDF အဖြဲ႕မွ ေခါင္းေဆာင္ျဖစ္သူ ကိုဖိုးခြား အပါအဝင္ အၾကမ္းဖက္ အမ်ိဳးသား(၅)ဦးကို အေသဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အထက္ပါျဖစ္စဥ္မွ AK-47 ေသနတ္(၁)လက္၊ M-4 ေသနတ္(၁)လက္၊ MF-12 ေသနတ္(၁)လက္၊ ကာဘိုင္(၁)လက္၊ လက္လုပ္ေသနတ္ (၇)လက္၊ (၄ဝ)မမ ဗုံးသီး (၁ဝ)လုံး၊ လက္ပစ္ဗုံး(၂၃)လုံး၊ နင္းမိုင္း(၉)လုံး၊ က်ည္မ်ိဳးစုံ(၂၄၁၄)ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ(၂၅)ခု၊ Drone (၁) စင္း၊ စကားေျပာစက္ (၄)လုံး၊ ေျမပုံ(၇)႐ြက္၊ ေျပာက္က်ားယူနီေဖာင္း(၈)စုံ၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွ နယ္ေျမရွင္းလင္းေရးဆက္လက္ ေဆာင္႐ြက္စဥ္ ဇန္နဝါရီ(၄)ရက္ နံနက္ပိုင္းတြင္ ေညာင္ေ႐ႊၿမိဳ႕ နယ္၊ ကံ႐ြာေက်း႐ြာအနီး၌ ပစ္ခတ္မႈတြင္ ပါဝင္ခဲ့သည့္ PDF အဖြဲ႕ဝင္မ်ားျဖစ္ေသာ ကိုေဇာမ်ိဳးေအာင္၊ ကိုဇြဲညီထြန္းတို႔ (၂)ဦးအျပင္ ကိုကတုံး(ေသဆုံး)တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ ဖမ္းဆီးရမိခဲ့သူ အမ်ိဳးသား(၇)ဦး၊ အမ်ိဳးသမီး(၁)ဦး အပါအဝင္ စုစုေပါင္း (၈)ဦးႏွင့္ အေသဖမ္းဆီးရမိသူ (၆)ဦးအား လက္နက္မ်ိဳးစုံ (၁၂)လက္၊ (၄ဝ)မမ ဗုံးသီး (၁ဝ)လုံး၊ လက္ပစ္ဗုံး(၂၃)လုံး၊ နင္းမိုင္း(၉)လုံး၊ က်ည္မ်ိဳးစုံ(၂၄၁၄)ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ (၂၅)ခုႏွင့္ Drone (၁)စင္းတို႔ႏွင့္အတူ သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၎တို႔၏ ထြက္ဆိုခ်က္မ်ားအရ ဇန္နဝါရီ(၁)ရက္ေန႔ နံနက္ပိုင္းတြင္ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းတိန္ေက်း႐ြာရွိ လုံၿခဳံေရးစခန္းမ်ား၊ ေပါင္းပိန္းေက်း႐ြာရွိ ပူးေပါင္းစစ္ေဆးေရးဂိတ္ အားဝင္ေရာက္တိုက္ခိုက္ၿပီး ဘုရားဖူးစည္းကားသည့္ ေဖာင္ေတာ္ဦးဘုရားဝန္းက်င္တြင္ ေဖာက္ခြဲမႈမ်ားေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.