လာမယ့်ရက်ပိုင်းအတွင်း ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ဘရာဇီးတိုက်ခိုက်ရေးသမားကို အလဲထိုးအနိုင်ယူပြမယ်လို့ အောင်လအန်ဆန် ကြုံးဝါး

 465

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂

မြန်မာ့စပါးအုံးမြွေလို့ ချစ်စနိုး အခေါ်ဆိုခံရတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ လာမယ့်ရက်ပိုင်း အတွင်း ယှဉ်ပြိုင်မယ့် ONE Championship ပွဲစဉ်မှာ ဂီလ်ဘတ် ဂယ်ဗာအိုကို အလဲထိုးအနိုင်ရယူသွားဖို့ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ်။

ချန်ပီယံဟောင်း အောင်လအန်ဆန်ဟာ ဇန်နဝါရီ ၁၄ ရက်မှာ ဘန်ကောက်မြို့အတွင်း ကျင်းပမယ့် ONE Fight Night Night 6 ပွဲစဉ်မှာ ဘရာဇီးတိုက်ခိုက်ရေးသမား ဂယ်ဗာအိုနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အောင်လအန်ဆန်က လာမယ့်ပွဲစဉ်မှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်သလို ပြိုင်ဘက်ကို အလျင် အမြန်ဆုံးအလဲထိုး အနိုင်ရယူအောင်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အောင်လအန်ဆန်က "ကျွန်တော်ရဲ့ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူနိုင်ဖို့ အမြဲတမ်း ကြိုးစားခဲ့တယ်။ ကျွန်တော်ဟာ ပြိုင်ဘက်တွေကို အလဲထိုးအနိုင်ယူဖို့ အမြဲတမ်းလိုလာသူဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကစားသမားကို အလဲထိုး အနိုင်ယူနိုင်အောင် အပြင်းထန်ကြိုးစားခဲ့တယ်" လို့ ပြောပါတယ်။

အောင်လအန်ဆန်ဟာ လာမယ့်ပွဲစဉ်မှာ ဂယ်ဗာအိုနဲ့ catchweight ဝိတ်တန်းပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း၊ သိရပါတယ်။

အောင်လအန်ဆန်က "ဂယ်ဗာအိုဟာ မစ်ဒယ်ဝိတ်တန်းမှာ တစ်ခါမှ မယှဉ်ပြိုင်ခဲ့ဘူး။ ဒါကြောင့် catch weight ဝိတ်တန်းပွဲစဉ်အတွက် ဂယ်ဗာအိုနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါ" လို့ပြောပါတယ်။
Catch weight ဝိတ်တန်းပွဲစဉ်မှာ ကစားသမားတစ်ဦးဟာ အနည်းဆုံး ခန္ဒာကိုယ်အလေးချိန်ပေါင် ၂၁၅ ပေါင် ရှိရ မှာဖြစ်တယ်လို့ သိရပါတယ်။ အောင်လအန်ဆန်ဟာ တရုတ်တိုက်ခိုက်ရေးသမား ဖန်ရောင်နဲ့ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ ပေမယ့် ဖန်ရောင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် ဖန်ရောင်နဲ့ အောင်လအန်ဆန်တို့ ယှဉ်ပြိုင်မယ့်ပွဲစဉ် ကို ပယ်ဖျက်ပြီး အောင်လအန်ဆန်ကို ဂယ်ဗာအိုနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
လာမယ့္ရက္ပိုင္းအတြင္း ယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာ ဘရာဇီးတိုက္ခိုက္ေရးသမားကို အလဲထိုးအႏိုင္ယူျပမယ္လို႔ ေအာင္လအန္ဆန္ ႀကဳံးဝါး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂

ျမန္မာ့စပါးအုံးေႁမြလို႔ ခ်စ္စႏိုး အေခၚဆိုခံရတဲ့ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ လာမယ့္ရက္ပိုင္း အတြင္း ယွဥ္ၿပိဳင္မယ့္ ONE Championship ပြဲစဥ္မွာ ဂီလ္ဘတ္ ဂယ္ဗာအိုကို အလဲထိုးအႏိုင္ရယူသြားဖို႔ ပစ္မွတ္ ထားေနတယ္လို႔ သိရပါတယ္။

ခ်န္ပီယံေဟာင္း ေအာင္လအန္ဆန္ဟာ ဇန္နဝါရီ ၁၄ ရက္မွာ ဘန္ေကာက္ၿမိဳ႕အတြင္း က်င္းပမယ့္ ONE Fight Night Night 6 ပြဲစဥ္မွာ ဘရာဇီးတိုက္ခိုက္ေရးသမား ဂယ္ဗာအိုနဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ေအာင္လအန္ဆန္က လာမယ့္ပြဲစဥ္မွာ ရလဒ္ေကာင္းေတြရယူႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္သလို ၿပိဳင္ဘက္ကို အလ်င္ အျမန္ဆုံးအလဲထိုး အႏိုင္ရယူေအာင္ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ေအာင္လအန္ဆန္က "ကြၽန္ေတာ္ရဲ႕ပြဲစဥ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္ဟာ ၿပိဳင္ဘက္ကို အလဲထိုးအႏိုင္ယူႏိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားခဲ့တယ္။ ကြၽန္ေတာ္ဟာ ၿပိဳင္ဘက္ေတြကို အလဲထိုးအႏိုင္ယူဖို႔ အၿမဲတမ္းလိုလာသူျဖစ္ပါတယ္။ ဒါေၾကာင့္ ၿပိဳင္ဘက္ကစားသမားကို အလဲထိုး အႏိုင္ယူႏိုင္ေအာင္ အျပင္းထန္ႀကိဳးစားခဲ့တယ္" လို႔ ေျပာပါတယ္။

ေအာင္လအန္ဆန္ဟာ လာမယ့္ပြဲစဥ္မွာ ဂယ္ဗာအိုနဲ႔ catchweight ဝိတ္တန္းပြဲစဥ္ကို ယွဥ္ၿပိဳင္ရမွာျဖစ္ေၾကာင္း၊ သိရပါတယ္။

ေအာင္လအန္ဆန္က "ဂယ္ဗာအိုဟာ မစ္ဒယ္ဝိတ္တန္းမွာ တစ္ခါမွ မယွဥ္ၿပိဳင္ခဲ့ဘူး။ ဒါေၾကာင့္ catch weight ဝိတ္တန္းပြဲစဥ္အတြက္ ဂယ္ဗာအိုနဲ႔ ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့တာပါ" လို႔ေျပာပါတယ္။
Catch weight ဝိတ္တန္းပြဲစဥ္မွာ ကစားသမားတစ္ဦးဟာ အနည္းဆုံး ခႏၵာကိုယ္အေလးခ်ိန္ေပါင္ ၂၁၅ ေပါင္ ရွိရ မွာျဖစ္တယ္လို႔ သိရပါတယ္။ ေအာင္လအန္ဆန္ဟာ တ႐ုတ္တိုက္ခိုက္ေရးသမား ဖန္ေရာင္နဲ႔ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ ေပမယ့္ ဖန္ေရာင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့အတြက္ ဖန္ေရာင္နဲ႔ ေအာင္လအန္ဆန္တို႔ ယွဥ္ၿပိဳင္မယ့္ပြဲစဥ္ ကို ပယ္ဖ်က္ၿပီး ေအာင္လအန္ဆန္ကို ဂယ္ဗာအိုနဲ႔ ထိုးသတ္ဖို႔ စီစဥ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.