မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုများအတွင်း ဗုံးများ အိန္ဒိယပိုင်နက်အတွင်း ကျရောက်တယ်ဆိုတဲ့သတင်းများကို အိန္ဒိယစစ်ဘက် ငြင်းဆို

 1231

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂

ချင်းလက်နက်ကိုင်အဖွဲ့များကို မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း အိန္ဒိယပိုင်နက် အတွင်းကို ဗုံးများကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဂါဒီးယမ်းသတင်းစာက ဖော်ပြခဲ့ပေမယ့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနနဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်များက အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ပါတယ်။

အိန္ဒိယ စစ်ဘက်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်များက အိန္ဒိယနိုင်ငံပိုင်နက်အတွင်း မြန်မာစစ်တပ်က စစ်ဆင်ရေး လုပ်ဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ မီဇိုရမ်ပြည်နယ် Farkawan ကျေးရွာရဲ့ ရွာသားနှစ်ဦးဟာ အိန္ဒိယ နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက် အိန္ဒိယဘက်ခြမ်းကို ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

Farkawan ကျေးရွာကောင်စီဥက္ကဋ္ဌဖြစ်သူ ရာမာက "ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျွန်တော်တို့နိုင်ငံ ဘက်ခြမ်းရှိ ကုန်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်။ ဗုံးဟာ Tiau မြစ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်" လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယစစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က မြန်မာစစ်တပ်ရဲ့လေကြောင်း တိုက်ခိုက် မှုများကြောင့် အိန္ဒိယဘက်ခြမ်းကို ကျည်ဆံများ ကျရောက်ခဲ့ခြင်းမရှိသလို အိန္ဒိယ ပိုင်နက်အတွင်း ဝင်ရောက်ကာ တိုက်ခိုက်ခဲ့တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အိန္ဒိယနဲ့ မြန်မာနယ်စပ်ရှိ ချင်းလက်နက်ကိုင်အဖွဲ့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာစစ္တပ္ရဲ႕တိုက္ခိုက္မႈမ်ားအတြင္း ဗုံးမ်ား အိႏၵိယပိုင္နက္အတြင္း က်ေရာက္တယ္ဆိုတဲ့သတင္းမ်ားကို အိႏၵိယစစ္ဘက္ ျငင္းဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂

ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားကို ျမန္မာစစ္တပ္က ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခ်ိန္အတြင္း အိႏၵိယပိုင္နက္ အတြင္းကို ဗုံးမ်ားက်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ ၿဗိတိန္အေျခစိုက္ ဂါဒီးယမ္းသတင္းစာက ေဖာ္ျပခဲ့ေပမယ့္ အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔နီးစပ္တဲ့ သတင္းအရင္းျမစ္မ်ားက အဆိုပါသတင္းမ်ားကို ျငင္းဆန္ခဲ့ပါတယ္။

အိႏၵိယ စစ္ဘက္နဲ႔နီးစပ္တဲ့သတင္းအရင္းျမစ္မ်ားက အိႏၵိယႏိုင္ငံပိုင္နက္အတြင္း ျမန္မာစစ္တပ္က စစ္ဆင္ေရး လုပ္ေဆာင္တာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။ မီဇိုရမ္ျပည္နယ္ Farkawan ေက်း႐ြာရဲ႕ ႐ြာသားႏွစ္ဦးဟာ အိႏၵိယ နဲ႔ ျမန္မာနယ္စပ္ေဒသတစ္ေလွ်ာက္ အိႏၵိယဘက္ျခမ္းကို ဗုံးႏွစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ေပမယ့္ ထိခိုက္ဒဏ္ရာရသူ မရွိဘူးလို႔ ဆိုပါတယ္။

Farkawan ေက်း႐ြာေကာင္စီဥကၠ႒ျဖစ္သူ ရာမာက "ဗုံးတစ္လုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံ ဘက္ျခမ္းရွိ ကုန္ကားတစ္စီး ထိခိုက္ပ်က္စီးခဲ့တယ္။ ဗုံးဟာ Tiau ျမစ္အနီးကို က်ေရာက္ေပါက္ကြဲခဲ့တယ္" လို႔ ဆိုပါတယ္။ ဒါေပမယ့္ အိႏၵိယစစ္ဘက္နဲ႔နီးစပ္တဲ့ သတင္းအရင္းအျမစ္က ျမန္မာစစ္တပ္ရဲ႕ေလေၾကာင္း တိုက္ခိုက္ မႈမ်ားေၾကာင့္ အိႏၵိယဘက္ျခမ္းကို က်ည္ဆံမ်ား က်ေရာက္ခဲ့ျခင္းမရွိသလို အိႏၵိယ ပိုင္နက္အတြင္း ဝင္ေရာက္ကာ တိုက္ခိုက္ခဲ့တာမ်ိဳးလည္း မရွိဘူးလို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အိႏၵိယနဲ႔ ျမန္မာနယ္စပ္ရွိ ခ်င္းလက္နက္ကိုင္အဖြဲ႕ကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.