လူဦးရေစာရင်း ကွင်းဆင်းကောက်ယူစဉ် Sniper ဖြင့် ပစ်ခတ်ခံရကာ ရဲဒုတပ်ကြပ် သေဆုံးမှုနှင့် မီးရှို့ဖျက်ဆီးခံရမှု (၇) ကြိမ်အထိရှိလာ

 1164

NP News - ဇန်နဝါရီ ၁၄

လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူစဉ် Sniper ဖြင့် ပစ်ခတ်ခံရကာ ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးမှုနှင့် မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ် (၇)ကြိမ်အထိရှိလာကြောင်း သတင်းရရှိသည်။

လက်ရှိတွင် နစကအနေဖြင့် လူဦးရေစာရင်းများမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး၌ ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူစဉ်အချိန် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၌ ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် Sniper ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Sniper ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲဒုတိယတပ်ကြပ်ဖြစ်သူ ဇင်မင်းသူ သေဆုံးသွားခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ လူဦးရေစာရင်း ကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့ (ဇန်နဝါရီလ ၉ ရက်)တွင်လည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော မောင်းမကန်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သိန်းထိုက်သည် အနီးကပ်ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်အတွင်း M-22 သေနတ်တစ်လက်၊ ကျည် (၅ဝ)၊ ကျည်အိမ် (၂)ခု ဆုံးရှုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထား သည်။

အဆိုပါနေ့၌ပင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်လဝကရုံးတစ်ရုံးကိုလည်း အကြမ်းဖက်အဖွဲ့မှ လူဦးရေ(၂ဝ)ခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရုံးမှတ်တမ်း၊ စာရွက်စာတမ်းများမှာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၁ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မိဂလုံကျေးရွာ၌ လူဦးရေစာရင်းကောက်ယူစဉ်အချိန် KNU/PDF အဖွဲ့များ ရောက်ရှိလာကာ e-ID အိမ်ထောင်စုပုံစံ (၅၂၄)စောင်၊ အိမ်ထောင်စုပုံစံ (၆၀)စောင်နှင့် မသန်စွမ်း ပုံစံ (၅၀)စောင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူသည့် ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း၌ စာရင်း ကောက်ယူစဉ်အချိန် ပစ်ခတ်ခံရမှု၊ ဗုံးဖောက်ခွဲခံရမှုနှင့် နိုင်ငံတော်ပိုင် လဝကရုံး၊ စာရွက် စာတမ်းများ မီးရှို့ဖျက်ဆီးခံရမှုမှာ (၇)ကြိမ်အထိ ရှိခဲ့ကြောင်း နစကမှ ဆိုသည်။

zawgyi version
လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူစဥ္ Sniper ျဖင့္ ပစ္ခတ္ခံရကာ ရဲဒုတပ္ၾကပ္ ေသဆုံးမႈႏွင့္ မီးရႈိ႕ဖ်က္ဆီးခံရမႈ (၇) ႀကိမ္အထိရွိလာ
NP News - ဇန္နဝါရီ ၁၄

လူဦးေရစာရင္း ေျမျပင္ကြင္းဆင္းေကာက္ယူစဥ္ Sniper ျဖင့္ ပစ္ခတ္ခံရကာ ရဲဒုတပ္ၾကပ္တစ္ဦး ေသဆုံးမႈႏွင့္ မီးရႈိ႕ဖ်က္ဆီးခံရမႈျဖစ္စဥ္ (၇)ႀကိမ္အထိရွိလာေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ နစကအေနျဖင့္ လူဦးေရစာရင္းမ်ားမွန္ကန္ေရးအတြက္ ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ားကို တစ္ႏိုင္ငံလုံး၌ ဇန္နဝါရီလ ၉ ရက္မွ စတင္ကာ ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူစဥ္အခ်ိန္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၊ ေဈးေဟာင္းရပ္ကြက္၌ ဇန္နဝါရီလ ၁၃ ရက္၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ Sniper ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Sniper ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ရဲဒုတိယတပ္ၾကပ္ျဖစ္သူ ဇင္မင္းသူ ေသဆုံးသြားခဲ့ေၾကာင္း နစကမွ ဆိုသည္။

အလားတူ လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူသည့္ ပထမဆုံးေန႔ (ဇန္နဝါရီလ ၉ ရက္)တြင္လည္း တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၌ လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္ေပးေသာ ေမာင္းမကန္ရဲတပ္ဖြဲ႕မွ ဒုရဲအုပ္သိန္းထိုက္သည္ အနီးကပ္ပစ္ခတ္ခံရကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။

၎ျဖစ္စဥ္အတြင္း M-22 ေသနတ္တစ္လက္၊ က်ည္ (၅ဝ)၊ က်ည္အိမ္ (၂)ခု ဆုံးရႈံးခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထား သည္။

အဆိုပါေန႔၌ပင္ စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လဝက႐ုံးတစ္႐ုံးကိုလည္း အၾကမ္းဖက္အဖြဲ႕မွ လူဦးေရ(၂ဝ)ခန႔္က မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ႐ုံးမွတ္တမ္း၊ စာ႐ြက္စာတမ္းမ်ားမွာ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇန္နဝါရီလ ၁၁ ရက္တြင္ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ မိဂလုံေက်း႐ြာ၌ လူဦးေရစာရင္းေကာက္ယူစဥ္အခ်ိန္ KNU/PDF အဖြဲ႕မ်ား ေရာက္ရွိလာကာ e-ID အိမ္ေထာင္စုပုံစံ (၅၂၄)ေစာင္၊ အိမ္ေထာင္စုပုံစံ (၆၀)ေစာင္ႏွင့္ မသန္စြမ္း ပုံစံ (၅၀)ေစာင္အား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူသည့္ ဇန္နဝါရီလ ၉ ရက္မွ ၁၃ ရက္အတြင္း၌ စာရင္း ေကာက္ယူစဥ္အခ်ိန္ ပစ္ခတ္ခံရမႈ၊ ဗုံးေဖာက္ခြဲခံရမႈႏွင့္ ႏိုင္ငံေတာ္ပိုင္ လဝက႐ုံး၊ စာ႐ြက္ စာတမ္းမ်ား မီးရႈိ႕ဖ်က္ဆီးခံရမႈမွာ (၇)ႀကိမ္အထိ ရွိခဲ့ေၾကာင္း နစကမွ ဆိုသည္။

Related news

© 2021. All rights reserved.