မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂ဝ၂၂)ဖြင့် စီမံကိန်း(၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိ

 892

ယွန်း (NP News) - ဇန်နဝါရီ ၁၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂ဝ၂၂)ဖြင့် စီမံ ကိန်း(၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက်တွင် ကျင်းပခဲ့သော အစည်းအဝေး၌ အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းစုစုပေါင်း(၃၁)ခုအား စုစုပေါင်း အမေရိကန်ဒေါ်လာ(၁ဝ)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ကြီးမှဆိုသည်။

အဆိုပါခွင့်ပြုချက်အရ မဲခေါင်- လန်ချန်း အထူးရန်ပုံငွေ (၂ဝ၁၇) ဖြင့် စီမံကိန်း(၅)ခု၊ (၂ဝ၁၈)ဖြင့် စီမံကိန်း (၉)ခု၊ (၂ဝ၂ဝ)ဖြင့် စီမံကိန်း (၆)ခု၊ (၂ဝ၂၁)ဖြင့် စီမံကိန်း (၄)ခု စုစုပေါင်းစီမံကိန်း(၂၄)ခုအား အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း(၂၄)ခုအပြင် လက်ရှိတွင် (၅)ကြိမ်မြောက်စီမံကိန်းဖြစ်သည့် (၂ဝ၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း(၇)ကို ထပ်မံဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း ဒေါက်တာအောင်ကြီးမှ ဆိုသည်။

၎င်းစီမံကိန်း(၇)ခုတွင် ရော်ဘာကြိတ်ခွဲခြင်း၊ အရည်အသွေးကောင်း ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းများကို အားပေးမြှင့်တင်ခြင်းအပါအဝင် ရေချိုငါးအမျိုးမျိုးအား အရည်အသွေးပြည့်မီအောင် ပြုပြင်ဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် သီးနှံအထွက်နှုန်းခန့်မှန်းသည့် ဌာနတည်ထောင်ခြင်းနှင့် သီးနှံဆုံး ရှုံးမှုအား ခန့်မှန်းလေ့လာခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကြီးက အစည်းအ ဝေးတွင် ပြောခဲ့သည်။

အဆိုပါ စီမံကိန်းများသည် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးကို မှီခိုနေကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစီမံကိန်း (၃၁)ခုကို နယ်ပယ်အလိုက် ရည်မှန်းထားသော ရည်ရွယ်ချက်များ ပြည့်ဝသည် အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အသိပေးပြောဆိုထားသည်။

zawgyi version
မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြ(၂ဝ၂၂)ျဖင့္ စီမံကိန္း(၇)ခုကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခြင့္ရရွိ
ယြန္း (NP News) - ဇန္နဝါရီ ၁၄

မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြ(၂ဝ၂၂)ျဖင့္ စီမံ ကိန္း(၇)ခုကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခြင့္ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးက ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၃)ရက္တြင္ က်င္းပခဲ့ေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ စီမံကိန္းစုစုေပါင္း(၃၁)ခုအား စုစုေပါင္း အေမရိကန္ေဒၚလာ(၁ဝ)သန္းျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခြင့္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဒါက္တာေအာင္ႀကီးမွဆိုသည္။

အဆိုပါခြင့္ျပဳခ်က္အရ မဲေခါင္- လန္ခ်န္း အထူးရန္ပုံေငြ (၂ဝ၁၇) ျဖင့္ စီမံကိန္း(၅)ခု၊ (၂ဝ၁၈)ျဖင့္ စီမံကိန္း (၉)ခု၊ (၂ဝ၂ဝ)ျဖင့္ စီမံကိန္း (၆)ခု၊ (၂ဝ၂၁)ျဖင့္ စီမံကိန္း (၄)ခု စုစုေပါင္းစီမံကိန္း(၂၄)ခုအား အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ခြင့္ရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္း(၂၄)ခုအျပင္ လက္ရွိတြင္ (၅)ႀကိမ္ေျမာက္စီမံကိန္းျဖစ္သည့္ (၂ဝ၂၂)ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ စီမံကိန္း(၇)ကို ထပ္မံေဆာင္႐ြက္ခြင့္ရရွိခဲ့ေၾကာင္း ေဒါက္တာေအာင္ႀကီးမွ ဆိုသည္။

၎စီမံကိန္း(၇)ခုတြင္ ေရာ္ဘာႀကိတ္ခြဲျခင္း၊ အရည္အေသြးေကာင္း ႀကံမ်ိဳးထုတ္လုပ္ျခင္း၊ ႏွမ္းမ်ိဳးေစ့ထုတ္လုပ္ျခင္းမ်ားကို အားေပးျမႇင့္တင္ျခင္းအပါအဝင္ ေရခ်ိဳငါးအမ်ိဳးမ်ိဳးအား အရည္အေသြးျပည့္မီေအာင္ ျပဳျပင္ေဆာင္႐ြက္ျခင္းမ်ား ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ သီးႏွံအထြက္ႏႈန္းခန႔္မွန္းသည့္ ဌာနတည္ေထာင္ျခင္းႏွင့္ သီးႏွံဆုံး ရႈံးမႈအား ခန႔္မွန္းေလ့လာျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာေအာင္ႀကီးက အစည္းအ ေဝးတြင္ ေျပာခဲ့သည္။

အဆိုပါ စီမံကိန္းမ်ားသည္ အသက္ေမြးဝမ္းေက်ာင္းအတြက္ စိုက္ပ်ိဳးေရးကို မွီခိုေနၾကသည့္ ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဘဝျမႇင့္တင္ေရး ႏွင့္ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

မဲေခါင္- လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာစီမံကိန္း (၃၁)ခုကို နယ္ပယ္အလိုက္ ရည္မွန္းထားေသာ ရည္႐ြယ္ခ်က္မ်ား ျပည့္ဝသည္ အထိ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးမွ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.