မူလတန်းကျောင်းအုပ်ဆရာအား CDM မလုပ်သည့်ကိစ္စနှင့် ပတ်သက်၍အော်ဟစ်ပြောဆိုကာ သေနတ်ဖြင့်ပစ်သတ်မှု နတ်မောက်တွင်ဖြစ်ပွား

 2119

စော (NP News) - ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းအခြေခံမူလတန်းကျောင်းအုပ်ဆရာကြီး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ရက်၊ ညနေ ၄နာရီ ၁ဝမိနစ်အချိန်တွင် နတ်မောက်မြို့နယ်၊ ကျန်းတောကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်းရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ဖျောက်ဆိပ်ကုန်းအခြေခံမူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးဝင်းခိုင်(၅၂)နှစ်သည် တစ်ရွာထဲနေ ဒုမူလတန်းပြ ဒေါ်ရီရီချို (၂၇)နှစ်နှင့်အတူ ဆိုင်ကယ်ဖြင့် မူလတန်းကျောင်းမှ ကျန်းတောကျေးရွာသို့ ပြန်လာစဉ်အချိန် လမ်းခရီးတွင်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်အမျိုးသားတစ်ဦးက နောက် မှကပ်ပါလာပြီး CDM မလုပ်သည့်အကြောင်းနှင့်ပတ်သက်၍ အော်ဟစ်ပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရပြီးနောက် ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးဝင်းခိုင်သည် သေနတ်ဒဏ်ရာဖြင့်လဲသွားစဉ်အချိန် ၎င်းအကြမ်းဖက်သမားက ဆိုင်ကယ်အားရပ်တန့်ကာ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ကျောင်းအုပ် ဆရာကြီးမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
မူလတန္းေက်ာင္းအုပ္ဆရာအား CDM မလုပ္သည့္ကိစၥႏွင့္ ပတ္သက္၍ေအာ္ဟစ္ေျပာဆိုကာ ေသနတ္ျဖင့္ပစ္သတ္မႈ နတ္ေမာက္တြင္ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၁၄

မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္၊ ေဖ်ာက္ဆိပ္ကုန္းအေျခခံမူလတန္းေက်ာင္းအုပ္ဆရာႀကီး တစ္ဦးေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၂ရက္၊ ညေန ၄နာရီ ၁ဝမိနစ္အခ်ိန္တြင္ နတ္ေမာက္ၿမိဳ႕နယ္၊ က်န္းေတာေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္းရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

ေဖ်ာက္ဆိပ္ကုန္းအေျခခံမူလတန္းေက်ာင္းအုပ္ဆရာႀကီးျဖစ္သူ ဦးဝင္းခိုင္(၅၂)ႏွစ္သည္ တစ္႐ြာထဲေန ဒုမူလတန္းျပ ေဒၚရီရီခ်ိဳ (၂၇)ႏွစ္ႏွင့္အတူ ဆိုင္ကယ္ျဖင့္ မူလတန္းေက်ာင္းမွ က်န္းေတာေက်း႐ြာသို႔ ျပန္လာစဥ္အခ်ိန္ လမ္းခရီးတြင္ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္အမ်ိဳးသားတစ္ဦးက ေနာက္ မွကပ္ပါလာၿပီး CDM မလုပ္သည့္အေၾကာင္းႏွင့္ပတ္သက္၍ ေအာ္ဟစ္ေျပာဆိုကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရၿပီးေနာက္ ေက်ာင္းအုပ္ဆရာႀကီးျဖစ္သူ ဦးဝင္းခိုင္သည္ ေသနတ္ဒဏ္ရာျဖင့္လဲသြားစဥ္အခ်ိန္ ၎အၾကမ္းဖက္သမားက ဆိုင္ကယ္အားရပ္တန႔္ကာ ေသနတ္ျဖင့္ ထပ္မံပစ္ခတ္ခဲ့ၿပီး ေက်ာင္းအုပ္ ဆရာႀကီးမွာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြားေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

15/01/2023 08:36

ခုချိန် အဲ့လိုအကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အားပေးတွေနေတဲ့ရွာတွေ ရွာလုံးကျွတ်ပြာကျပြာကျ လီးမှ မသနားတော့ဘူး၊ လူ့အောက်တန်းစားစိတ်ဓာတ်နဲ့လူတွေ လူ့ပြည်မှာမထိုက်တန်ဘူး၊ အရှင်လတ်လတ် ငရဲကျသင့်တယ် ခွေးမသားတွေ

Related news

© 2021. All rights reserved.