မြန်မာ-တရုတ်နယ်စပ် မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို နှစ်ဖက်အကြား ဖွင့်လှစ်ပေးခဲ့ပြီး လူအဝင်အထွက်များကို ဆက်လက်ကန့်သတ်

 802

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၄

မြန်မာ-တရုတ်နယ်စပ် မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို နှစ်ဖက်အစိုးရများက ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ကျယ်ခေါင်မြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့ကို ဆက်သွယ်ထားသော ဂိတ်ပေါက်ဖြစ်သည့် မန့်ဝိန်းဂိတ်ကို ယနေ့ နံနက် ၇ နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း မူဆယ်ဆန်းစပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက NP News ကို ပြောသည်။

“ဟုတ်ပါတယ်။ ဒီနေ့ မနက် ၇ နာရီမှာ ကျယ်ခေါင်-မူဆယ်ဂိတ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို နှစ်ဖက်ပုဂ္ဂိုလ်များနဲ့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ လူအဝင်အ ထွက်တော့ လုပ်လို့မရပါဘူး။ ကားကလည်း ကုန်တင်ကားကြီး အဝင်အထွက် လုပ် လို့မရပါဘူး။ ခြောက်ဘီးကားတစ်မျိုးထဲသာလျှင် ယာဉ်မောင်းတစ်ဦးနဲ့ အဝင်အ ထွက်လုပ်လို့ရပါတယ်။ လူကတော့ ဖြတ်သန်းခွင့် မပြုသေးပါဘူး” ဟု ဒုဥက္ကဋ္ဌဦးမင်းသိန်းက ပြောသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြန်မာ-တရုတ်နယ်စပ် ဆင်ဖြူဂိတ်ကိုလည်း ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆင်ဖြူဂိတ်၌ လူဝင်ထွက်သွားလာမှုများကို ဆက်လက်ကန့်သတ်ထားပြီး ခြောက်ဘီးကားတစ်မျိုးတည်းကိုသာ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

လက်ရှိတွင် မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်ကို ဖွင့်လှစ်ပေးခဲ့သော်လည်း လူဝင်ထွက်သွားလာမှုများကို ကန့်သတ်ရခြင်းမှာ တရုတ်နိုင်ငံ၌ ကိုဗစ်ကပ်ရောဂါလူနာများ များပြားနေသည့်အတွက် ယခုကဲ့သို့ ချင့်ချိန်ကာ ကန့်သတ်ထားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘာပဲပြောပြော အရင်ပိတ်ထားတာထက်စာရင် တော်သေးတာပေါ့လေ။ ခြောက်ဘီးကားလောက် ဝင်လို့ရတယ်ဆိုတော့ မူဆယ်မြို့ကို ဖြတ်ပြီးတော့ ပစ္စည်းတွေ အဝင်အထွက်လုပ်လို့ရတာပေါ့။ ကုန်သွယ်ရေးအခြေအနေကတော့ အရင်ထက်စာရင် နည်းနည်းတော့ တိုးတက်လာမယ်လို့တော့ ဆိုရမှာပေါ့။ ကိုဗစ်မတိုင်ခင်က အခြေအနေကိုတော့ မရောက်နိုင်သေးပါဘူး” ဟု ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆက်လက်ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်များအနက် နန်းတော်ဂိတ်အား လတ်တလောတွင် ဖွင့်လှစ်ပေးသွားရန် အစီအစဉ်မရှိသေးကြောင်းလည်း သိရှိရသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်က မြန်မာ-တရုတ်နယ်စပ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်များကို တစ်ဖက်သတ်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းမှ ကိုဗစ်ကပ်ရောဂါအကြောင်းပြချက်ဖြင့် မဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်များကို နှစ်ဖက်အကြား သဘော တူညီမှုဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ကားများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါနယ်စပ်ဂိတ်(၃)ခုအနက် မန်ဝိန်းဂိတ်သည် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင်အချိန်၌ နေ့စဉ် ကုန်ကား၊ အိမ်စီးကား အစီးရေ ရာချီကာ အဝင်အထွက်ရှိခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာ-တ႐ုတ္နယ္စပ္ မန႔္ဝိန္းဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔ကို ႏွစ္ဖက္အၾကား ဖြင့္လွစ္ေပးခဲ့ၿပီး လူအဝင္အထြက္မ်ားကို ဆက္လက္ကန႔္သတ္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၄

ျမန္မာ-တ႐ုတ္နယ္စပ္ မန႔္ဝိန္းဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔ကို ႏွစ္ဖက္အစိုးရမ်ားက ယေန႔ (ဇန္နဝါရီလ ၁၄ ရက္)တြင္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

တ႐ုတ္ႏိုင္ငံ က်ယ္ေခါင္ၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕ကို ဆက္သြယ္ထားေသာ ဂိတ္ေပါက္ျဖစ္သည့္ မန႔္ဝိန္းဂိတ္ကို ယေန႔ နံနက္ ၇ နာရီအခ်ိန္တြင္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း မူဆယ္ဆန္းစပါးကုန္စည္ဒိုင္မွ ဒုတိယဥကၠ႒ ဦးမင္းသိန္းက NP News ကို ေျပာသည္။

“ဟုတ္ပါတယ္။ ဒီေန႔ မနက္ ၇ နာရီမွာ က်ယ္ေခါင္-မူဆယ္ဂိတ္ေပါက္ျဖစ္တဲ့ မန႔္ဝိန္းဂိတ္ကို ႏွစ္ဖက္ပုဂၢိဳလ္မ်ားနဲ႔ ျပန္လည္ဖြင့္လွစ္ေပးလိုက္ပါတယ္။ လူအဝင္အ ထြက္ေတာ့ လုပ္လို႔မရပါဘူး။ ကားကလည္း ကုန္တင္ကားႀကီး အဝင္အထြက္ လုပ္ လို႔မရပါဘူး။ ေျခာက္ဘီးကားတစ္မ်ိဳးထဲသာလွ်င္ ယာဥ္ေမာင္းတစ္ဦးနဲ႔ အဝင္အ ထြက္လုပ္လို႔ရပါတယ္။ လူကေတာ့ ျဖတ္သန္းခြင့္ မျပဳေသးပါဘူး” ဟု ဒုဥကၠ႒ဦးမင္းသိန္းက ေျပာသည္။

အလားတူ ယေန႔ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ျမန္မာ-တ႐ုတ္နယ္စပ္ ဆင္ျဖဴဂိတ္ကိုလည္း ဆက္လက္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ဆင္ျဖဴဂိတ္၌ လူဝင္ထြက္သြားလာမႈမ်ားကို ဆက္လက္ကန႔္သတ္ထားၿပီး ေျခာက္ဘီးကားတစ္မ်ိဳးတည္းကိုသာ ဝင္ထြက္သြားလာခြင့္ျပဳထားေၾကာင္း မူဆယ္ဆန္စပါးကုန္စည္ဒိုင္မွ ဒုတိယဥကၠ႒ ဦးမင္းသိန္းက ဆိုသည္။

လက္ရွိတြင္ မန႔္ဝိန္းဂိတ္ႏွင့္ ဆင္ျဖဴဂိတ္ကို ဖြင့္လွစ္ေပးခဲ့ေသာ္လည္း လူဝင္ထြက္သြားလာမႈမ်ားကို ကန႔္သတ္ရျခင္းမွာ တ႐ုတ္ႏိုင္ငံ၌ ကိုဗစ္ကပ္ေရာဂါလူနာမ်ား မ်ားျပားေနသည့္အတြက္ ယခုကဲ့သို႔ ခ်င့္ခ်ိန္ကာ ကန႔္သတ္ထားရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ဘာပဲေျပာေျပာ အရင္ပိတ္ထားတာထက္စာရင္ ေတာ္ေသးတာေပါ့ေလ။ ေျခာက္ဘီးကားေလာက္ ဝင္လို႔ရတယ္ဆိုေတာ့ မူဆယ္ၿမိဳ႕ကို ျဖတ္ၿပီးေတာ့ ပစၥည္းေတြ အဝင္အထြက္လုပ္လို႔ရတာေပါ့။ ကုန္သြယ္ေရးအေျခအေနကေတာ့ အရင္ထက္စာရင္ နည္းနည္းေတာ့ တိုးတက္လာမယ္လို႔ေတာ့ ဆိုရမွာေပါ့။ ကိုဗစ္မတိုင္ခင္က အေျခအေနကိုေတာ့ မေရာက္ႏိုင္ေသးပါဘူး” ဟု ဒုတိယဥကၠ႒ ဦးမင္းသိန္းက ဆက္လက္ေျပာသည္။

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားအနက္ နန္းေတာ္ဂိတ္အား လတ္တေလာတြင္ ဖြင့္လွစ္ေပးသြားရန္ အစီအစဥ္မရွိေသးေၾကာင္းလည္း သိရွိရသည္။

တ႐ုတ္ႏိုင္ငံသည္ ၿပီးခဲ့ေသာ ဇန္နဝါရီလ ၈ ရက္က ျမန္မာ-တ႐ုတ္နယ္စပ္မ်ားျဖစ္သည့္ ဆင္ျဖဴဂိတ္၊ နန္းေတာ္ဂိတ္၊ မန႔္ဝိန္းဂိတ္မ်ားကို တစ္ဖက္သတ္ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ျမန္မာႏိုင္ငံဘက္ျခမ္းမွ ကိုဗစ္ကပ္ေရာဂါအေၾကာင္းျပခ်က္ျဖင့္ မဖြင့္ လွစ္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ လက္ရွိတြင္ ဆင္ျဖဴဂိတ္ႏွင့္ မန႔္ဝိန္းဂိတ္မ်ားကို ႏွစ္ဖက္အၾကား သေဘာ တူညီမႈျဖင့္ ဖြင့္လွစ္ေပးခဲ့ၿပီး ကားမ်ားကိုသာ ဝင္ထြက္သြားလာခြင့္ျပဳမည္ျဖစ္ ေၾကာင္း သိရွိရသည္။

အဆိုပါနယ္စပ္ဂိတ္(၃)ခုအနက္ မန္ဝိန္းဂိတ္သည္ ကိုဗစ္ကပ္ေရာဂါမျဖစ္ပြားခင္အခ်ိန္၌ ေန႔စဥ္ ကုန္ကား၊ အိမ္စီးကား အစီးေရ ရာခ်ီကာ အဝင္အထြက္ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.