သာကေတမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 1993

NP News - ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၁၅ ရက်) ၊ နံနက် ၆ နာရီအချိန်ခန့်တွင် သာကေတမြို့ နယ်၊ (၁ဝ)တောင် (၁၄)ရပ်ကွက်၊ သလ္လာဝတီ (၁)လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာအိမ်မှူးဖြစ်သူ ဦးထွန်းထွန်းဦးအား ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ အနီးကပ် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သလ္လာဝတီ(၁)လမ်းတွင် နေ ထိုင်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် ရာအိမ်မှူးဖြစ်သူမှာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသစဉ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီလ ၉ ရက်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူသည့်လုပ်ငန်းဆောင်ရွက်ချိန်တွင် အုပ်ချုပ်ရေး၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့ဝင်များမှာ အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရ သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၌ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးမတစ်ဦး ပစ်ခတ်သတ်ခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္ရွိ ရာအိမ္မႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ဇန္နဝါရီ ၁၅

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ရွိ ရာအိမ္မႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္ဝါရီလ ၁၅ ရက္) ၊ နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ သာေကတၿမိဳ႕ နယ္၊ (၁ဝ)ေတာင္ (၁၄)ရပ္ကြက္၊ သလႅာဝတီ (၁)လမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရာအိမ္မႉးျဖစ္သူ ဦးထြန္းထြန္းဦးအား ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦးေရာက္ရွိလာကာ အနီးကပ္ ပစ္ခတ္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သလႅာဝတီ(၁)လမ္းတြင္ ေန ထိုင္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရၿပီးေနာက္ ရာအိမ္မႉးျဖစ္သူမွာ စိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီးေနာက္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္အခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ဇန္နဝါရီလ ၉ ရက္မွစ၍ ျမန္မာႏိုင္ငံအတြင္းရွိ ေျမျပင္လူဦးေရစာရင္းကြင္းဆင္းေကာက္ယူသည့္လုပ္ငန္းေဆာင္႐ြက္ခ်ိန္တြင္ အုပ္ခ်ဳပ္ေရး၊ ရာအိမ္မႉး၊ ရဲတပ္ဖြဲ႕ဝင္မ်ားမွာ အၾကမ္းဖက္တိုက္ခိုက္ခံရသည့္ျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာသည္ကို ေတြ႕ရွိရ သည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း သထုံၿမိဳ႕နယ္၊ ေတာင္စြန္းေက်း႐ြာ၌ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္ကြက္စာေရးမတစ္ဦး ပစ္ခတ္သတ္ျခင္း ခံခဲ့ရသည္ကို ေတြ႕ရွိရသည္။

Picture

Lwin Pan Phyo

15/01/2023 11:44

ကိုကျော်မျိုးမင်း နဲ့ဆက်သွယ်ချင်ပါတယ် ဘယ်လိုဆက်သွယ်ရမလဲ

Related news

© 2021. All rights reserved.