သိမ်ဇရပ်မြို့၌ အသက်(၈ဝ)ကျော်အရွယ်ရှိ အဖွားအိုတစ်ဦး ရထားတိုက်ခံရကာ သေဆုံး

 654

စော (NP News) - ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၌ အသက်(၈ဝ)ကျော်အရွယ်ရှိ အဖွားအိုတစ်ဦးမှာ ရထားလမ်းဖြတ်ကူးစဉ်အချိန် ရထားတိုက်ခံရကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သိမ်ဇရပ်မြို့ဈေးရှေ့ရှိ မီးရထားလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိမ်ဇရပ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အသက်(၈၂)နှစ်အရွယ် ဒေါ်ပါးပါးသီအောင်သည် ရထားလမ်းကို ဖြတ်ကူးစဉ်အချိန် ရထားဖြင့် ပွတ်တိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ ရထားလမ်းရယ်၊ ရထားလမ်းကို ဖြတ်သွားတဲ့ ကတ္တရာလမ်းလည်းရှိတယ်။ ရထားကလာနေတော့ ကတ္တရာလမ်းကို မောင်းတံနဲ့ ပိတ်ထားတာပေါ့။ ဟိုဘက်မှာက လူကူးလမ်းလေးတစ်လမ်းရှိတယ်။ သူက အဲဒီလူကူးလမ်းလေးကနေ ဆင်းသွားတာ။ ဆင်းသွားတော့ သူက ရထားလာတာကို မတွေ့လိုက်ဘူး။ အသက်ကလည်းကြီးနေတော့ နားကလည်း နည်းနည်းထိုင်းနေမှာပေါ့။ ဘေးကလူတွေကလည်း လှမ်းအော်ကြ တယ်။ အော်တာကို သူက မကြားဘဲနဲ့ အဲဒီမှာ ရထားနဲ့ချိတ်မိသွားတာပေါ့” ဟု သိမ်ဇရပ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ရထားဖြင့်တိုက်ခံရမှုကြောင့် အဖွားအိုမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဖွားအို ဒေါ်ပါးပါးသီအောင်၏ ရုပ်အလောင်းအား သိမ်ဇရပ်လူမှုကူညီရေးအသင်းအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဆေးရုံမှတစ်ဆင့် နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
သိမ္ဇရပ္ၿမိဳ႕၌ အသက္(၈ဝ)ေက်ာ္အ႐ြယ္ရွိ အဖြားအိုတစ္ဦး ရထားတိုက္ခံရကာ ေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၁၅

မြန္ျပည္နယ္၊ သိမ္ဇရပ္ၿမိဳ႕၌ အသက္(၈ဝ)ေက်ာ္အ႐ြယ္ရွိ အဖြားအိုတစ္ဦးမွာ ရထားလမ္းျဖတ္ကူးစဥ္အခ်ိန္ ရထားတိုက္ခံရကာ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၅ ရက္) ၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ သိမ္ဇရပ္ၿမိဳ႕ေဈးေရွ႕ရွိ မီးရထားလမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိမ္ဇရပ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အသက္(၈၂)ႏွစ္အ႐ြယ္ ေဒၚပါးပါးသီေအာင္သည္ ရထားလမ္းကို ျဖတ္ကူးစဥ္အခ်ိန္ ရထားျဖင့္ ပြတ္တိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ ရထားလမ္းရယ္၊ ရထားလမ္းကို ျဖတ္သြားတဲ့ ကတၱရာလမ္းလည္းရွိတယ္။ ရထားကလာေနေတာ့ ကတၱရာလမ္းကို ေမာင္းတံနဲ႔ ပိတ္ထားတာေပါ့။ ဟိုဘက္မွာက လူကူးလမ္းေလးတစ္လမ္းရွိတယ္။ သူက အဲဒီလူကူးလမ္းေလးကေန ဆင္းသြားတာ။ ဆင္းသြားေတာ့ သူက ရထားလာတာကို မေတြ႕လိုက္ဘူး။ အသက္ကလည္းႀကီးေနေတာ့ နားကလည္း နည္းနည္းထိုင္းေနမွာေပါ့။ ေဘးကလူေတြကလည္း လွမ္းေအာ္ၾက တယ္။ ေအာ္တာကို သူက မၾကားဘဲနဲ႔ အဲဒီမွာ ရထားနဲ႔ခ်ိတ္မိသြားတာေပါ့” ဟု သိမ္ဇရပ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထိုသို႔ ရထားျဖင့္တိုက္ခံရမႈေၾကာင့္ အဖြားအိုမွာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဖြားအို ေဒၚပါးပါးသီေအာင္၏ ႐ုပ္အေလာင္းအား သိမ္ဇရပ္လူမႈကူညီေရးအသင္းအေနျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ေဆး႐ုံမွတစ္ဆင့္ ေနအိမ္သို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.