မြန်မာနိုင်ငံတွင် ပထမဆုံး EV Charger Carpark ပါဝင်မည့် ကွန်ဒို စတင်တည်ဆောက်

 940

ယွန်း (NP News) - ဇန်နဝါရီ ၁၆

ကွန်ဒိုတိုက်ခန်းဝယ်သူများအနေဖြင့် မြေပိုင်ဆိုင်မှုပါ ရရှိနိုင်မည့် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော စုပေါင်းပိုင်မြေပေါ်တွင် တည် ဆောက်ထားသော ပန်းဆွယ်တော်အဆင့်မြင့် အိမ်ရာစီမံကိန်း (Pan Swal Taw Luxury Condominium)ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့်လည်း ကွန်ဒိုမီနီယံဥပဒေနှင့်အညီ ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါအိမ်ရာစီမံကိန်းကို အလုံလမ်းမပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး အခန်းပေါင်း (၁၄ဝ) ပါဝင်ကာ အထပ်ပေါင်း(၂၁)ထပ်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ကွန်ဒိုက စုပေါင်းပိုင်မြေပါ။ တချို့တွေလည်း ခုနောက်ပိုင်း စုပေါင်းပိုင်မြေတွေ ပြောင်းလာတာတွေရှိတယ်။ ကွန်ဒိုတစ်ခုဆိုရင် ရောင်းလို့ အခန်းတွေကုန်ပြီးမှ စုပေါင်းပိုင်မြေဆိုပြီး ပြောင်းတာပေါ့။ ကျွန်တော်တို့ကတော့ စပြီးဆောက်ထဲက စုပေါင်းပိုင်မြေဆိုပြီး လျှောက်ပြီးပြောင်းထားတာ။ နောက်ထပ် လေး၊ ငါးခုလောက်လဲ လျှောက်နေတုန်းပါပဲ စုပေါင်းပိုင်မြေအဆင့်တော့ မရောက်သေးပါဘူး” ဟု Shwe Zabu Deik Construction မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကွန်ဒိုမီနီယံသည် အစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် BOT ကွန်ဒိုများနှင့် မတူဘဲ စုပေါင်းပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ကွန်ဒိုဝယ် ယူသူများအနေဖြင့် မြေယာပိုင်ဆိုင်မှုကို အချိုးကျရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းမှဆက် လက် ပြောသည်။

“တိုက်ခန်းဝယ်တဲ့သူတွေကို မြေယာအချိုးကျပေးမှာ။ များသောအားဖြင့် ဆောက်ကြတာက ဂရံမြေနဲ့ ဘိုးဘွားပိုင်မြေတွေပေါ်မှာပဲဆောက်လို့ရလိမ့်မယ်။ အစိုးရပိုင်မြေပေါ်မှာကျရင် စုပေါင်းပိုင်မြေမဖြစ်ဘူး။ BOT ပဲဖြစ်မှာလေ။ BOT ကကွန်ဒိုမီနီယံ law ထဲဝင်လို့မရ ဘူး” ဟု ၎င်းမှဆိုသည်။

ထို့ပြင် အခန်းဝယ်ယူသူများအနေဖြင့် လက်ငင်းငွေပေးချေမှုစနစ်အပြင် uab bank ၏ Home Loan နှစ်ရှည် (၅)နှစ်မှ (၁၅)နှစ်အထိ အရစ်ကျငွေပေးချေမှု စနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆောက်လုပ်ဆဲ ပန်းဆွယ်တော် အဆင့်မြင့်အိမ်ရာစီမံကိန်းသည် လက်ရှိအချိန်တွင် လူနေထိုင်သည့် အထပ်(၅)ထပ် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အခန်းပေါင်း (၁၂)ခန်းကိုသာ စတင်ရောင်းချပေးမည်ဖြစ်ပြီး (၁)ပေပတ်လည်ကို အမေရိကန်ဒေါ်လာ(၁၆ဝ)နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ပထမဆုံး EV Charger Carpark ပါဝင္မည့္ ကြန္ဒို စတင္တည္ေဆာက္
ယြန္း (NP News) - ဇန္နဝါရီ ၁၆

ကြန္ဒိုတိုက္ခန္းဝယ္သူမ်ားအေနျဖင့္ ေျမပိုင္ဆိုင္မႈပါ ရရွိႏိုင္မည့္ တိုက္ခန္းမ်ားကို အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္းသိရသည္။

အဆိုပါ စီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ စုေပါင္းပိုင္ေျမေပၚတြင္ တည္ ေဆာက္ထားေသာ ပန္းဆြယ္ေတာ္အဆင့္ျမင့္ အိမ္ရာစီမံကိန္း (Pan Swal Taw Luxury Condominium)ျဖစ္ၿပီး ႏိုင္ငံျခားသားမ်ားအေနျဖင့္လည္း ကြန္ဒိုမီနီယံဥပေဒႏွင့္အညီ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

အဆိုပါအိမ္ရာစီမံကိန္းကို အလုံလမ္းမေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး အခန္းေပါင္း (၁၄ဝ) ပါဝင္ကာ အထပ္ေပါင္း(၂၁)ထပ္ျဖင့္ ေဆာက္လုပ္ေနျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ကြန္ဒိုက စုေပါင္းပိုင္ေျမပါ။ တခ်ိဳ႕ေတြလည္း ခုေနာက္ပိုင္း စုေပါင္းပိုင္ေျမေတြ ေျပာင္းလာတာေတြရွိတယ္။ ကြန္ဒိုတစ္ခုဆိုရင္ ေရာင္းလို႔ အခန္းေတြကုန္ၿပီးမွ စုေပါင္းပိုင္ေျမဆိုၿပီး ေျပာင္းတာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ စၿပီးေဆာက္ထဲက စုေပါင္းပိုင္ေျမဆိုၿပီး ေလွ်ာက္ၿပီးေျပာင္းထားတာ။ ေနာက္ထပ္ ေလး၊ ငါးခုေလာက္လဲ ေလွ်ာက္ေနတုန္းပါပဲ စုေပါင္းပိုင္ေျမအဆင့္ေတာ့ မေရာက္ေသးပါဘူး” ဟု Shwe Zabu Deik Construction မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ကြန္ဒိုမီနီယံသည္ အစိုးရပိုင္ေျမေပၚတြင္ ေဆာက္လုပ္ထားသည့္ BOT ကြန္ဒိုမ်ားႏွင့္ မတူဘဲ စုေပါင္းပိုင္ေျမေပၚတြင္ ေဆာက္လုပ္ထားျခင္းျဖစ္ေသာေၾကာင့္ ကြန္ဒိုဝယ္ ယူသူမ်ားအေနျဖင့္ ေျမယာပိုင္ဆိုင္မႈကို အခ်ိဳးက်ရရွိႏိုင္မည္ျဖစ္ေၾကာင္း ၎မွဆက္ လက္ ေျပာသည္။

“တိုက္ခန္းဝယ္တဲ့သူေတြကို ေျမယာအခ်ိဳးက်ေပးမွာ။ မ်ားေသာအားျဖင့္ ေဆာက္ၾကတာက ဂရံေျမနဲ႔ ဘိုးဘြားပိုင္ေျမေတြေပၚမွာပဲေဆာက္လို႔ရလိမ့္မယ္။ အစိုးရပိုင္ေျမေပၚမွာက်ရင္ စုေပါင္းပိုင္ေျမမျဖစ္ဘူး။ BOT ပဲျဖစ္မွာေလ။ BOT ကကြန္ဒိုမီနီယံ law ထဲဝင္လို႔မရ ဘူး” ဟု ၎မွဆိုသည္။

ထို႔ျပင္ အခန္းဝယ္ယူသူမ်ားအေနျဖင့္ လက္ငင္းေငြေပးေခ်မႈစနစ္အျပင္ uab bank ၏ Home Loan ႏွစ္ရွည္ (၅)ႏွစ္မွ (၁၅)ႏွစ္အထိ အရစ္က်ေငြေပးေခ်မႈ စနစ္ျဖင့္လည္း ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

ေဆာက္လုပ္ဆဲ ပန္းဆြယ္ေတာ္ အဆင့္ျမင့္အိမ္ရာစီမံကိန္းသည္ လက္ရွိအခ်ိန္တြင္ လူေနထိုင္သည့္ အထပ္(၅)ထပ္ ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။

အခန္းေပါင္း (၁၂)ခန္းကိုသာ စတင္ေရာင္းခ်ေပးမည္ျဖစ္ၿပီး (၁)ေပပတ္လည္ကို အေမရိကန္ေဒၚလာ(၁၆ဝ)ႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.