အိန္ဒိယနဲ့ ဂျပန်နိုင်တို့ လေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပြုလုပ်

 459

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၆

ဂျပန် နဲ့ အိန္ဒိယတို့ဟာ ဇန်နဝါရီ ၁၆ ရက်မှာ လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စတင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါလေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ၁၁ ရက်ကြာ ပြုလုပ်မျာဖြစ်ပြီး ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အိုဘာရာကီဒေသရှိ Hyakuri လေတပ်အခြေစိုက်စခန်းနားမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အိန္ဒိယလေတပ်နဲ့ပြုလုပ်မယ့် လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ၁၁ ရက် ကြာပြုလုပ်မှာဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်မှာ ပြီးဆုံးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျပန် နဲ့ အိန္ဒိယတို့ဟာ လေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လေ့ကျင့်မယ့်အစီအစဉ်များ နှောင့်နေးခဲ့ရတယ်လို့ သိရပါတယ်။ ဂျပန်နဲ့ အိန္ဒိယတို့ဟာ သြစတြေးလျ၊ အမေရိကန်ဦးဆောင်တဲ့ Quad အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ဒေသအတွင်းမှာ တရုတ်နိုင်ငံအပေါ် ထိန်းချုပ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ ဂျပန်တို့ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးထွားလာမှုကို ရင်ဆိုင်နေရတဲ့ အတွက် ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာနက ဆိုပါတယ်။ ဂျပန်နိုင်ငံက F-2 အမျိုးအစား တိုက်လေယာဉ် ၂ စင်း၊ F-15 အမျိုးအစားတိုက်လေယာဉ် ၄ စင်း၊ အိန္ဒိယနိုင်ငံရဲ့ Su-30MKI အမျိုးအစားတိုက်လေယာဉ် ၄ စင်း၊ C-17 အမျိုးအစား သယ်ယူပို့ဆောင်ရေးယာဉ် ၂ စင်းတို့နဲ့ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် IL-78 အမျိုးအစားလေယာဉ်ဆီဖြည့်တင်းရေးလေယာဉ်လည်း စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အိႏၵိယနဲ႔ ဂ်ပန္ႏိုင္တို႔ ေလတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျပဳလုပ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၆

ဂ်ပန္ နဲ႔ အိႏၵိယတို႔ဟာ ဇန္နဝါရီ ၁၆ ရက္မွာ ေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ စတင္လိုက္တယ္လို႔ သိရပါတယ္။

အဆိုပါေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ၁၁ ရက္ၾကာ ျပဳလုပ္မ်ာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံအေရွ႕ေျမာက္ပိုင္း အိုဘာရာကီေဒသရွိ Hyakuri ေလတပ္အေျခစိုက္စခန္းနားမွာ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနက အိႏၵိယေလတပ္နဲ႔ျပဳလုပ္မယ့္ ေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ၁၁ ရက္ ၾကာျပဳလုပ္မွာျဖစ္ၿပီး ဇန္နဝါရီ ၂၆ ရက္မွာ ၿပီးဆုံးမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဂ်ပန္ နဲ႔ အိႏၵိယတို႔ဟာ ေလတပ္ခ်င္းပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ဖို႔ စီစဥ္ခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ေလ့က်င့္မယ့္အစီအစဥ္မ်ား ေႏွာင့္ေနးခဲ့ရတယ္လို႔ သိရပါတယ္။ ဂ်ပန္နဲ႔ အိႏၵိယတို႔ဟာ ၾသစေၾတးလ်၊ အေမရိကန္ဦးေဆာင္တဲ့ Quad အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ၿပီး ေဒသအတြင္းမွာ တ႐ုတ္ႏိုင္ငံအေပၚ ထိန္းခ်ဳပ္ႏိုင္ဖို႔ ဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္းျဖစ္တယ္လို႔ သိရပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္တို႔ဟာ အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ႏိုင္ငံရဲ႕ စစ္အင္အားႀကီးထြားလာမႈကို ရင္ဆိုင္ေနရတဲ့ အတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ စီစဥ္လာခဲ့ျခင္းျဖစ္ေၾကာင္း ဂ်ပန္သတင္းဌာနက ဆိုပါတယ္။ ဂ်ပန္ႏိုင္ငံက F-2 အမ်ိဳးအစား တိုက္ေလယာဥ္ ၂ စင္း၊ F-15 အမ်ိဳးအစားတိုက္ေလယာဥ္ ၄ စင္း၊ အိႏၵိယႏိုင္ငံရဲ႕ Su-30MKI အမ်ိဳးအစားတိုက္ေလယာဥ္ ၄ စင္း၊ C-17 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရးယာဥ္ ၂ စင္းတို႔နဲ႔ ပူးေပါင္းေလ့က်င့္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ IL-78 အမ်ိဳးအစားေလယာဥ္ဆီျဖည့္တင္းေရးေလယာဥ္လည္း စစ္ေရးေလ့က်င့္ခန္းမွာ ပါဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.