တမူးမြို့တွင် အကြမ်းဖက်များက ကျေးရွာအတွင်း ဝင်ရောက်ကာ ပိုက်ဆံနှင့် တန်ဖိုးရှိပစ္စည်းများ လုယက်ယူဆောင်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးမှုဖြစ်ပွား

 882

NP News - ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် PDF များက ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ ပိုက်ဆံနှင့် တန်ဖိုးရှိ ပစ္စည်းများကို လုယက်ပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၆)ရက်၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် တမူးမြို့နယ်၊ မလူကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ မလူကျေးရွာအတွင်းသို့ PDF အင်အား(၅ဝ)ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်စဉ် PDF များသည် ရွာသားများ၏ နေအိမ်များအတွင်း ဝင်ရောက်၍ ပိုက်ဆံနှင့် တန်ဖိုးရှိပစ္စည်းများကို လုယက်ယူဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရွာသားများပိုင်ဆိုင်သည့် နေအိမ်(၁ဝ)လုံး အပါအဝင် လယ်ထွန်စက် (၃)စီး၊ စပါးကြိတ်စက် (၃)လုံး၊ ထော်လာဂျီယာဉ် (၁)စီး နှင့် ရေစုပ်စက် (၁)လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version

NP News - ဇန်နဝါရီ ၁၆







Related news

© 2021. All rights reserved.