ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံသားနှစ်ဦး ဓါးဖြင့်တိုက်ခိုက်ခံခဲ့ရဟုဆို

 4037

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၇

ဂျပန်နိုင်ငံသား တစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့မှာ ဓါးဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဆိုသည်။

အဆိုပါဂျပန်နိုင်ငံသားကို ဆေးရုံတွင်ကုသပေးလျက်ရှိနေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေနေမျိုးမရှိကြောင်း ဂျပန်သံရုံးက ဆိုသည်။ ဂျပန်သံရုံး၏အဆိုအရ ပြီးခဲ့သော ဇန်နဝါရီလ ၁၄ ရက်တွင် ဂျပန်နိုင်ငံသား နှစ်ဦးသည် ည ၉နာရီအချိန်ခန့်က လမ်းလျှောက်နေချိန်တွင် မြန်မာနိုင်ငံသားလူအုပ်စု၏တိုက်ခိုက်ခြင်းကို ခံရကြောင်း၊ အဆိုပါဂျပန်နိုင်ငံသားနှစ်ဦးအနက် တစ်ဦးသည် ဝမ်းဗိုက်ကိုဓါးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေကောင်းမွန်မှုမရှိဘဲ မြို့ပြများတွင် လုယက်မှုများ၊ဓါးပြတိုက်မှုများမြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မြန်မာနိုင်ငံကိုရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများကို ညဘက်သာမက နေ့ဘက်တွင်လည်း သတိထားနေကြဖို့ တိုက်တွန်းတောင်းဆိုထားကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့ခြင်းရှိခဲ့သော် လည်း ဂျပန်နိုင်ငံက ပိတ်ဆို့မှုချမှတ်ခြင်းများမရှိသလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကိုလည်း ကုလသမဂ္ဂအဖွဲ့မှတဆင့် ကူညီပံ့ပိုးပေးလျက်ရှိနေသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ဂ်ပန္ႏိုင္ငံသားႏွစ္ဦး ဓါးျဖင့္တိုက္ခိုက္ခံခဲ့ရဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၇

ဂ်ပန္ႏိုင္ငံသား တစ္ဦးသည္ ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္ၿမိဳ႕မွာ ဓါးျဖင့္တိုက္ခိုက္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ဆိုသည္။

အဆိုပါဂ်ပန္ႏိုင္ငံသားကို ေဆး႐ုံတြင္ကုသေပးလ်က္ရွိေနၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခေနမ်ိဳးမရွိေၾကာင္း ဂ်ပန္သံ႐ုံးက ဆိုသည္။ ဂ်ပန္သံ႐ုံး၏အဆိုအရ ၿပီးခဲ့ေသာ ဇန္နဝါရီလ ၁၄ ရက္တြင္ ဂ်ပန္ႏိုင္ငံသား ႏွစ္ဦးသည္ ည ၉နာရီအခ်ိန္ခန႔္က လမ္းေလွ်ာက္ေနခ်ိန္တြင္ ျမန္မာႏိုင္ငံသားလူအုပ္စု၏တိုက္ခိုက္ျခင္းကို ခံရေၾကာင္း၊ အဆိုပါဂ်ပန္ႏိုင္ငံသားႏွစ္ဦးအနက္ တစ္ဦးသည္ ဝမ္းဗိုက္ကိုဓါးျဖင့္ တိုက္ခိုက္ခံခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလက အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လုံၿခဳံေရးအေျခအေနေကာင္းမြန္မႈမရွိဘဲ ၿမိဳ႕ျပမ်ားတြင္ လုယက္မႈမ်ား၊ဓါးျပတိုက္မႈမ်ားျမင့္တက္လာခဲ့သည္ကိုေတြ႕ရသည္။ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ျမန္မာႏိုင္ငံကိုေရာက္ရွိေနသည့္ ဂ်ပန္ႏိုင္ငံသားမ်ားကို ညဘက္သာမက ေန႔ဘက္တြင္လည္း သတိထားေနၾကဖို႔ တိုက္တြန္းေတာင္းဆိုထားေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ားသည္ ျမန္မာႏိုင္ငံအေပၚ ပစ္မွတ္ထားပိတ္ဆို႔ျခင္းရွိခဲ့ေသာ္ လည္း ဂ်ပန္ႏိုင္ငံက ပိတ္ဆို႔မႈခ်မွတ္ျခင္းမ်ားမရွိသလို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားကိုလည္း ကုလသမဂၢအဖြဲ႕မွတဆင့္ ကူညီပံ့ပိုးေပးလ်က္ရွိေနသည့္ ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.