နာဂဒေသ၌ ချင်းတွင်းမြစ်ကူးတံတား၊ အားကစားကွင်း၊ အထကကျောင်းနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးတို့ကို လုပ်ဆောင်ပေးမည်ဟု တပ်ချုပ်ကတိပြု

 740

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

နာဂဒေသ၌ ချင်းတွင်းမြစ်ကူးတံတား၊ အားကစားကွင်း၊ အထကကျောင်း နှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးတို့ကို လုပ်ဆောင်ပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေး ပြောဆိုခဲ့သည်။

၎င်းက ဇန်နဝါရီလ ၁၆ ရက်တွင် လဟယ်မြို့၌ပြုလုပ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းကတိပြုခဲ့ခြင်းဖြစ်သည်။

နာဂဒေသအတွင်း ပွဲကြည့်စင်နှင့်ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြီးစီးပါက ဒေသခံများအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင် ရွက်ကြစေလိုကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆို သည်။

ထို့ပြင် ၂ဝ၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူးထမံသီတံတားပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်းခင်းကျင်းပေးနိုင်ရေးကိုလည်း ရည် မှန်းချက်ထားကြိုးစားဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသခံများကို ကတိပြုပြောဆိုခဲ့သည်။

ဆက်လက်ပြီး ၎င်းက ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နာဂဒေသအတွင်း စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာများပါဝင်သည့် အခြေခံပညာအထက် တန်းကျောင်းတစ်ခုကို တည်ဆောက်ပေးသွားမည်ဟု ဒေသခံများကို ထည့်သွင်း ကတိပြုထားသည်။

ထို့ပြင် လဟယ်ဒေသ၌ လျှပ်စစ်ဓာတ်အားထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်ပေးမည်ဖြစ်ပြီး လေရှီးဒေသတွင်လည်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကအကြီးအကဲက ထည့်သွင်းပြောဆိုထားသည်။

အဆိုပါအထူးအစည်းအဝေးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများက ၎င်းတို့ဒေသ၌ လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ လမ်းပန်းဆက်သွယ်ရေးအဆင့်မြှင့်တင်ပေးရန် လိုနေသည့်အခြေအနေများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်ရာတွင် မြေနေရာအခက်အခဲလိုအပ်လျက်ရှိသည့်အခြေအနေများကိုလည်း ဒေသခံများက ထည့်သွင်းတင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

zawgyi version
နာဂေဒသ၌ ခ်င္းတြင္းျမစ္ကူးတံတား၊ အားကစားကြင္း၊ အထကေက်ာင္းႏွင့္ ေလအားလွ်ပ္စစ္ထုတ္လုပ္ေရးတို႔ကို လုပ္ေဆာင္ေပးမည္ဟု တပ္ခ်ဳပ္ကတိျပဳ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

နာဂေဒသ၌ ခ်င္းတြင္းျမစ္ကူးတံတား၊ အားကစားကြင္း၊ အထကေက်ာင္း ႏွင့္ ေလအားလွ်ပ္စစ္ထုတ္လုပ္ေရးတို႔ကို လုပ္ေဆာင္ေပးသြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကတိေပး ေျပာဆိုခဲ့သည္။

၎က ဇန္နဝါရီလ ၁၆ ရက္တြင္ လဟယ္ၿမိဳ႕၌ျပဳလုပ္ေသာ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အထူးအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကတိျပဳခဲ့ျခင္းျဖစ္သည္။

နာဂေဒသအတြင္း ပြဲၾကည့္စင္ႏွင့္ေျပးလမ္းပါ အားကစားကြင္းတစ္ခုကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ၿပီးစီးပါက ေဒသခံမ်ားအေနျဖင့္ စနစ္တက်ထိန္းသိမ္းေဆာင္ ႐ြက္ၾကေစလိုေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆို သည္။

ထို႔ျပင္ ၂ဝ၂၅ ခုႏွစ္ နာဂ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္အမီ ခ်င္းတြင္းျမစ္ကူးထမံသီတံတားၿပီးစီးေရးႏွင့္ ထမံသီအထိ ကတၱရာလမ္းခင္းက်င္းေပးႏိုင္ေရးကိုလည္း ရည္ မွန္းခ်က္ထားႀကိဳးစားေဆာင္႐ြက္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေဒသခံမ်ားကို ကတိျပဳေျပာဆိုခဲ့သည္။

ဆက္လက္ၿပီး ၎က ပညာေရးျမႇင့္တင္မႈႏွင့္ပတ္သက္၍ နာဂေဒသအတြင္း စိုက္ ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈအတတ္ပညာမ်ားပါဝင္သည့္ အေျခခံပညာအထက္ တန္းေက်ာင္းတစ္ခုကို တည္ေဆာက္ေပးသြားမည္ဟု ေဒသခံမ်ားကို ထည့္သြင္း ကတိျပဳထားသည္။

ထို႔ျပင္ လဟယ္ေဒသ၌ လွ်ပ္စစ္ဓာတ္အားထပ္မံတိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး ေဆာင္ ႐ြက္ေပးမည္ျဖစ္ၿပီး ေလရွီးေဒသတြင္လည္း ေလအားလွ်ပ္စစ္ထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း နစကအႀကီးအကဲက ထည့္သြင္းေျပာဆိုထားသည္။

အဆိုပါအထူးအစည္းအေဝးအတြင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသခံမ်ားက ၎တို႔ေဒသ၌ လွ်ပ္စစ္ဓာတ္အားလိုအပ္မႈ၊ လမ္းပန္းဆက္သြယ္ေရးအဆင့္ျမႇင့္တင္ေပးရန္ လိုေနသည့္အေျခအေနမ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ တင္ျပေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ နာဂ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္မ်ားကို ႏွစ္စဥ္က်င္းပျပဳလုပ္ရာတြင္ ေျမေနရာအခက္အခဲလိုအပ္လ်က္ရွိသည့္အေျခအေနမ်ားကိုလည္း ေဒသခံမ်ားက ထည့္သြင္းတင္ျပေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.