ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်အား သေနတ်အတုဖြင့် ဓါးပြဝင်တိုက်သူကို လုံခြုံရေးဝန်ထမ်းနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေး

 1631

NP News - ဇန်နဝါရီ ၁၇

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်အား သေနတ်အတုဖြင့် ဓါးပြဝင်တိုက်သူကို လုံခြုံရေးဝန်ထမ်းများနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိတ်အမည်းရောင်လွယ်ထားသည့် အမျိုးသားတစ်ဦးသည် ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်အတုအပါအဝင် ဓားဖြင့် ပြသခြိမ်းခြောက်ကာ ကောင်ပေါ်မှ ငွေကျပ်သိန်း (၁၉ဝ)ကို ယူဆောင်ပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဓါးပြတိုက်သူမှာ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာသွားစဉ်အချိန် ဘဏ်လုံခြုံရေးဝန်ထမ်း၊ ပြည်သူများနှင့် လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကာပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အား ဓါးပြတိုက်စဉ် ယူဆောင်သွားသည့် ငွေကျပ်သိန်း (၁၉ဝ) အပါအဝင် ဓါးပြတိုက်သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြစ်သည့် ငွေကျပ်ငါးသိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်အား ဓါးပြတိုက်သူမှာ အသက် (၃ဝ) အရွယ်ရှိ ကိုသက်ပိုင်ကျော်ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းအား ကျောက်တံတားမြို့နယ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ကေမာၻဇဘဏ္အား ေသနတ္အတုျဖင့္ ဓါးျပဝင္တိုက္သူကို လုံၿခဳံေရးဝန္ထမ္းႏွင့္ ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပး
NP News - ဇန္နဝါရီ ၁၇

ရန္ကုန္ၿမိဳ႕ရွိ ကေမာၻဇဘဏ္အား ေသနတ္အတုျဖင့္ ဓါးျပဝင္တိုက္သူကို လုံၿခဳံေရးဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၇ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္ခန႔္တြင္ ရန္ကုန္ တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ကုန္သည္လမ္းႏွင့္ ဆိပ္ကမ္းသာလမ္းေထာင့္ရွိ ကေမာၻဇဘဏ္ခြဲ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အိတ္အမည္းေရာင္လြယ္ထားသည့္ အမ်ိဳးသားတစ္ဦးသည္ ဘဏ္အတြင္းဝင္ေရာက္ကာ ေသနတ္အတုအပါအဝင္ ဓားျဖင့္ ျပသၿခိမ္းေျခာက္ကာ ေကာင္ေပၚမွ ေငြက်ပ္သိန္း (၁၉ဝ)ကို ယူေဆာင္ၿပီး ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။

ဓါးျပတိုက္သူမွာ ဘဏ္အတြင္းမွ ျပန္လည္ထြက္ခြာသြားစဥ္အခ်ိန္ ဘဏ္လုံၿခဳံေရးဝန္ထမ္း၊ ျပည္သူမ်ားႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းပူးေပါင္းကာပိတ္ဆို႔ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ကေမာၻဇဘဏ္အား ဓါးျပတိုက္စဥ္ ယူေဆာင္သြားသည့္ ေငြက်ပ္သိန္း (၁၉ဝ) အပါအဝင္ ဓါးျပတိုက္သူ၏ ကိုယ္ပိုင္ပိုက္ဆံျဖစ္သည့္ ေငြက်ပ္ငါးသိန္းေက်ာ္ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကေမာၻဇဘဏ္အား ဓါးျပတိုက္သူမွာ အသက္ (၃ဝ) အ႐ြယ္ရွိ ကိုသက္ပိုင္ေက်ာ္ဆိုသူျဖစ္ၿပီး လက္ရွိတြင္ ၎အား ေက်ာက္တံတားၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.