လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အရေးကြီးဟု တရားလွှတ်တော်ချုပ်ဆို

 629

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်စွာ ဆောင်ရွက်နိုင်သည့်
တရားစီရင်ရေးတစ်ရပ်ရှိရန် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ်က ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် တရား စီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂ဝ၂၃-၂ဝ၂၇)တွင် အထက်ပါကဲ့သို့ ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ (၅)နှစ်တာမဟာဗျူဟာစီမံကိန်းသည် မြန်မာပြည်သူလူထုအတွက် တန်းတူညီမှု၊ လွတ်လပ်မှုနှင့် တရားမျှတမှုအခွင့်အရေးတို့ကို ဂရုပြုအလေးထားကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က ဆိုထားသည်။

တရားစီရင်ရေးကဏ္ဍသည် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုရရှိရေးနှင့် တရားစီရင်ရေးတာဝန်များ အပြည့်အဝ ထမ်းဆောင်နိုင်ရန် လုံလောက်သောအရင်း အမြစ်များ ရရှိရေးတို့ကို နိုင်ငံတော်၏အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

ဒီမိုကရေစီစနစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်စွာဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မဟာဗျူဟာစီမံကိန်း တွင် ထည့်သွင်းပြောဆိုထားသည်။

ထို့ပြင် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရန်နှင့် တရားစီရင်ရေးလွတ်လပ်မှုကို ထိန်းသိမ်းလုပ်ဆောင်ရန်အတွက် ဘဏ္ဍာရေးနှင့်လူ့အရင်းအမြစ်များကို ခိုင်မာထိရောက်စွာ စီမံခန့်ခွဲပြီး အသုံးပြုရန်လည်း အရေးကြီးကြောင်း တရားလွှတ်တော်ချုပ်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းခြင်းနှင့်အကောင်အထည်ဖော်ခြင်းသည် တရာစီရင်ရေး၏ အရေးကြီးဆုံးသော တာဝန်တစ်ရပ်ဖြစ်သည်။

ပြည်သူများအနေဖြင့် အမှုအခင်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီထိရောက်စွာဖြေရှင်းပေးသည့် တရားရုံးစနစ်တစ်ခုကို လိုလားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ခဲ့သော ပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားအရပ်သားများ (၅ဝဝဝ) ထက်မနည်းရှိလာခဲ့ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အပေါ် ပြည်သူများက မေးခွန်းထုတ်လျက်ရှိနေသည်။

zawgyi version
လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္းစြာ ေဆာင္႐ြက္ႏိုင္သည့္ တရားစီရင္ေရးတစ္ရပ္ရွိရန္ အေရးႀကီးဟု တရားလႊတ္ေတာ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္စြာ ေဆာင္႐ြက္ႏိုင္သည့္
တရားစီရင္ေရးတစ္ရပ္ရွိရန္ အလြန္အေရးႀကီးေၾကာင္း ျပည္ေထာင္စုတရားလႊတ္ ေတာ္ခ်ဳပ္က ဆိုသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ယခုရက္ပိုင္းအတြင္း ထုတ္ျပန္သည့္ တရား စီရင္ေရးဆိုင္ရာမဟာဗ်ဴဟာစီမံကိန္း (၂ဝ၂၃-၂ဝ၂၇)တြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေဖာ္ျပထားျခင္းျဖစ္သည္။

အဆိုပါ (၅)ႏွစ္တာမဟာဗ်ဴဟာစီမံကိန္းသည္ ျမန္မာျပည္သူလူထုအတြက္ တန္းတူညီမႈ၊ လြတ္လပ္မႈႏွင့္ တရားမွ်တမႈအခြင့္အေရးတို႔ကို ဂ႐ုျပဳအေလးထားကာ ေရးဆြဲထားျခင္းျဖစ္ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုထားသည္။

တရားစီရင္ေရးက႑သည္ ျမန္မာျပည္သူအားလုံးအတြက္ တရားမွ်တမႈရရွိေရးႏွင့္ တရားစီရင္ေရးတာဝန္မ်ား အျပည့္အဝ ထမ္းေဆာင္ႏိုင္ရန္ လုံေလာက္ေသာအရင္း အျမစ္မ်ား ရရွိေရးတို႔ကို ႏိုင္ငံေတာ္၏အုပ္ခ်ဳပ္ေရးက႑၊ ဥပေဒျပဳေရးက႑တို႔ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ဟုလည္း ဆိုသည္။

ဒီမိုကေရစီစနစ္တစ္ရပ္ေပၚထြန္းေရးအတြက္ လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္စြာေဆာင္႐ြက္ႏိုင္သည့္ တရားစီရင္ေရးတစ္ရပ္ရွိရန္ အလြန္အေရးႀကီးေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က မဟာဗ်ဴဟာစီမံကိန္း တြင္ ထည့္သြင္းေျပာဆိုထားသည္။

ထို႔ျပင္ အမ်ားျပည္သူ၏ ယုံၾကည္ကိုးစားမႈကို တည္ေဆာက္ရန္ႏွင့္ တရားစီရင္ေရးလြတ္လပ္မႈကို ထိန္းသိမ္းလုပ္ေဆာင္ရန္အတြက္ ဘ႑ာေရးႏွင့္လူ႔အရင္းအျမစ္မ်ားကို ခိုင္မာထိေရာက္စြာ စီမံခန႔္ခြဲၿပီး အသုံးျပဳရန္လည္း အေရးႀကီးေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။

တရားဥပေဒစိုးမိုးေရးကို ထိန္းသိမ္းျခင္းႏွင့္အေကာင္အထည္ေဖာ္ျခင္းသည္ တရာစီရင္ေရး၏ အေရးႀကီးဆုံးေသာ တာဝန္တစ္ရပ္ျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္ အမႈအခင္းမ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ တရားမွ်တၿပီး အခ်ိန္မီထိေရာက္စြာေျဖရွင္းေပးသည့္ တရား႐ုံးစနစ္တစ္ခုကို လိုလားလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းမွစတင္ခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ျမန္မာႏိုင္ငံသားအရပ္သားမ်ား (၅ဝဝဝ) ထက္မနည္းရွိလာခဲ့ၿပီး လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးတို႔အေပၚ ျပည္သူမ်ားက ေမးခြန္းထုတ္လ်က္ရွိေနသည္။

Related news

© 2021. All rights reserved.