ပြည်ပနိုင်ငံများသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် (OWIC) ကတ် မဖြစ်မနေလျှောက်ထားရန် မြန်မာသံရုံးများ ကြေညာ

 1324

ယွန်း (NP News) - ဇန်နဝါရီ ၂ဝ

ပြည်ပနိုင်ငံများသို့သွားရောက်မည့် သာမန်နိုင်ငံကူးလက်မှတ်(PJ) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို OWIC ကတ် လျှောက်ထားကိုင်ဆောင်ရန် ရီယာဒ့်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

‌ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ့်မြို့ရှိ မြန်မာသံရုံးမှ ပြီးခဲ့သည့် ဇန်နဝါရီ(၁၉)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

သာမန်နိုင်ငံကူးလက်မှတ်(PJ) အမျိုးအစား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ကတ်ကို မဖြစ်မနေကိုင်ဆောင်ထားရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

အဆိုပါ OWIC ကတ် ကိုင်ဆောင်ထားမှသာ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်းကိုလည်း ရီယာဒ့်မြို့ရှိ မြန်မာသံရုံးမှ ထည့်သွင်းထုတ်ပြန်ထားသည်။

OWIC ကတ်သည် ပြည်ပသို့သွားရောက်မည့်အလုပ်သမားများကိုသာ ထုတ်ပေးခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၌ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ အသက် အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်နေသူများနှင့် မှီခိုနေထိုင်သူများအား မိမိတို့ကိုင်ဆောင်ထားသည့် (PJ) လက်မှတ်သတ်တမ်းကုန်ဆုံး၍ အသစ်လျှောက်ထားလျှင် အခြားသက်ဆိုင်သည့် (PJ) အမျိုးအစားအား ပြောင်းလဲ လျှောက်ထားရန် ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။

ထို့ကြောင့် သာမန်နိုင်ငံကူးလက်မှတ်(PJ) အမျိုးအစား ကိုင်ဆောင်ထားသည့် ပြည်ပနိုင်ငံများတွင်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ကို မဖြစ်မနေ လျှောက်ထားကိုင်ဆောင်ရန် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ့်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သည့် ပြည်ပနိုင်ငံများသို့သွားရောက်မည့် မြန်မာနိုင်ငံသားများကို လည်း သာမန်နိုင်ငံကူး လက်မှတ်(PJ) အမျိုးအစားမှ ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ကတ်ကို ပြောင်းလဲလျှောက်ထားရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့(ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် အသိပေးထုတ်ပြန်ထားသည်။

OWIC ကတ်ထုတ်ပေးရာတွင်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သက်ဆိုင်ရာနိုင်ငံကူးလက်မှတ် အမျိုးအစားအား စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ (OWIC) ကတ္ မျဖစ္မေနေလွ်ာက္ထားရန္ ျမန္မာသံ႐ုံးမ်ား ေၾကညာ
ယြန္း (NP News) - ဇန္နဝါရီ ၂ဝ

ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္မည့္ သာမန္ႏိုင္ငံကူးလက္မွတ္(PJ) ကိုင္ေဆာင္ထားသည့္ ျမန္မာႏိုင္ငံသားမ်ားကို OWIC ကတ္ ေလွ်ာက္ထားကိုင္ေဆာင္ရန္ ရီယာဒ့္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

‌ေဆာ္ဒီအာေရဗ်ႏိုင္ငံ၊ ရီယာဒ့္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ၿပီးခဲ့သည့္ ဇန္နဝါရီ(၁၉)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

သာမန္ႏိုင္ငံကူးလက္မွတ္(PJ) အမ်ိဳးအစား ကိုင္ေဆာင္ထားသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အျပည္ျပည္ ဆိုင္ရာေလဆိပ္၊ နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာႏိုင္ေရးအတြက္ ျပည္ပအလုပ္အကိုင္ အလုပ္သမားသက္ေသခံကတ္(OWIC) ကတ္ကို မျဖစ္မေနကိုင္ေဆာင္ထားရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။

အဆိုပါ OWIC ကတ္ ကိုင္ေဆာင္ထားမွသာ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာခြင့္ရမည္ျဖစ္ေၾကာင္းကိုလည္း ရီယာဒ့္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထည့္သြင္းထုတ္ျပန္ထားသည္။

OWIC ကတ္သည္ ျပည္ပသို႔သြားေရာက္မည့္အလုပ္သမားမ်ားကိုသာ ထုတ္ေပးျခင္းသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ ထည့္သြင္းေဖာ္ျပထားသည္။

ထို႔ျပင္ ျပည္ပႏိုင္ငံမ်ား၌ အၿမဲတမ္းေနထိုင္ခြင့္ပါမစ္ျဖင့္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း လုပ္ကိုင္ေနသူမ်ား၊ အသက္ အ႐ြယ္ႀကီးရင့္ၿပီး အၿငိမ္းစားဝန္ထမ္းျဖစ္ေနသူမ်ားႏွင့္ မွီခိုေနထိုင္သူမ်ားအား မိမိတို႔ကိုင္ေဆာင္ထားသည့္ (PJ) လက္မွတ္သတ္တမ္းကုန္ဆုံး၍ အသစ္ေလွ်ာက္ထားလွ်င္ အျခားသက္ဆိုင္သည့္ (PJ) အမ်ိဳးအစားအား ေျပာင္းလဲ ေလွ်ာက္ထားရန္ ထုတ္ျပန္ခ်က္တြင္ အသိေပးေဖာ္ျပထားသည္။

ထို႔ေၾကာင့္ သာမန္ႏိုင္ငံကူးလက္မွတ္(PJ) အမ်ိဳးအစား ကိုင္ေဆာင္ထားသည့္ ျပည္ပႏိုင္ငံမ်ားတြင္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ျပည္ပအလုပ္အကိုင္အလုပ္သမားသက္ေသခံကတ္(OWIC)ကို မျဖစ္မေန ေလွ်ာက္ထားကိုင္ေဆာင္ရန္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၊ ရီယာဒ့္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

အလားတူ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ ေနထိုင္သည့္ ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားကို လည္း သာမန္ႏိုင္ငံကူး လက္မွတ္(PJ) အမ်ိဳးအစားမွ ျပည္ပအလုပ္သမားသက္ေသခံကတ္(OWIC) ကတ္ကို ေျပာင္းလဲေလွ်ာက္ထားရန္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးက ယေန႔(ဇန္နဝါရီလ ၂ဝ ရက္ေန႔) တြင္ အသိေပးထုတ္ျပန္ထားသည္။

OWIC ကတ္ထုတ္ေပးရာတြင္လည္း ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ သက္ဆိုင္ရာႏိုင္ငံကူးလက္မွတ္ အမ်ိဳးအစားအား စိစစ္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.