အလယ်တန်းပြဆရာမတစ်ဦးအပါအဝင် လူသုံးဦးအား သေနတ်ဖြင့်ပစ်သတ်မှု ရွှေဘိုမြို့၌ဖြစ်ပွား

 1062

စော (NP News) - ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌ အလယ်တန်းပြဆရာမတစ်ဦးအပါအဝင် လူသုံးဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၉ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ကံသာကျေးရွာနေ ဒေါ်နန်းမေ(ခ)ဒေါ်သင်း (၅၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမားလူ(၁ဝ)ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်အဖွဲ့သည် ပလိုင်းကျေးရွာနေ ဦးစိုးနိုင်ထွန်း(၅၂)နှစ်နှင့် အစ်မဖြစ်သူ ပလိုင်းအခြေခံပညာအထက် တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စန်းရင်(၅၇) နှစ်တို့(၂)ဦးအား သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ဦးစိုးနိုင်ထွန်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်စန်းရင်မှာ သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီး စိုက်ပျိုး ရေးခြံအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မရမ်းချောင်ကျေးရွာနေ ဦးအောင်ထွေးခိုင်(၅၄) နှစ်သည် ၎င်းပိုင်စိုက်ပျိုးရေးခြံအတွင်းရှိနေစဉ် အကြမ်း ဖက်သမား( ၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၆ နာရီဝန်းကျင်အချိန်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ဥဿာ(၁၃)လမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ထပ်မံ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရာအိမ်မှူးဖြစ်သူ အသက်(၆၃)နှစ်အရွယ်ရှိဦးအောင်ငြိမ်းသည် ၎င်း၏နေအိမ်လမ်းပေါ်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမားအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှထုတ်ပြန်ထားသည်။

zawgyi version
စော (NP News) - ဇန်နဝါရီ ၂၁








Related news

© 2021. All rights reserved.