DKBA အဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်နှင့်အဆောက်အဦးများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ

 4288

NP News - ဇန်နဝါရီ ၂၁

DKBA အဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်နှင့်အဆောက်အဦးများ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) ၊ နံနက် ၁ နာရီအချိန်ခန့်တွင် ကရင်ပြည် နယ်၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မ တော်(DKBA)၊ အမှတ်(၂) စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ဝန်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်(၄)စီးဖြင့် ဗုံး(၄)လုံး လာရောက်ကြဲသွားခြင်းဖြစ်ကြောင်း DKBA ၏ ဘုရားသုံးဆူမြို့ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလှမြိုင်က NP News ကို အတည်ပြုပြောဆိုထားသည်။

“မနက် ၁ နာရီဝန်းကျင်လောက်က ဖြစ်တာ။ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့အိမ်တော့ ဗုံးမထိဘူး။ တခြားဟာတွေ ထိသွားတယ်။ ဘုရားရှစ်ခိုးဆောင်တွေ ဘာတွေထိသွားတယ်။ တခြားအဆောက်အဦးတွေက အမိုးတွေ၊ ဘာတွေက အကုန်လုံး ပျက်သွားတယ်” ဟု ဗိုလ်မှူးစောလှမြိုင်က ဆိုသည်။

ထိုသို့ ဗုံးကြဲခံရမှုကြောင့် အခြားသောသတင်းများတွင် DKBA တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းဖြစ်စဉ်အတွင်း အလုပ်သမားတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ဗိုလ်မှူးစောလှမြိုင်က “ဒီနေရာမှာက လေယာဉ်လာဝဲတာ အကြိမ်မနည်းဘူး။ အဲဒီကတည်းက ကလေးတွေလည်း နေရှာရရွှေ့အိပ်ရတယ်လေ။ လေယာဉ်လာဝဲကတည်းက သတင်းနည်းနည်းလေးလည်း ရတာပေါ့လေ။ အဲဒါတွေကြောင့် အကုန်လုံးရှောင်အိပ်ရတယ်။ လူကတော့ တစ်ယောက်ပဲ ထိခိုက်သွားတယ်။ မစိုးရိမ်ရဘူး။ အဆောက်အဦးကတော့ ပျက်သွားတာ များတာပေါ့” ဟု ဆိုသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း DKBA မှ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း အလုပ်သမားတန်းလျားအဆောက်အဦးနှင့် ဗျူဟာမှူးအစည်းအဝေး လုပ်လေ့ရှိသော အဆောက်အဦးမှာ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

DKBA အဖွဲ့မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်းက နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံကာ ငြိမ်းချမ်းဆွေးနွေးခဲ့ဖူးသည်။

နစကအကြီးအကဲ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် DKBA အဖွဲ့သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ကာ စစ်ဦးစီးချုပ်စောစတီးအနေဖြင့် တပ်မတော်နှင့်အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဟု ပြောဆိုထားဖူးသည်။

ထို့ပြင် DKBA သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်လည်း (၃)ကြိမ်ထက် မနည်း တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။

zawgyi version
DKBA အဖြဲ႕မွ ဗိုလ္မႉးႀကီးတစ္ဦး၏ ေနအိမ္ႏွင့္အေဆာက္အဦးမ်ား ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခံရ
NP News - ဇန္နဝါရီ ၂၁

DKBA အဖြဲ႕မွ ဗိုလ္မႉးႀကီးတစ္ဦး၏ ေနအိမ္ႏွင့္အေဆာက္အဦးမ်ား ေလေၾကာင္းမွတစ္ဆင့္ ဗုံးႀကဲတိုက္ခိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၁ ရက္) ၊ နံနက္ ၁ နာရီအခ်ိန္ခန႔္တြင္ ကရင္ျပည္ နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ ႀကိမ္ေခ်ာင္းေက်း႐ြာရွိ ဒီမိုကေရစီအက်ိဳးျပဳကရင့္တပ္မ ေတာ္(DKBA)၊ အမွတ္(၂) စစ္ကြပ္ကဲေရးနည္းဗ်ဴဟာမႉး ဗိုလ္မႉးႀကီးေစာေအဝမ္း၏ ေနအိမ္ဝန္းအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေလယာဥ္(၄)စီးျဖင့္ ဗုံး(၄)လုံး လာေရာက္ႀကဲသြားျခင္းျဖစ္ေၾကာင္း DKBA ၏ ဘုရားသုံးဆူၿမိဳ႕ဆက္ဆံေရးတာဝန္ခံ ဗိုလ္မႉးေစာလွၿမိဳင္က NP News ကို အတည္ျပဳေျပာဆိုထားသည္။

“မနက္ ၁ နာရီဝန္းက်င္ေလာက္က ျဖစ္တာ။ ဗိုလ္မႉးႀကီး ေစာေအဝမ္းရဲ႕အိမ္ေတာ့ ဗုံးမထိဘူး။ တျခားဟာေတြ ထိသြားတယ္။ ဘုရားရွစ္ခိုးေဆာင္ေတြ ဘာေတြထိသြားတယ္။ တျခားအေဆာက္အဦးေတြက အမိုးေတြ၊ ဘာေတြက အကုန္လုံး ပ်က္သြားတယ္” ဟု ဗိုလ္မႉးေစာလွၿမိဳင္က ဆိုသည္။

ထိုသို႔ ဗုံးႀကဲခံရမႈေၾကာင့္ အျခားေသာသတင္းမ်ားတြင္ DKBA တပ္ဖြဲ႕ဝင္(၂)ဦး ေသဆုံးခဲ့သည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ၎ျဖစ္စဥ္အတြင္း အလုပ္သမားတစ္ဦးသာ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနမရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ဗိုလ္မႉးေစာလွၿမိဳင္က “ဒီေနရာမွာက ေလယာဥ္လာဝဲတာ အႀကိမ္မနည္းဘူး။ အဲဒီကတည္းက ကေလးေတြလည္း ေနရွာရေ႐ႊ႕အိပ္ရတယ္ေလ။ ေလယာဥ္လာဝဲကတည္းက သတင္းနည္းနည္းေလးလည္း ရတာေပါ့ေလ။ အဲဒါေတြေၾကာင့္ အကုန္လုံးေရွာင္အိပ္ရတယ္။ လူကေတာ့ တစ္ေယာက္ပဲ ထိခိုက္သြားတယ္။ မစိုးရိမ္ရဘူး။ အေဆာက္အဦးကေတာ့ ပ်က္သြားတာ မ်ားတာေပါ့” ဟု ဆိုသည္။

ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခံရမႈျဖစ္စဥ္အတြင္း DKBA မွ ဗိုလ္မႉးႀကီးေစာေအဝမ္း၏ ေနအိမ္ ထိခိုက္ပ်က္စီးမႈ မရွိခဲ့ေသာ္လည္း အလုပ္သမားတန္းလ်ားအေဆာက္အဦးႏွင့္ ဗ်ဴဟာမႉးအစည္းအေဝး လုပ္ေလ့ရွိေသာ အေဆာက္အဦးမွာ ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

DKBA အဖြဲ႕မွ စစ္ဦးစီးခ်ဳပ္အဆင့္ရွိ ေစာစတီးဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ဇြန္လအတြင္းက နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံကာ ၿငိမ္းခ်မ္းေဆြးေႏြးခဲ့ဖူးသည္။

နစကအႀကီးအကဲ ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအနက္ DKBA အဖြဲ႕သည္လည္း တစ္ဖြဲ႕အပါအဝင္ျဖစ္ကာ စစ္ဦးစီးခ်ဳပ္ေစာစတီးအေနျဖင့္ တပ္မေတာ္ႏွင့္အၿမဲတမ္း လက္တြဲေဆာင္႐ြက္သြားမည္ဟု ေျပာဆိုထားဖူးသည္။

ထို႔ျပင္ DKBA သည္ NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႕တစ္ခုျဖစ္ၿပီး နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္လည္း (၃)ႀကိမ္ထက္ မနည္း ေတြ႕ဆုံ ေဆြးေႏြးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.