ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး

 825

စော (NP News) - ဇန်နဝါရီ ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၁)၊ နေ့လည် ၃နာရီဝန်းကျင်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃ဝ/၅)နှင့် (၃ဝ/၆)ကြားတွင် TOYOTA Succeed ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်သဖြင့် ကုန်တင်ယာဉ်အားဝင်တိုက်မိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် TOYOTA Succeed ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးသေဆုံးသွားသဖြင့် စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းမေပၚတြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦးေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၂၁

ရန္ကုန္-မႏၲေလးအျမန္လမ္းမေပၚတြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၁)၊ ေန႔လည္ ၃နာရီဝန္းက်င္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၃ဝ/၅)ႏွင့္ (၃ဝ/၆)ၾကားတြင္ TOYOTA Succeed ယာဥ္သည္ ေမာင္းႏွင္လာစဥ္ အရွိန္မထိန္းႏိုင္သျဖင့္ ကုန္တင္ယာဥ္အားဝင္တိုက္မိေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ TOYOTA Succeed ယာဥ္ေပၚပါ အမ်ိဳးသားႏွစ္ဦးေသဆုံးသြားသျဖင့္ စစ္ပင္ဆိပ္လူမႈကူညီေရးအသင္းယာဥ္ျဖင့္ ပဲခူးျပည္သူ႔ေဆး႐ုံသို႔ ကူညီပို႔ ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.