မြန်မာသည် တရုတ်နိုင်ငံအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် နိုင်ငံဖြစ် ကြောင်း တပ်ချုပ်ပြော

 2735

ယွန်း (NP News) - ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိတ်ချရသည့် နိုင်ငံဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ(၂၁)ရက်တွင် ရန်ကုန်မြို့ရှိ အမျိုး သားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ကျင်းပခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများ အပါအဝင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း တပ်ချုပ်က အတည်ပြုပြောဆိုထား သည်။

ထို့အတူ တရုတ်နိုင်ငံသည်လည်း မြန်မာအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း ၎င်းက အသိပေးပြောဆိုခဲ့သည်။

အလားတူ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတစ်ခုထဲ ကောင်းအောင်ကြိုးစားနေရုံသာမက နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများကလည်း အိမ်နီး ချင်းနိုင်ငံကောင်းများဖြစ်ရန်လိုကြောင်း နစကအကြီးအကဲက ထည့်သွင်းပြောဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများနှင့်လည်း ရင်းနှီးချစ်ကြည်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း တပ်ချုပ်မှ ကတိပြုပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူ (၅)ချက်ကို ကမ္ဘာတွင် စတင်ပြီး လက်မှတ်ရေးထိုးသည့် နိုင်ငံဖြစ်ကြောင်း နစက အကြီးအကဲမှ ထည့်သွင်းပြောဆိုထားသည်။

zawgyi version
ျမန္မာသည္ တ႐ုတ္ႏိုင္ငံအတြက္ မ်က္ႏွာႏွစ္ဖက္ ဆက္ဆံေရးမ်ိဳးမရွိသည့္ ႏိုင္ငံျဖစ္ ေၾကာင္း တပ္ခ်ဳပ္ေျပာ
ယြန္း (NP News) - ဇန္နဝါရီ ၂၂

ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံအတြက္ မ်က္ႏွာႏွစ္ဖက္ ဆက္ဆံေရးမ်ိဳးမရွိသည့္ ယုံၾကည္စိတ္ခ်ရသည့္ ႏိုင္ငံျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇန္နဝါရီလ(၂၁)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳး သားအားကစားၿပိဳင္ပြဲ႐ုံ(၁) သုဝဏၰတြင္ က်င္းပခဲ့ေသာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္ တ႐ုတ္လူမ်ိဳးမ်ား အပါအဝင္ တ႐ုတ္ႏြယ္ဖြား ျမန္မာႏိုင္ငံသားမ်ားအတြက္ မ်က္ႏွာႏွစ္ဖက္ဆက္ဆံေရးမ်ိဳးမရွိသည့္ ယုံၾကည္စိတ္ခ်ရသည့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေၾကာင္း တပ္ခ်ဳပ္က အတည္ျပဳေျပာဆိုထား သည္။

ထို႔အတူ တ႐ုတ္ႏိုင္ငံသည္လည္း ျမန္မာအတြက္ အေရးႀကီးသည့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ၿပီး ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး မိတ္ဖက္ႏိုင္ငံလည္းျဖစ္ေၾကာင္း ၎က အသိေပးေျပာဆိုခဲ့သည္။

အလားတူ ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ ႏိုင္ငံတစ္ခုထဲ ေကာင္းေအာင္ႀကိဳးစားေန႐ုံသာမက နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကလည္း အိမ္နီး ခ်င္းႏိုင္ငံေကာင္းမ်ားျဖစ္ရန္လိုေၾကာင္း နစကအႀကီးအကဲက ထည့္သြင္းေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ အပါအဝင္ အျခားအိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္လည္း ရင္းႏွီးခ်စ္ၾကည္စြာ ေနထိုင္သြားမည္ ျဖစ္ေၾကာင္း တပ္ခ်ဳပ္မွ ကတိျပဳေျပာဆိုခဲ့သည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံသည္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေရးမူ (၅)ခ်က္ကို ကမာၻတြင္ စတင္ၿပီး လက္မွတ္ေရးထိုးသည့္ ႏိုင္ငံျဖစ္ေၾကာင္း နစက အႀကီးအကဲမွ ထည့္သြင္းေျပာဆိုထားသည္။

Picture

Bo Tho

22/01/2023 14:25

ကောင်းပါတယ် ခင်ဗျားတို့ပဲ ငြိမ်းချမ်းနေကြ

Related news

© 2021. All rights reserved.