အမျိုးသားတစ်ဦးကို “ဒလန်”ဟု စွပ်စွဲ၍ ဓားဖြင့် ခုတ်သတ်မှု မတ္တရာမြို့တွင်ဖြစ်ပွား

 855

စော (NP News) - ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အမျိုးသားတစ်ဦးကို အကြမ်းဖက်များက “ဒလန်” ဟုစွပ်စွဲ၍ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ဝ ရက် ၊ ည (၆)နာရီခွဲအချိန်တွင် မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်မှာ လွန်တောင်းကျေးရွာတွင် နေထိုင်သူ ဦးမြင့်ဝင်း(၅၈)နှစ်သည် ကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ သာလွန်းဖြူကျေးရွာအနီးရှိ ၎င်း၏ လယ်ကွင်း၌ ရှိနေစဉ် အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာကာ ၎င်းအား “ဒလန်”ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်ပြီး လယ်ကွင်းအတွင်း ဦးမြင့်ဝင်းအား ဓားများဖြင့် ရက်စက်စွာထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဓားများဖြင့် ထိုးခုတ်ခံရမှုကြောင့် ဦးမြင့်ဝင်းတွင် လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ နံရိုးနှင့် ကျောဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများ အသီးသီးရရှိခဲ့သည့်အပြင် လက် ကောက်ဝတ်တွင်လည်း ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၁၉ ရက်ကလည်း မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာတွင် အမျိုးသားတစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ရကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားတစ္ဦးကို “ဒလန္”ဟု စြပ္စြဲ၍ ဓားျဖင့္ ခုတ္သတ္မႈ မတၱရာၿမိဳ႕တြင္ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၂

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို အၾကမ္းဖက္မ်ားက “ဒလန္” ဟုစြပ္စြဲ၍ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွသတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂ဝ ရက္ ၊ ည (၆)နာရီခြဲအခ်ိန္တြင္ မတၱရာၿမိဳ႕နယ္၊ လြန္ေတာင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္မွာ လြန္ေတာင္းေက်း႐ြာတြင္ ေနထိုင္သူ ဦးျမင့္ဝင္း(၅၈)ႏွစ္သည္ ေက်း႐ြာ၏ အေရွ႕ဘက္(၁)မိုင္ခန႔္အကြာ သာလြန္းျဖဴေက်း႐ြာအနီးရွိ ၎၏ လယ္ကြင္း၌ ရွိေနစဥ္ အၾကမ္းဖက္သမားႏွစ္ဦးက ဆိုင္ကယ္(၁)စီးျဖင့္ ေရာက္ရွိလာကာ ၎အား “ဒလန္”ဟုစြပ္စြဲ၍ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။

ထိုသို႔ဖမ္းဆီးေခၚေဆာင္ၿပီး လယ္ကြင္းအတြင္း ဦးျမင့္ဝင္းအား ဓားမ်ားျဖင့္ ရက္စက္စြာထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ဓားမ်ားျဖင့္ ထိုးခုတ္ခံရမႈေၾကာင့္ ဦးျမင့္ဝင္းတြင္ လည္ပင္း၊ ရင္ဘတ္၊ ဝမ္းဗိုက္၊ နံ႐ိုးႏွင့္ ေက်ာဘတ္တို႔တြင္ ထိုးသြင္းဒဏ္ရာမ်ား အသီးသီးရရွိခဲ့သည့္အျပင္ လက္ ေကာက္ဝတ္တြင္လည္း ျပတ္ရွဒဏ္ရာ(၁)ခ်က္ရရွိကာ အခင္းျဖစ္ရာေနရာ၌ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

ၿပီးခဲ့သည္ ဇန္နဝါရီလ ၁၉ ရက္ကလည္း မတၱရာၿမိဳ႕နယ္၊ ေက်ာက္တံတားေက်း႐ြာတြင္ အမ်ိဳးသားတစ္ဦး ဓားျဖင့္ခုတ္သတ္ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.