နွားစာတမာကိုင်းများ ခုတ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိမှု မြိုင်မြို့တွင်ဖြစ်ပွား

 648

စော (NP News) - ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နွားစာတမာကိုင်းများ ခုတ်ယူနေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂ဝ) ရက်၊ နံနက်(၇) နာရီအချိန်တွင် မြိုင်မြို့နယ် သရက်ကွကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သရက်ကွကျေးရွာတွင် နေထိုင်သူ ဦးသက်ရှည်(၆၃)နှစ်သည် ဇနီးဖြစ်သူ ဒေါ်စန်းဝင်း(၅၉)နှစ်နှင့်အတူ ကျေးရွာ၏အနောက်ဘက်၌ နွားစာတမာကိုင်းများ ခုတ်ယူနေစဉ် တောတန်းအတွင်းမှ အကြမ်းဖက်သမား(၅) ဦးက သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန်းဝင်းတွင် လည်ပင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသရန် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အလားတူ ဇန်နဝါရီလ (၂ဝ) ရက်၊ နံနက် (၁ဝ) နာရီအချိန်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၄၇(C)x၄၈ လမ်းကြား၊ ၁၂ဝ(မင်းကြီးရန်နောင်)လမ်းရှိ “ရတနာမိုး(၂)”ကလေးနှင့်စားဖွယ်စုံဆိုင်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သူ ကိုသန့်ဇင်ဝင်း(၃ဝ)နှစ်နှင့် အမျိုးသားတစ်ဦးတို့သည် ရတနာမိုး(၂)ဆိုင်၌ လက်ဖက် ရည်ထိုင်သောက်နေစဉ် (၁၂ဝ)လမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးပေါ်မှ အကြမ်းဖက်သမား (၄) ဦးက ဆိုင်အတွင်းဝင်ရောက်လာပြီး‌သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုများကြောင့် ကိုသန့်ဇင်ဝင်းတွင် ဦးခေါင်းကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း၊ ၎င်းနှင့်အတူထိုင်နေသည့် အမျိုးသားတစ်ဦးတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက် ရရှိကာသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version
ႏြားစာတမာကိုင္းမ်ား ခုတ္ေနစဥ္ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးထိခိုက္ဒဏ္ရာရရွိမႈ ၿမိဳင္ၿမိဳ႕တြင္ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၂

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ႏြားစာတမာကိုင္းမ်ား ခုတ္ယူေနစဥ္ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕မွသိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ (၂ဝ) ရက္၊ နံနက္(၇) နာရီအခ်ိန္တြင္ ၿမိဳင္ၿမိဳ႕နယ္ သရက္ကြေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သရက္ကြေက်း႐ြာတြင္ ေနထိုင္သူ ဦးသက္ရွည္(၆၃)ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚစန္းဝင္း(၅၉)ႏွစ္ႏွင့္အတူ ေက်း႐ြာ၏အေနာက္ဘက္၌ ႏြားစာတမာကိုင္းမ်ား ခုတ္ယူေနစဥ္ ေတာတန္းအတြင္းမွ အၾကမ္းဖက္သမား(၅) ဦးက ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚစန္းဝင္းတြင္ လည္ပင္း၌ က်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္ရရွိခဲ့သျဖင့္ ေဆးကုသရန္ ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။

အလားတူ ဇန္နဝါရီလ (၂ဝ) ရက္၊ နံနက္ (၁ဝ) နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္၊ ၄၇(C)x၄၈ လမ္းၾကား၊ ၁၂ဝ(မင္းႀကီးရန္ေနာင္)လမ္းရွိ “ရတနာမိုး(၂)”ကေလးႏွင့္စားဖြယ္စုံဆိုင္၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္တြင္ ေနထိုင္သူ ကိုသန႔္ဇင္ဝင္း(၃ဝ)ႏွစ္ႏွင့္ အမ်ိဳးသားတစ္ဦးတို႔သည္ ရတနာမိုး(၂)ဆိုင္၌ လက္ဖက္ ရည္ထိုင္ေသာက္ေနစဥ္ (၁၂ဝ)လမ္းအတိုင္း ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ႏွစ္စီးေပၚမွ အၾကမ္းဖက္သမား (၄) ဦးက ဆိုင္အတြင္းဝင္ေရာက္လာၿပီး‌ေသနတ္ျဖင့္ ပစ္ခတ္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ကိုသန္႔ဇင္ဝင္းတြင္ ဦးေခါင္းက်ည္ေဖာက္ထြက္ ဒဏ္ရာတစ္ခ်က္ျဖင့္လည္းေကာင္း၊ ၎ႏွင့္အတူထိုင္ေနသည့္ အမ်ိဳးသားတစ္ဦးတြင္ ဦးေခါင္းေနာက္ေစ့က်ည္ေဖာက္ထြက္ဒဏ္ရာ တစ္ခ်က္ ရရွိကာေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.