မကွေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ နှင့် စက်မှုကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

 499

ဖူးပြည့် (NP News) - ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၏ ရေမြေသဘာဝနှင့် လုပ်သားပေါများမှုများကြောင့် လျှပ်စစ် ဓာတ်အားကဏ္ဍ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍများတွင် FDI (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု) ဝင်ရောက်ရန်အတွက် အားသာချက်များနှင့် အခွင့်အလမ်းများရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် မကွေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဖိတ်ခေါ်လိုက်သည်။

ဝန်ကြီးချုပ်က မကြာသေးမီက ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂ဝ၂၃) ကြိမ်မြောက် အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

အလားတူ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အထက်ပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအများအပြား ဝင်ရောက်လာရင် ဒေသအ တွက် လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေ၊ နည်းပညာတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာရင် အလုပ် လက်မဲ့တွေ လျော့နည်းလာပြီး နိုင်ငံခြားသို့ အလုပ်ထွက်လုပ်မယ့် လုပ်သားအရေ အတွက်လည်း လျော့နည်းလာမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။

လက်ရှိအချိန်ထိ မကွေးတိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၉၉၄ သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံ ကျော်တန်ဖိုးရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု ဝင်ရောက်ထားကြောင်း သိရသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာဌာနများ အားလုံးက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ မိမိတို့ကျရာ ကဏ္ဍမှ လက်တွဲညီညီ အားဖြည့် ပူးပေါင်းပြီး လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့အောင် အားတက်သရော ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျင် မြန်စွာဝင်ရောက်လာနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ပါ ရင်းနှီး မြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းပေးထားသည်။

ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီများကို မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ်သန်း ၆ဝဝဝ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို စိစစ်ခွင့်ပေးထားကြောင်းသိရသည်။

zawgyi version
မေကြးတိုင္းအတြင္း လွ်ပ္စစ္ဓာတ္အားက႑၊ ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕က႑ ႏွင့္ စက္မႈက႑မ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ဖိတ္ေခၚ
ဖူးျပည့္ (NP News) - ဇန္နဝါရီ ၂၂

မေကြးတိုင္းေဒသႀကီး၏ ေရေျမသဘာဝႏွင့္ လုပ္သားေပါမ်ားမႈမ်ားေၾကာင့္ လွ်ပ္စစ္ ဓာတ္အားက႑၊ ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕က႑၊ စက္မႈက႑မ်ားတြင္ FDI (ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ) ဝင္ေရာက္ရန္အတြက္ အားသာခ်က္မ်ားႏွင့္ အခြင့္အလမ္းမ်ားရွိေနသည့္အတြက္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ မေကြးတိုင္းေဒသႀကီး ရင္းႏွီး ျမႇဳပ္ႏွံမႈ ေကာ္မတီဥကၠ႒၊ မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ဖိတ္ေခၚလိုက္သည္။

ဝန္ႀကီးခ်ဳပ္က မၾကာေသးမီက က်င္းပခဲ့သည့္ မေကြးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၁/၂ဝ၂၃) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကား ခဲ့ျခင္းျဖစ္သည္။

အလားတူ ျပည္တြင္းလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒႏွင့္အညီ အထက္ပါလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအမ်ားအျပား ဝင္ေရာက္လာရင္ ေဒသအ တြက္ လိုအပ္တဲ့ အေျခခံအေဆာက္ အအုံေတြ၊ နည္းပညာေတြ ရရွိလာမွာျဖစ္ပါတယ္။ ေဒသခံေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ရရွိလာရင္ အလုပ္ လက္မဲ့ေတြ ေလ်ာ့နည္းလာၿပီး ႏိုင္ငံျခားသို႔ အလုပ္ထြက္လုပ္မယ့္ လုပ္သားအေရ အတြက္လည္း ေလ်ာ့နည္းလာမွာျဖစ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။

လက္ရွိအခ်ိန္ထိ မေကြးတိုင္းေဒသႀကီးအတြင္းသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ အေမရိကန္ေဒၚလာ ၅၅ ဒသမ ၉၉၄ သန္း တန္ဖိုးရွိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခု ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၃ ဒသမ ၃ ဘီလ်ံ ေက်ာ္တန္ဖိုးရွိ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခု ဝင္ေရာက္ထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္လည္း သက္ဆိုင္ရာဌာနမ်ား အားလုံးက ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ မိမိတို႔က်ရာ က႑မွ လက္တြဲညီညီ အားျဖည့္ ပူးေပါင္းၿပီး လုပ္ငန္းစဥ္မ်ားကို လြယ္ကူေခ်ာေမြ႕ေအာင္ အားတက္သေရာ ပူးေပါင္းေဆာင္႐ြက္သြားၾကရန္လည္း လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား လ်င္ ျမန္စြာဝင္ေရာက္လာႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အျပင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအသီးသီးတြင္ပါ ရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီမ်ားကို ဖြဲ႕စည္းေပးထားသည္။

ထို႔ေၾကာင့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမ်ားကို မတည္ေငြရင္း ပမာဏ အေမရိကန္ေဒၚလာ ၅ သန္း (သို႔မဟုတ္) ေငြက်ပ္သန္း ၆ဝဝဝ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ အတည္ျပဳ ေလွ်ာက္ထားလႊာမ်ားကို စိစစ္ခြင့္ေပးထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.