စစ်ကိုင်းရှိ နန္ဒဝန်ရပ်ကွက်၌ အမျိုးသားတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံရမှုဖြစ်ပွား

 866

စော (NP News) - ဇန်နဝါရီ ၂၂

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ (၂၁)ရက်၊ နံနက်(၅)နာရီခွဲအချိန်ခန့်တွင် နန္ဒဝန်ရပ်ကွက်၊ ချင်းစုရပ်ရှိ စိန်ကမ္ဘာခေါက်ဆွဲစက်ရုံရှေ့လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားများဖြင့် ရက်စက်စွာထိုးခုတ်ခံရမှုကြောင့် အဆိုပါအမျိုးသားသည် ချိုစောင်းနှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာများ၊ ရင်အုံ၊ ဝမ်းဗိုက် နှင့် ကျောပြင်တို့၌ ထိုးသွင်းဒဏ် ရာများရရှိကာ သေဆုံးနေကြောင်း သိရသည်။

ထိုကြောင့် ၎င်းအား စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
စစ္ကိုင္းရွိ နႏၵဝန္ရပ္ကြက္၌ အမ်ိဳးသားတစ္ဦး ရက္စက္စြာသတ္ျဖတ္ခံရမႈျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၂

စစ္ကိုင္းၿမိဳ႕၊ နႏၵဝန္ရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦး ဓားဒဏ္ရာမ်ားျဖင့္ ရက္စက္စြာသတ္ျဖတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ (၂၁)ရက္၊ နံနက္(၅)နာရီခြဲအခ်ိန္ခန္႔တြင္ နႏၵဝန္ရပ္ကြက္၊ ခ်င္းစုရပ္ရွိ စိန္ကမာၻေခါက္ဆြဲစက္႐ုံေရွ႕လမ္းမေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဓားမ်ားျဖင့္ ရက္စက္စြာထိုးခုတ္ခံရမႈေၾကာင့္ အဆိုပါအမ်ိဳးသားသည္ ခ်ိဳေစာင္းႏွင့္ လည္ပင္းတို႔၌ ျပတ္ရွဒဏ္ရာမ်ား၊ ရင္အုံ၊ ဝမ္းဗိုက္ ႏွင့္ ေက်ာျပင္တို႔၌ ထိုးသြင္းဒဏ္ ရာမ်ားရရွိကာ ေသဆုံးေနေၾကာင္း သိရသည္။

ထိုေၾကာင့္ ၎အား စစ္ကိုင္းခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.