ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း ကုမ္ပဏီတစ်ခု၏ Money Changer လိုင်စင်အား ဗဟိုဘဏ် ပြန်လည်ရုပ်သိမ်း

 2223

NP News - ဇန်နဝါရီ ၂၃

ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း ကုမ္ပဏီတစ်ခု၏ Money Changer လိုင်စင်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (ဇန်နဝါရီလ ၂၃ ရက်)တွင် Imperial Myanmar Finance ကုမ္ပဏီ၏ Money Changer လိုင်စင်အား ရုပ်သိမ်းကြောင်း အသိပေးကြေညာထားသည်။

ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေး ကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပ ဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန် မူချမှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance ကုမ္ပဏီသို့ On-site သွားရောက်စစ်ဆေးရာတွင် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု ဗဟိုဘဏ်က ဆိုသည်။

ထို့ကြောင့် Imperial Myanmar Finance ကုမ္ပဏီသည် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိသဖြင့် ဗဟိုဘဏ်မှ ချမှတ်ထားသည့်မူအရ ၂ဝ၂ဝ ပြည့်နှစ်တွင် ထုတ်ပေးခဲ့သော Money Changer လိုင်စင်အား ယခုနှစ် (၂ဝ၂၃ ခုနှစ်) ဇန်နဝါရီလ ၁၉ ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

zawgyi version
ဘဏ္မဟုတ္သည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္း ကုမၸဏီတစ္ခု၏ Money Changer လိုင္စင္အား ဗဟိုဘဏ္ ျပန္လည္႐ုပ္သိမ္း
NP News - ဇန္နဝါရီ ၂၃

ဘဏ္မဟုတ္သည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္း ကုမၸဏီတစ္ခု၏ Money Changer လိုင္စင္အား ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း ေၾကညာထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔ (ဇန္နဝါရီလ ၂၃ ရက္)တြင္ Imperial Myanmar Finance ကုမၸဏီ၏ Money Changer လိုင္စင္အား ႐ုပ္သိမ္းေၾကာင္း အသိေပးေၾကညာထားသည္။

ဗဟိုဘဏ္က မွတ္ပုံတင္လက္မွတ္ထုတ္ေပးထားသည့္ ဘဏ္မဟုတ္သည့္ ေငြေရး ေၾကးေရးအဖြဲ႕အစည္းမ်ားသည္ Money Changer လုပ္ငန္းေဆာင္႐ြက္လိုပါက ဘဏ္မဟုတ္သည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္းေအာက္မွ မဟုတ္ဘဲ သီးျခားကုမၸ ဏီ သို႔မဟုတ္ မိခင္ကုမၸဏီအမည္ျဖင့္သာ ေလွ်ာက္ထားရန္ မူခ်မွတ္ထားေၾကာင္း ထုတ္ျပန္ထားသည္။

ဘဏ္မဟုတ္သည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္း မွတ္ပုံတင္လက္မွတ္ထုတ္ေပးထားသည့္ Imperial Myanmar Finance ကုမၸဏီသို႔ On-site သြားေရာက္စစ္ေဆးရာတြင္ အဆိုပါကုမၸဏီအမည္ျဖင့္ Money Changer လုပ္ငန္းကိုလည္း ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသည္ဟု ဗဟိုဘဏ္က ဆိုသည္။

ထို႔ေၾကာင့္ Imperial Myanmar Finance ကုမၸဏီသည္ ဘဏ္မဟုတ္သည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး Money Changer လုပ္ငန္းကိုလည္း ေဆာင္႐ြက္လ်က္ရွိသျဖင့္ ဗဟိုဘဏ္မွ ခ်မွတ္ထားသည့္မူအရ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ထုတ္ေပးခဲ့ေသာ Money Changer လိုင္စင္အား ယခုႏွစ္ (၂ဝ၂၃ ခုႏွစ္) ဇန္နဝါရီလ ၁၉ ရက္မွစ၍ ႐ုပ္သိမ္းလိုက္ေၾကာင္း ဗဟိုဘဏ္က ေၾကညာထားသည္။

Related news

© 2021. All rights reserved.