အိန္ဒိယယာယီအချုပ်ထောင်မှာ ဖမ်ဆီးခံရထားရတဲ့ မြန်မာနိုင်ငံသား သုံးဦး အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်

 2523

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ယာယီအချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ ဇန်နဝါရီ ၂၂ ရက်က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မဏိပူရပြည်နယ် Churachandpur ခရိုင်၊ အင်ဖာမြို့တောင်ပိုင်းမှ ၆၅ ကီလိုမီတာအကွာရှိ ယာယီအချုပ်ထောင်က မြန်မာနိုင်ငံသားသုံးဦး ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ပတ်သက်ပြီး၊ လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောပါတယ်။

အဆိုပါ ယာယီအချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ဝင်းမင်းထွေး၊ အသက် ၂၇ နှစ်အရွယ်ရှိ ဝင်းနိုင်ထွန်း နဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ဘီယာကာ ဆိုသူတို့ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ သတင်းတွေရဲ့အဆိုအရ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုနဲ့ ဖမ်ဆီးခံရပြီးနောက် အမှုရင်ဆိုင် နေရသူများဖြစ်ကြောင်း၊ ၎င်းတို့ကို တရားရုံးက အမှုအပြီးသတ်ဆုံးဖြတ်ချက်မချသေးဘဲ
ယာယီအချုပ်ထောင်ထဲမှာ ထားရှိခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်က အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး နေထိုင်နေတဲ့ ဘီယာကာ ကို ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ ယာယီအချုပ်ထောင်ထဲမှာ ဖမ်းဆီးထားခဲ့တယ်လို့ သိရပါ တယ်။ ဝင်းနိုင်ထွန်း နဲ့ နိုင်ဝင်းထွန်း တို့နှစ်ဦးဟာလည်း အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အတွက် ၂ဝ၂၁ ခုနှစ် ဧပြီလ ၄ ရက်ကတည်းက အဆိုပါယာယီအချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါ တယ်။

အဆိုပါ မြန်မာနိုင်ငံသားသုံးဦးနဲ့ပတ်သက်တဲ့အမှုကို တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခြင်းမရှိသေးတဲ့အတွက် ယာယီအချုပ်ထောင်မှာ ထားရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့တာဝန်ရှိသူများက အဆိုပါ မြန်မာ နိုင်ငံသားသုံးဦးဟာ ယာယီအချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၈ နာရီမှာ ယာယီအချုပ်ထောင်ထဲမှာ မရှိတော့တာကို တွေ့မြင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

Zawgyi Version;
အိႏၵိယယာယီအခ်ဳပ္ေထာင္မွာ ဖမ္ဆီးခံရထားရတဲ့ ျမန္မာႏိုင္ငံသား သုံးဦး အခ်ဳပ္ေထာင္မွ ထြက္ေျပး လြတ္ေျမာက္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၃

အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ရွိ ယာယီအခ်ဳပ္ေထာင္ထဲမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသား သုံးဦးဟာ ဇန္နဝါရီ ၂၂ ရက္က ထြက္ေျပးလြတ္ေျမာက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

မဏိပူရျပည္နယ္ Churachandpur ခ႐ိုင္၊ အင္ဖာၿမိဳ႕ေတာင္ပိုင္းမွ ၆၅ ကီလိုမီတာအကြာရွိ ယာယီအခ်ဳပ္ေထာင္က ျမန္မာႏိုင္ငံသားသုံးဦး ထြက္ေျပးလြတ္ေျမာက္သြားမႈနဲ႔ပတ္သက္ၿပီး၊ လက္ရွိအခ်ိန္မွာ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေန တယ္လို႔ အိႏၵိယရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားက ေျပာပါတယ္။

အဆိုပါ ယာယီအခ်ဳပ္ေထာင္မွာ ဖမ္းဆီးခံထားရတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ဝင္းမင္းေထြး၊ အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ ဝင္းႏိုင္ထြန္း နဲ႔ အသက္ ၁၇ ႏွစ္အ႐ြယ္ရွိ ဘီယာကာ ဆိုသူတို႔ ထြက္ေျပးလြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ အိႏၵိယ သတင္းေတြရဲ႕အဆိုအရ အိႏၵိယႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းမႈနဲ႔ ဖမ္ဆီးခံရၿပီးေနာက္ အမႈရင္ဆိုင္ ေနရသူမ်ားျဖစ္ေၾကာင္း၊ ၎တို႔ကို တရား႐ုံးက အမႈအၿပီးသတ္ဆုံးျဖတ္ခ်က္မခ်ေသးဘဲ
ယာယီအခ်ဳပ္ေထာင္ထဲမွာ ထားရွိခဲ့တယ္လို႔ သိရပါတယ္။

အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႕ဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၂၉ ရက္က အိႏၵိယႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ၿပီး ေနထိုင္ေနတဲ့ ဘီယာကာ ကို ဖမ္းဆီးခဲ့ၿပီးေနာက္ အဆိုပါ ယာယီအခ်ဳပ္ေထာင္ထဲမွာ ဖမ္းဆီးထားခဲ့တယ္လို႔ သိရပါ တယ္။ ဝင္းႏိုင္ထြန္း နဲ႔ ႏိုင္ဝင္းထြန္း တို႔ႏွစ္ဦးဟာလည္း အိႏၵိယႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ အတြက္ ၂ဝ၂၁ ခုႏွစ္ ဧၿပီလ ၄ ရက္ကတည္းက အဆိုပါယာယီအခ်ဳပ္ေထာင္ထဲမွာ ဖမ္းဆီးခံထားရတယ္လို႔ သိရပါ တယ္။

အဆိုပါ ျမန္မာႏိုင္ငံသားသုံးဦးနဲ႔ပတ္သက္တဲ့အမႈကို တရား႐ုံးက အၿပီးသတ္အမိန႔္ခ်မွတ္ျခင္းမရွိေသးတဲ့အတြက္ ယာယီအခ်ဳပ္ေထာင္မွာ ထားရွိျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အိႏၵိယရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားက အဆိုပါ ျမန္မာ ႏိုင္ငံသားသုံးဦးဟာ ယာယီအခ်ဳပ္ေထာင္မွ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း၊ ဇန္နဝါရီ ၂၂ ရက္၊ နံနက္ ၈ နာရီမွာ ယာယီအခ်ဳပ္ေထာင္ထဲမွာ မရွိေတာ့တာကို ေတြ႕ျမင္ခဲ့ေၾကာင္း ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.