မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် ယခင်အာဆီယံဥက္ကဋ္ဌများဖြစ်သော ကမ္ဘောဒီးယား၊ ဘရူးနိုင်ငံတို့၏အတွေ့အကြုံများကို လေ့လာသင်ယူမည်ဟု အင်ဒိုနီးရှားအစိုးရပြော

 510

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင် ကူညီပေး ရာတွင် ယခင်အာဆီယံအလှည့်ကျဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ဖူးသော ဘရူးနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့၏ အတွေ့အကြုံများကို လေ့လာသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးဖြစ်သူ ညွှန်ချုပ် Sidharto R Suryodipuro က ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးပြဿနာနှင့် ပတ်သက်ပြီး လုပ်သင့်တာနှင့် မလုပ်သင့်တာများကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူမည့် အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့သွားရောက်ရန် အစီအစဉ်မရှိသေးကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ချုပ်က ထပ်မံပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရေးပြသာနာသည် ခက်ခဲရှုပ်ထွေးကြောင်း၊ အာဏာသိမ်းလိုက်ခြင်းက နိုင်ငံရေးအခြေအနေကို ပိုဆိုးရွားလာစေသလိုဖြစ်စေခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ချုပ်က ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ဖေဖော်ဝါရီလဆန်းတွင် လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ရေးပြဿနာကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ရန္ ယခင္အာဆီယံဥကၠ႒မ်ားျဖစ္ေသာ ကေမာၻဒီးယား၊ ဘ႐ူးႏိုင္ငံတို႔၏အေတြ႕အႀကဳံမ်ားကို ေလ့လာသင္ယူမည္ဟု အင္ဒိုနီးရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄

အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံေရးပဋိပကၡမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္း အားလုံးႏွင့္ ဆက္သြယ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေအာင္ ကူညီေပး ရာတြင္ ယခင္အာဆီယံအလွည့္က်ဥကၠ႒မ်ားအျဖစ္ တာဝန္ယူခဲ့ဖူးေသာ ဘ႐ူးႏိုင္း၊ ကေမာၻဒီးယားႏိုင္ငံတို႔၏ အေတြ႕အႀကဳံမ်ားကို ေလ့လာသြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးျဖစ္သူ ၫႊန္ခ်ဳပ္ Sidharto R Suryodipuro က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးျပႆနာႏွင့္ ပတ္သက္ၿပီး လုပ္သင့္တာႏွင့္ မလုပ္သင့္တာမ်ားကို ေလ့လာသင္ယူသြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

အာဆီယံအလွည့္က်ဥကၠ႒၏ အထူးကိုယ္စားလွယ္အျဖစ္တာဝန္ယူမည့္ အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီ သည္ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔သြားေရာက္ရန္ အစီအစဥ္မရွိေသးေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ခ်ဳပ္က ထပ္မံေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံေရးျပသာနာသည္ ခက္ခဲရႈပ္ေထြးေၾကာင္း၊ အာဏာသိမ္းလိုက္ျခင္းက ႏိုင္ငံေရးအေျခအေနကို ပိုဆိုး႐ြားလာေစသလိုျဖစ္ေစခဲ့ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ခ်ဳပ္က ဆိုသည္။ အင္ဒိုနီးရွားႏိုင္ငံသည္ အာဆီယံဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ပထမဆုံးအႀကိမ္ အိမ္ရွင္အျဖစ္ ေဖေဖာ္ဝါရီလဆန္းတြင္ လက္ခံက်င္းပမည္ျဖစ္ရာ ျမန္မာႏိုင္ငံ ေရးျပႆနာကို ထည့္သြင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.