မေးမြန်ရန်ရှိသည်ဟုဆိုကာ မူလတန်းပြဆရာမတစ်ဦးအား နေအိမ်မှခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်သတ်မှု မြိုင်မြို့တွင်ဖြစ်ပွား

 981

NP News - ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ မြိင်မြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၂)ရက်၊ နေ့လည်(၁၂)နာရီခွဲ အချိန်တွင် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

အဆိုပါဖြစ်စဥ်မှာ ပေါက်ပြင်းကျေးရွာတွင် နေထိုင်သော ငှက်ပျောတွင်းကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ‌ဒေါ်မာမာအေး(၅၃)နှစ်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆရာမ‌ဒေါ်‌မာမာအေးသည် ၎င်း၏နေအိမ်၌ရှိနေချိန်တွင် အကြမ်းဖက်အင်အား(၅) ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်လာ၍ ၎င်းအား မေးမြန်းရန်ရှိသည်ဟုဆိုကာ နေအိမ်၏တောင်ဘက်သို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ပြန်လည်ထွက်သွားခဲ့‌ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆရာမဒေါ်မာမာအေးသည် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဥ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အ‌ရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေမးျမန္ရန္ရွိသည္ဟုဆိုကာ မူလတန္းျပဆရာမတစ္ဦးအား ေနအိမ္မွေခၚေဆာင္ၿပီး ေသနတ္ျဖင့္ ပစ္သတ္မႈ ၿမိဳင္ၿမိဳ႕တြင္ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၄

မေကြးတိုင္း၊ ၿမိင္ၿမိဳ႕နယ္တြင္ မူလတန္းျပဆရာမတစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၂)ရက္၊ ေန႔လည္(၁၂)နာရီခြဲ အခ်ိန္တြင္ ၿမိဳင္ၿမိဳ႕နယ္၊ ေပါက္ျပင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အဆိုပါျဖစ္စဥ္မွာ ေပါက္ျပင္းေက်း႐ြာတြင္ ေနထိုင္ေသာ ငွက္ေပ်ာတြင္းေက်း႐ြာ အ‌ေျခခံပညာမူလတန္းေက်ာင္းမွ မူလတန္းျပဆရာမ ‌ေဒၚမာမာေအး(၅၃)ႏွစ္သည္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာမ‌ေဒၚ‌မာမာေအးသည္ ၎၏ေနအိမ္၌ရွိေနခ်ိန္တြင္ အၾကမ္းဖက္အင္အား(၅) ဦးက ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္လာ၍ ၎အား ေမးျမန္းရန္ရွိသည္ဟုဆိုကာ ေနအိမ္၏ေတာင္ဘက္သို႔ ေခၚေဆာင္သြားၿပီး ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ကာ ျပန္လည္ထြက္သြားခဲ့‌ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာမေဒၚမာမာေအးသည္ ဦးေခါင္းက်ည္ေဖာက္ဝင္ဒဏ္ရာရရွိကာ အခင္းျဖစ္ရာေနရာ၌ ေသဆုံးခဲ့ေၾကာင္းသိရသည္။

အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အ‌ေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.