အိုင်အိုဝါရှိ စာသင်ကျောင်းတစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရခြင်းကြောင့် ကျောင်းသားနှစ်ဦးနဲ့ အရွယ်ရောက်ပြီးသူတစ်ဦး သေနတ်ထိမှန်ခဲ့

 559

ရောင်နီ (NP News) - ဇန်နဝါရီ ၂၄

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒက်စ်မွင်နီစ့်မြို့ရှိ အကျိုးအမြတ်မယူသော ပညာရေးစင်တာတစ်ခုမှာ ဇန်နဝါရီလ ၂၄ ရက်၊ တနင်္လာနေ့က သေနတ်နဲ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ကျောင်းသားနှစ်ဦးနဲ့ အရွယ်ရောက်ပြီးသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

သေနတ်ထိမှန်တဲ့ ကျောင်းသား ၂ ဦးဟာ ဆေးရုံတင်ပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပြီး Starts Right Here မှ လူငယ်များအတွက် သင်ကြားရေးအထောက်အကူပြုဝန်ထမ်းတစ်ဦးဟာ ခွဲစိတ်ကုသမှု ခံယူနေချိန်မှာ သေဆုံးခဲ့ ကြောင်း ရဲအရာရှိ ပါရစ်ဇက်ခ် က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

နောက်ထပ်အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ အမည်မသိ သံသယ ရှိသူ သုံးဦးဟာ အခင်းဖြစ်ပွားရာနေရာမှ ကားနဲ့ထွက်ပြေးခဲ့ပြီး အခင်းဖြစ်ပွားပြီး မိနစ် ၂ဝ အတွင်း ယာဉ်ထိန်း မှတ်တိုင်မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ထဲမှ တစ်ဦးက ကားပေါ်မှ ခုန်ချထွက်ပြေးခဲ့ ပေမယ့်လည်း နောက်ဆုံးမှာ K-9 ယူနစ်ရဲ့အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါရစ်ဇက်ခ် က ပြောကြားပါတယ်။ ပစ်ခတ်ရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ သိရပါတယ်။

"စာသင်ကျောင်းတွေဟာ ဘေးကင်းရမယ့် နေရာတွေပါ။ ဒီမှာဖြစ်ရင် လူထုအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်" လို့ ၄င်းက ဆိုပါတယ်။ ဒက်စ်မွင်နီစ့် အစိုးရကျောင်းများ ယာယီကျောင်းအုပ်ကြီး မတ်စမစ် က "အထူးသဖြင့် ကျောင်းသားတချို့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်တဲ့အဖွဲ့အစည်းကို ထိခိုက်စေတဲ့ နောက်ထပ် သေနတ်အကြမ်းဖက်မှုလုပ်ရပ်ကိုကြုံတွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆို ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတို့ကို အပြင်းထန်ဆုံးသော စွဲချက်များ ချမှတ်မယ်လို့ မျှော်လင့်ကြောင်း ပါရစ်ဇက်ခ် က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အိုင္အိုဝါရွိ စာသင္ေက်ာင္းတစ္ခုမွာ ေသနတ္နဲ႔ ပစ္ခတ္ခံရျခင္းေၾကာင့္ ေက်ာင္းသားႏွစ္ဦးနဲ႔ အ႐ြယ္ေရာက္ၿပီးသူတစ္ဦး ေသနတ္ထိမွန္ခဲ့
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၄

အေမရိကန္ႏိုင္ငံ၊ အိုင္အိုဝါျပည္နယ္၊ ဒက္စ္မြင္နီစ့္ၿမိဳ႕ရွိ အက်ိဳးအျမတ္မယူေသာ ပညာေရးစင္တာတစ္ခုမွာ ဇန္နဝါရီလ ၂၄ ရက္၊ တနလၤာေန႔က ေသနတ္နဲ႔ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ေက်ာင္းသားႏွစ္ဦးနဲ႔ အ႐ြယ္ေရာက္ၿပီးသူတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

ေသနတ္ထိမွန္တဲ့ ေက်ာင္းသား ၂ ဦးဟာ ေဆး႐ုံတင္ၿပီးေနာက္ ေသဆုံးသြားခဲ့တာျဖစ္ၿပီး Starts Right Here မွ လူငယ္မ်ားအတြက္ သင္ၾကားေရးအေထာက္အကူျပဳဝန္ထမ္းတစ္ဦးဟာ ခြဲစိတ္ကုသမႈ ခံယူေနခ်ိန္မွာ ေသဆုံးခဲ့ ေၾကာင္း ရဲအရာရွိ ပါရစ္ဇက္ခ္ က သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ား ထုတ္ျပန္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။ အမည္မသိ သံသယ ရွိသူ သုံးဦးဟာ အခင္းျဖစ္ပြားရာေနရာမွ ကားနဲ႔ထြက္ေျပးခဲ့ၿပီး အခင္းျဖစ္ပြားၿပီး မိနစ္ ၂ဝ အတြင္း ယာဥ္ထိန္း မွတ္တိုင္မွာ ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ၎တို႔ထဲမွ တစ္ဦးက ကားေပၚမွ ခုန္ခ်ထြက္ေျပးခဲ့ ေပမယ့္လည္း ေနာက္ဆုံးမွာ K-9 ယူနစ္ရဲ႕အကူအညီနဲ႔ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ပါရစ္ဇက္ခ္ က ေျပာၾကားပါတယ္။ ပစ္ခတ္ရတဲ့အေၾကာင္းရင္းကို မသိရေသးဘူးလို႔ သိရပါတယ္။

"စာသင္ေက်ာင္းေတြဟာ ေဘးကင္းရမယ့္ ေနရာေတြပါ။ ဒီမွာျဖစ္ရင္ လူထုအေပၚ ဆိုး႐ြားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာလိမ့္မယ္" လို႔ ၄င္းက ဆိုပါတယ္။ ဒက္စ္မြင္နီစ့္ အစိုးရေက်ာင္းမ်ား ယာယီေက်ာင္းအုပ္ႀကီး မတ္စမစ္ က "အထူးသျဖင့္ ေက်ာင္းသားတခ်ိဳ႕နဲ႔ နီးနီးကပ္ကပ္ အလုပ္လုပ္တဲ့အဖြဲ႕အစည္းကို ထိခိုက္ေစတဲ့ ေနာက္ထပ္ ေသနတ္အၾကမ္းဖက္မႈလုပ္ရပ္ကိုႀကဳံေတြ႕ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ ထုတ္ျပန္ခ်က္မွာ ေျပာဆို ခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူတို႔ကို အျပင္းထန္ဆုံးေသာ စြဲခ်က္မ်ား ခ်မွတ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ပါရစ္ဇက္ခ္ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.