မြန်မာပလာဇာရှေ့တွင် အိမ်ခြေမဲ့အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တိုက်သည့် ကားမောင်းပြေး

 1674

သန့်ဇင် (NP News) - ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြန်မာပလာဇာရှေ့တွင် အမျိုးသမီးတစ်ဦးကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး တိုက်သည့်ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်း ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၂၇ ရက်)၊ ည ၁ဝ နာရီ ၃ဝ မိနစ်အချိန်ခန့်က ရန်ကင်းမြို့နယ်၊ မြန်မာပလာရှေ့၊ ကမ္ဘာအေးလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြင်တဲ့လူတွေ ပြောတဲ့စကားအရတော့ ကန်ဘောင်ရှေ့ကမှတ်တိုင်မှာပြီးတော့ လွင့်ထွက်လာပြီးပလာဇာရှေ့မှာ ဆုံးသွားတာပေါ့။ အတိုက်ခံရတာက အမျိုးသမီးတစ်ဦးပါ။ အိမ်ခြေရာမဲ့တစ်ဦးပေါ့။ တိုက်တဲ့ကားကလည်း တိုက်ပြီး မောင်းပြေးသွာတာ” ဟု ရွှေရုပ်လွှာ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူမှာ အသက်(၄၇)ဝန်းကျင်အရွယ် ရှိသူဖြစ်ကာ ထိခိုက်ဒဏ်ရာများ ပြင်းထန်သည့်အတွက် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အမျိုးသမီးက ထိခိုက်ဒဏ်ရာ တော်တော်ပြင်းထန်တယ်။ ခါးရိုးကျိုးတယ်။ မျက်နှာလည်း တော်တော်ထိသွား တယ်။ သွေးတွေကတော့ အိုင်ထွန်းနေတာပါပဲ။ အရင်ကလည်း အဲဒီနေရာတွေက ယာဉ်တိုက်မှုတွေဖြစ်တယ်။ ကျွန်တော် သွားကောက်တာ တောင်(၃)ခုလောက် ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ရွှေရုပ်လွှာပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာပလာဇာေရွ႕တြင္ အိမ္ေျခမဲ့အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး တိုက္သည့္ ကားေမာင္းေျပး
သန႔္ဇင္ (NP News) - ဧၿပီ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္ရွိ ျမန္မာပလာဇာေရွ႕တြင္ အမ်ိဳးသမီးတစ္ဦးကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး တိုက္သည့္ကားမွာေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း ေ႐ႊ႐ုပ္လႊာပရဟိတလူမႈကူညီေရးအသင္း ထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဧၿပီလ ၂၇ ရက္)၊ ည ၁ဝ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ရန္ကင္းၿမိဳ႕နယ္၊ ျမန္မာပလာေရွ႕၊ ကမာၻေအးလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျမင္တဲ့လူေတြ ေျပာတဲ့စကားအရေတာ့ ကန္ေဘာင္ေရွ႕ကမွတ္တိုင္မွာၿပီးေတာ့ လြင့္ထြက္လာၿပီးပလာဇာေရွ႕မွာ ဆုံးသြားတာေပါ့။ အတိုက္ခံရတာက အမ်ိဳးသမီးတစ္ဦးပါ။ အိမ္ေျခရာမဲ့တစ္ဦးေပါ့။ တိုက္တဲ့ကားကလည္း တိုက္ၿပီး ေမာင္းေျပးသြာတာ” ဟု ေ႐ႊ႐ုပ္လႊာ ပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ေသဆုံးသူမွာ အသက္(၄၇)ဝန္းက်င္အ႐ြယ္ ရွိသူျဖစ္ကာ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္သည့္အတြက္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အမ်ိဳးသမီးက ထိခိုက္ဒဏ္ရာ ေတာ္ေတာ္ျပင္းထန္တယ္။ ခါး႐ိုးက်ိဳးတယ္။ မ်က္ႏွာလည္း ေတာ္ေတာ္ထိသြား တယ္။ ေသြးေတြကေတာ့ အိုင္ထြန္းေနတာပါပဲ။ အရင္ကလည္း အဲဒီေနရာေတြက ယာဥ္တိုက္မႈေတြျဖစ္တယ္။ ကြၽန္ေတာ္ သြားေကာက္တာ ေတာင္(၃)ခုေလာက္ ရွိတယ္” ဟု ၎က ဆက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ေ႐ႊ႐ုပ္လႊာပရဟိတအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.