နေရပ်စွန့်ခွာထွက်ပြေးရသူ ပမာဏဆက်လက်မြင့်တက်နေပြီး အရေအတွက် ၂ ဒသမ ၉ သန်းနီးပါး ရှိလာ

 761

ယွန်း (NP News) - ဧပြီ ၂၇

နေရပ်စွန့်ခွာထွက်ပြေးရသူ ပမာဏဆက်လက်မြင့်တက်နေပြီး အရေအတွက် ၂ ဒသမ ၉ သန်းနီးပါး ရှိလာကြောင်း မြန်မာနိုင်ငံရှိ The UN Office for the Coordination of Humanitarian Affairs(OCHA) မှ ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၂ ဒသမ ၉ သန်းနီးပါးရှိနေပြီး ၎င်းတို့အနက်မှ လူဦးရေ ၂ ဒသမ ၆ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဥ်အပြီး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူများ ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန် လာရာ ဖာပွန်နှင့် မြဝတီမြို့နယ်တို့ တွင် အပြင်းထန်ဆုံးဖြစ်ပွားခဲ့ကြောင်း UNOCHA က ဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ ပြီးခဲ့သည့်နှစ် ၂၀၂၃၊ နိုဝင်ဘာလမှစ၍ ပြန်လည် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေသည် ခန့်မှန်းခြေ ၁၆၆၀၀၀ အထိ မြင့်တက် လာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးအကူအညီများ ဆက်လက် ဆောင်ရွက်နေသော်လည်း ရန်ပုံငွေ ကြပ်တည်းမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Zawgyi Version;
ေနရပ္စြန႔္ခြာထြက္ေျပးရသူ ပမာဏဆက္လက္ျမင့္တက္ေနၿပီး အေရအတြက္ ၂ ဒသမ ၉ သန္းနီးပါး ရွိလာ
ယြန္း (NP News) - ဧၿပီ ၂၇

ေနရပ္စြန႔္ခြာထြက္ေျပးရသူ ပမာဏဆက္လက္ျမင့္တက္ေနၿပီး အေရအတြက္ ၂ ဒသမ ၉ သန္းနီးပါး ရွိလာေၾကာင္း ျမန္မာႏိုင္ငံရွိ The UN Office for the Coordination of Humanitarian Affairs(OCHA) မွ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပး ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတစ္ဝန္း၌ ေနရပ္စြန႔္ခြာထြက္ေျပးရသူ အေရအတြက္ ၂ ဒသမ ၉ သန္းနီးပါးရွိေနၿပီး ၎တို႔အနက္မွ လူဦးေရ ၂ ဒသမ ၆ သန္းနီးပါးသည္ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီး ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာရသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံ၏ အေရွ႕ေတာင္ပိုင္းတြင္ တိုက္ပြဲမ်ားျဖစ္ေပၚလ်က္ရွိၿပီး ကရင္ျပည္နယ္တြင္လည္း တိုက္ပြဲမ်ား ပိုမိုျပင္းထန္ လာရာ ဖာပြန္ႏွင့္ ျမဝတီၿမိဳ႕နယ္တို႔ တြင္ အျပင္းထန္ဆုံးျဖစ္ပြားခဲ့ေၾကာင္း UNOCHA က ဆိုထားသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တို႔၌ ၿပီးခဲ့သည့္ႏွစ္ ၂၀၂၃၊ ႏိုဝင္ဘာလမွစ၍ ျပန္လည္ ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးရသူဦးေရသည္ ခန႔္မွန္းေျခ ၁၆၆၀၀၀ အထိ ျမင့္တက္ လာခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ လူသားခ်င္းစာနာမႈဆိုင္ရာအဖြဲ႕အစည္းမ်ားအေနျဖင့္ ကယ္ဆယ္ေရးအကူအညီမ်ား ဆက္လက္ ေဆာင္႐ြက္ေနေသာ္လည္း ရန္ပုံေငြ ၾကပ္တည္းမႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.