ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ BGB နဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

 1318

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ BGB နဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP တို့ဟာ ဇန်နဝါရီ ၂၅ ရက်တို့မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ဟာ ကောဘဇာဒေသ တက်နက်မြို့ရှိ နတ်မြစ်နားမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနယ်စပ်ဒေသ လုံခြုံရေး အပြင် နတ်မြစ်တစ်လျှောက်မှာ BGB-BGP တို့ ပူးပေါင်းကင်းလှည့်မှု ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၂ ဦးတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့က ဒုတိယဗိုလ်မှူးကြီး ရှိတ်ခါလစ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လနောက်ပိုင်းကတည်းက စတင်ပြီး ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့တို့ရဲ့ ပူးတွဲကင်းလှည့်မှုတွေ ၃ နှစ်နီးပါးကြာ ဆိုင်းငံ့ခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃ဝ ရက်မှာ ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ရှိသူများ အလံတင်အစည်းအဝေး flag meeting ပြုလုပ်ခဲ့ရာမှာ နှစ်နိုင်ငံကြား ပူးတွဲကင်းလှည့်မှုများပြန်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့များကြား ပူးတွဲကင်းလှည့်မှု တွေ ပြန်လည်စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ BGB နဲ႔ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ BGB နဲ႔ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP တို႔ဟာ ဇန္နဝါရီ ၂၅ ရက္တို႔မွာ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ နဲ႔ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕တို႔ဟာ ေကာဘဇာေဒသ တက္နက္ၿမိဳ႕ရွိ နတ္ျမစ္နားမွာ ပူးတြဲစစ္ေရးေလ့က်င့္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဘဂၤလားေဒရွ႕္နဲ႔ ျမန္မာနယ္စပ္ေဒသ လုံၿခဳံေရး အျပင္ နတ္ျမစ္တစ္ေလွ်ာက္မွာ BGB-BGP တို႔ ပူးေပါင္းကင္းလွည့္မႈ ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္ၿပီး ပူးတြဲစစ္ေရးေလ့က်င့္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါပူးတြဲစစ္ေရးေလ့က်င့္မႈမွာ ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၂ ဦး၊ ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ ၁၂ ဦးတို႔ ပူးေပါင္းပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ဘဂၤလားေဒရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕က ဒုတိယဗိုလ္မႉးႀကီး ရွိတ္ခါလစ္က ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ၂ဝ၂ဝ ျပည့္ႏွစ္၊ မတ္လေနာက္ပိုင္းကတည္းက စတင္ၿပီး ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ နဲ႔ ျမန္မာနယ္ျခား ေစာင့္ရဲတပ္ဖြဲ႕တို႔ရဲ႕ ပူးတြဲကင္းလွည့္မႈေတြ ၃ ႏွစ္နီးပါးၾကာ ဆိုင္းငံ့ခဲ့ေၾကာင္း၊ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၃ဝ ရက္မွာ ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ နဲ႔ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ား အလံတင္အစည္းအေဝး flag meeting ျပဳလုပ္ခဲ့ရာမွာ ႏွစ္ႏိုင္ငံၾကား ပူးတြဲကင္းလွည့္မႈမ်ားျပန္လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕ နဲ႔ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕မ်ားၾကား ပူးတြဲကင္းလွည့္မႈ ေတြ ျပန္လည္စတင္လုပ္ေဆာင္ခဲ့ၿပီး ေနာက္ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.