ဟေတီနိုင်ငံမှာ နိုင်ငံတကာတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားဖို့ ကုလသမဂ္ဂအဖွဲ့ တောင်းဆို

 553

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

ကုလသမဂ္ဂဟာ ဟေတီနိုင်ငံမှာ နိုင်ငံတကာတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားဖို့ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ဟေတီနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ဖြစ်ပွားမှုကိုလျော့ချနိုင်ဖို့ နဲ့ တရားဥပဒေစိုးမိုးမှုဖြစ်စေဖို့အတွက် နိုင်ငံတကာတပ်ဖွဲ့များ ချထားဖို့ ကုလသမဂ္ဂက တွန်းအားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဟေတီနိုင်ငံအတွင်း အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ဟာ ဆယ်စုနှစ်အတွင်းမဖြစ်ဘူးတဲ့ အရေအတွက်အဆင့်တန်းမျိုးကိုရောက်ရှိလာခဲ့ကြောင်း ဆိုပါတယ်။

၎င်းက "ဟေတီနိုင်ငံမှာ ပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်ဖို့အတွက် နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ပါဝင်ကူညီဖို့ လိုအပ် နေတယ်" လို့ပြောပါတယ်။ ဟေတီဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဟေတီနိုင်ငံမှာ နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များ ချထားဖို့ ပထမဆုံးအကြိမ် အဆိုပြုတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဟေတီဝန်ကြီးချုပ်က နိုင်ငံအတွင်းဖြစ်နေတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုများကို နှိမ်နှင်းအရေးယူနိုင်ဖို့ နိုင်ငံတကာ အထူးတပ်ဖွဲ့တွေ ဖြန့်ကြတ်ချထားပေးစေလိုတယ်လို့ ဆိုပါတယ်။ ၎င်းက "လက်ရှိအချိန်မှာ ဟေတီနိုင်ငံအတွင်း ရာဇဝတ်ဂိုဏ်းတွေဟာ ဆန္ဒပြသူများကို ကူညီပေးနေတယ်။ ဒါကြောင့် ဟေတီရဲ့အဓိက ဆိပ်ကမ်းပိတ်ခဲ့ရသလို ရေနဲ့လောင်စာဆီတွေလိုမျိုး အဓိက စားသုံးကုန် လိုအပ်ချက်တွေ မြင့်တက်လာခဲ့တယ်" လို့ ပြောပါတယ်။

အမေရိကန်အစိုးရဧာ ဟေတီနိုင်ငံအတွင်းရှိ အုပ်စုဖွဲ့အကြမ်းဖက်မှုကျူးလွန်သူများ၊ လက်နက်ကိုင်အဖွဲ့များကို ဖြိုခွင်းနိုင်အောင် သံချပ်ကာ ကားများ ရောင်းချဖို့ မကြာသေးမီက သဘောတူညီခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များကို အကန့်အသတ်နဲ့ စေလွှတ်ချထားဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ဟေတီနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် ဇူလိုင်လက သမ္မတ မော်စီ လုပ်ကြံခံရမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရေးပဋိပက္ခများ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ကျူးလွန်မှုတွေ မြင့်တက်လာခဲ့ပြီး၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များရဲ့သက်တမ်းဟာ ဇန်နဝါရီ ၉ ရက်က ကုန်ဆုံးသွားခဲ့ပေမယ့် နောက်ထပ်ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကိုကြေညာနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
ေဟတီႏိုင္ငံမွာ ႏိုင္ငံတကာတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားဖို႔ ကုလသမဂၢအဖြဲ႕ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

ကုလသမဂၢဟာ ေဟတီႏိုင္ငံမွာ ႏိုင္ငံတကာတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားဖို႔ ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။ ေဟတီႏိုင္ငံမွာ ျဖစ္ပြားလ်က္ရွိေနတဲ့ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ား၊ ျဖစ္ပြားမႈကိုေလ်ာ့ခ်ႏိုင္ဖို႔ နဲ႔ တရားဥပေဒစိုးမိုးမႈျဖစ္ေစဖို႔အတြက္ ႏိုင္ငံတကာတပ္ဖြဲ႕မ်ား ခ်ထားဖို႔ ကုလသမဂၢက တြန္းအားေပးေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

ေဟတီႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္က ေဟတီႏိုင္ငံအတြင္း အုပ္စုဖြဲ႕အၾကမ္းဖက္တိုက္ခိုက္မႈေတြ ဟာ ဆယ္စုႏွစ္အတြင္းမျဖစ္ဘူးတဲ့ အေရအတြက္အဆင့္တန္းမ်ိဳးကိုေရာက္ရွိလာခဲ့ေၾကာင္း ဆိုပါတယ္။

၎က "ေဟတီႏိုင္ငံမွာ ျပည္သူေတြ ၿငိမ္းခ်မ္းစြာေနထိုင္ဖို႔အတြက္ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္ေတြ ပါဝင္ကူညီဖို႔ လိုအပ္ ေနတယ္" လို႔ေျပာပါတယ္။ ေဟတီဝန္ႀကီးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလအတြင္း ေဟတီႏိုင္ငံမွာ ႏိုင္ငံတကာလုံၿခဳံေရးတပ္ဖြဲ႕မ်ား ခ်ထားဖို႔ ပထမဆုံးအႀကိမ္ အဆိုျပဳေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ေဟတီဝန္ႀကီးခ်ဳပ္က ႏိုင္ငံအတြင္းျဖစ္ေနတဲ့ အုပ္စုဖြဲ႕အၾကမ္းဖက္မႈမ်ားကို ႏွိမ္ႏွင္းအေရးယူႏိုင္ဖို႔ ႏိုင္ငံတကာ အထူးတပ္ဖြဲ႕ေတြ ျဖန႔္ၾကတ္ခ်ထားေပးေစလိုတယ္လို႔ ဆိုပါတယ္။ ၎က "လက္ရွိအခ်ိန္မွာ ေဟတီႏိုင္ငံအတြင္း ရာဇဝတ္ဂိုဏ္းေတြဟာ ဆႏၵျပသူမ်ားကို ကူညီေပးေနတယ္။ ဒါေၾကာင့္ ေဟတီရဲ႕အဓိက ဆိပ္ကမ္းပိတ္ခဲ့ရသလို ေရနဲ႔ေလာင္စာဆီေတြလိုမ်ိဳး အဓိက စားသုံးကုန္ လိုအပ္ခ်က္ေတြ ျမင့္တက္လာခဲ့တယ္" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရဧာ ေဟတီႏိုင္ငံအတြင္းရွိ အုပ္စုဖြဲ႕အၾကမ္းဖက္မႈက်ဴးလြန္သူမ်ား၊ လက္နက္ကိုင္အဖြဲ႕မ်ားကို ၿဖိဳခြင္းႏိုင္ေအာင္ သံခ်ပ္ကာ ကားမ်ား ေရာင္းခ်ဖို႔ မၾကာေသးမီက သေဘာတူညီခဲ့ၿပီး အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို အကန႔္အသတ္နဲ႔ ေစလႊတ္ခ်ထားဖြယ္ရွိတယ္လို႔ သတင္းမ်ားထြက္ေပၚေနပါတယ္။ ေဟတီႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လက သမၼတ ေမာ္စီ လုပ္ႀကံခံရမႈျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ငံေရးပဋိပကၡမ်ား၊ အုပ္စုဖြဲ႕အၾကမ္းဖက္မႈမ်ား က်ဴးလြန္မႈေတြ ျမင့္တက္လာခဲ့ၿပီး၊ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕သက္တမ္းဟာ ဇန္နဝါရီ ၉ ရက္က ကုန္ဆုံးသြားခဲ့ေပမယ့္ ေနာက္ထပ္ေ႐ြးေကာက္ပြဲက်င္းပမယ့္အခ်ိန္ကိုေၾကညာႏိုင္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.