အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို lockdown ချခဲ့ရ

 492

Pika (NP News) - ဇန်နဝါရီ ၂၅

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တွင် အမျိုးအမည်မသိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ပြုံးယမ်းမြို့ရှိ အာဏာပိုင်များသည် ငါးရက်ကြာ lockdown ချထားရန် အမိန့်ထုတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါသတိပေးချက်တွင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်းမျိုးမရှိသော်လည်း မြို့တွင်း နေထိုင်သူများသည် ဇန်နဝါရီ(၂၉)ရက်အထိ နေအိမ်များတွင်သာနေထိုင်ရဖြစ်ပြီး အပူချိန်စစ်ဆေးမှုအကြိမ်များစွာ ပြုလုပ်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားကိုစောင့်ကြည့်နေသော NK သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါအမိန့်များကြောင့် ပြုံးယမ်းမြို့တွင်နေထိုင်သော ဒေသခံများသည် စားသောက်ကုန်ပစ္စည်းများ သိုလှောင် ထားပုံပေါ်ကြောင်း NK သတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတွင်းရှိ အခြားဒေသများတွင်လည်း lockdown အသစ်များ ချမှတ်ထားခြင်း ရှိ/မရှိဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်(၁၉)ရောဂါ ပထမဆုံးဖြစ်ပွားမှုကို ပြီးခဲ့သည့်နှစ်တွင် အတည်ပြုခဲ့သော်လည်း ဩဂုတ်လတွင် နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးမှုများကို သေသေချာချာ မလုပ်ဆောင်ခဲ့ သောကြောင့် ကိုဗစ်(၁၉)ရောဂါက ဘယ်နှစ်ဦးထိ ကူးစက်ခံရသည်ဆိုသည့်အချက်ကို အတည်တကျထုတ်ပြန်ခဲ့ ခြင်းမျိုး မရှိကြောင်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်များအစား ဖျားနာသည့်လူနာများ၏ နေ့စဥ်အရေအတွက်ကိုသာ အစီအရင်ခံခဲ့ပြီး ဖျားနာ လူနာသည် လူပေါင်း(၂၅)သန်းတွင် (၄ ဒသမ ၇၇) သန်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ သို့သော် လည်း မြောက်ကိုရီးယားသည် ဇူလိုင်(၂၉)ရက်ကတည်းက လက်ရှိအချိန်အထိ ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက် သောကိစ္စများကို အစီရင်ခံခြင်းမျိုး မရှိသေးကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများသည် တုပ်ကွေး အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ‌ရောဂါများကို တိုက်ဖျက်ရန် ကပ်ရောဂါတိုက်ဖျက်ရေး အစီအစဥ်များကို ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်၊၊

Zawgyi Version;
အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျမင့္တက္လာျခင္းေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕ကို lockdown ခ်ခဲ့ရ
Pika (NP News) - ဇန္နဝါရီ ၂၅

ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕တြင္ အမ်ိဳးအမည္မသိေသာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈ ျမင့္တက္လာတာေၾကာင့္ ၿပဳံးယမ္းၿမိဳ႕ရွိ အာဏာပိုင္မ်ားသည္ ငါးရက္ၾကာ lockdown ခ်ထားရန္ အမိန႔္ထုတ္ခဲ့ ေၾကာင္း သိရသည္။

အဆိုပါသတိေပးခ်က္တြင္ ကိုဗစ္(၁၉)ေရာဂါႏွင့္ပတ္သက္ၿပီး ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာ္လည္း ၿမိဳ႕တြင္း ေနထိုင္သူမ်ားသည္ ဇန္နဝါရီ(၂၉)ရက္အထိ ေနအိမ္မ်ားတြင္သာေနထိုင္ရျဖစ္ၿပီး အပူခ်ိန္စစ္ေဆးမႈအႀကိမ္မ်ားစြာ ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားကိုေစာင့္ၾကည့္ေနေသာ NK သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

အဆိုပါအမိန႔္မ်ားေၾကာင့္ ၿပဳံးယမ္းၿမိဳ႕တြင္ေနထိုင္ေသာ ေဒသခံမ်ားသည္ စားေသာက္ကုန္ပစၥည္းမ်ား သိုေလွာင္ ထားပုံေပၚေၾကာင္း NK သတင္းဌာနက ေဖာ္ျပခဲ့သည္။ ႏိုင္ငံတြင္းရွိ အျခားေဒသမ်ားတြင္လည္း lockdown အသစ္မ်ား ခ်မွတ္ထားျခင္း ရွိ/မရွိဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ ကိုဗစ္(၁၉)ေရာဂါ ပထမဆုံးျဖစ္ပြားမႈကို ၿပီးခဲ့သည့္ႏွစ္တြင္ အတည္ျပဳခဲ့ေသာ္လည္း ဩဂုတ္လတြင္ ႏိုင္ငံအတြင္း ကိုဗစ္(၁၉)ေရာဂါ ကင္းစင္သြားၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ကိုဗစ္(၁၉)ေရာဂါႏွင့္ပတ္သက္ၿပီး စစ္ေဆးမႈမ်ားကို ေသေသခ်ာခ်ာ မလုပ္ေဆာင္ခဲ့ ေသာေၾကာင့္ ကိုဗစ္(၁၉)ေရာဂါက ဘယ္ႏွစ္ဦးထိ ကူးစက္ခံရသည္ဆိုသည့္အခ်က္ကို အတည္တက်ထုတ္ျပန္ခဲ့ ျခင္းမ်ိဳး မရွိေၾကာင္းသိရသည္။

အဆိုပါ ထုတ္ျပန္ခ်က္မ်ားအစား ဖ်ားနာသည့္လူနာမ်ား၏ ေန႔စဥ္အေရအတြက္ကိုသာ အစီအရင္ခံခဲ့ၿပီး ဖ်ားနာ လူနာသည္ လူေပါင္း(၂၅)သန္းတြင္ (၄ ဒသမ ၇၇) သန္းခန႔္အထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ လည္း ေျမာက္ကိုရီးယားသည္ ဇူလိုင္(၂၉)ရက္ကတည္းက လက္ရွိအခ်ိန္အထိ ကိုဗစ္(၁၉)ေရာဂါႏွင့္ပတ္သက္ ေသာကိစၥမ်ားကို အစီရင္ခံျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာမ်ားသည္ တုပ္ေကြး အပါအဝင္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ‌ေရာဂါမ်ားကို တိုက္ဖ်က္ရန္ ကပ္ေရာဂါတိုက္ဖ်က္ေရး အစီအစဥ္မ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္၊၊

Related news

© 2021. All rights reserved.