တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက် ၇ သန်းကျော်ရှိပြီး၊ တစ်ရက်ကို အနည်းဆုံး လူ ၄ဝဝဝ သေဆုံးနေ

 467

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

တရုတ်အစိုးရက တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ဒီဇင်ဘာ ၂၂ ရက်ကတည်းက တစ်ရက်ကို လူပေါင်း ၇ သန်းအထိ ကူးစက်ခံရပြီး၊ တစ်ရက်ကို အနည်းဆုံး ၄ဝဝဝ ခန့်သေဆုံးနေကြောင်း၊ တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနဲ့ တားဆီးရေးအဖွဲ့က ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ထင်ရှားတဲ့ ဆေးပညာရှင်တစ်ဦးကလည်း ကျေးလက်ဒေသများ အပါအဝင် လာမယ့် နှစ်လ (သို့မဟုတ်) သုံးလအတွင်း နိုင်ငံအတွင်းရှိ လူဦးရေ (၁ ဒသမ ၄) ဘီလျံရဲ့ ၈ဝ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့တားဆီးရေးအဖွဲ့က "ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ နဲ့ အဖျားနဲ့ပတ်သက်တဲ့ဆွေးနွေးတိုင်ပင်သူအရေအတွက်ဟာ မြင့်တက်လာခဲ့တယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ တစ်ရက်ကို ၇ သန်းလောက်အထိ ရှိနေခဲ့ပြီး အဖျားကြောင့် ဆေးခန်းလာပြသူ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသူဦးရေကလည်း တစ်ရက်ကို (၂ ဒသမ ၈၆၇) ဦးအထိ မြင့်တက်လာခဲ့တယ်" လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဇန်နဝါရီ ၁၂ ရက်အထိ ဆေးရုံများမှာ တစ်ရက်ကို သေဆုံးသူဦးရေဟာ ၆ဝဝဝ နီးပါး ရှိလာခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ တင်းကျပ်တဲ့စည်းကမ်း တွေ ဖြေလျော့ပေးလိုက်ပြီးနောက် တစ်လကျော်အကြာမှာ ကူးစက်မှုနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သေဆုံးသူအရေအတွက်ဟာ ဆေးရုံမှာ သေဆုံးသူအရေအတွက်သာဖြစ်ပြီး၊ နေအိမ်မှာ သေဆုံးသူအရေအတွက်ကို ဖယ်ချန်ထားတယ်လို့လည်း ဝေဖန်မှု တွေ ရှိနေပါတယ်။

ဒါ့အပြင် သေဆုံးသူများကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးရတယ်ဆိုတဲ့အချက်ကိုဖော်ပြဖို့ စိတ်ဓါတ်ကျနေတယ်လို့ ဆရာဝန်အချို့က ဆိုပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ တစ္ရက္ ၇ သန္းေက်ာ္ရွိၿပီး၊ တစ္ရက္ကို အနည္းဆုံး လူ ၄ဝဝဝ ေသဆုံးေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆

တ႐ုတ္အစိုးရက တ႐ုတ္ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈဟာ ဒီဇင္ဘာ ၂၂ ရက္ကတည္းက တစ္ရက္ကို လူေပါင္း ၇ သန္းအထိ ကူးစက္ခံရၿပီး၊ တစ္ရက္ကို အနည္းဆုံး ၄ဝဝဝ ခန႔္ေသဆုံးေနေၾကာင္း၊ တ႐ုတ္ႏိုင္ငံ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ တားဆီးေရးအဖြဲ႕က ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ထင္ရွားတဲ့ ေဆးပညာရွင္တစ္ဦးကလည္း ေက်းလက္ေဒသမ်ား အပါအဝင္ လာမယ့္ ႏွစ္လ (သို႔မဟုတ္) သုံးလအတြင္း ႏိုင္ငံအတြင္းရွိ လူဦးေရ (၁ ဒသမ ၄) ဘီလ်ံရဲ႕ ၈ဝ ရာခိုင္ႏႈန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ခံေနရေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔တားဆီးေရးအဖြဲ႕က "ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၂၂ ရက္ကတည္းက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေတြ နဲ႔ အဖ်ားနဲ႔ပတ္သက္တဲ့ေဆြးေႏြးတိုင္ပင္သူအေရအတြက္ဟာ ျမင့္တက္လာခဲ့တယ္။ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရဟာ တစ္ရက္ကို ၇ သန္းေလာက္အထိ ရွိေနခဲ့ၿပီး အဖ်ားေၾကာင့္ ေဆးခန္းလာျပသူ၊ ဆရာဝန္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးသူဦးေရကလည္း တစ္ရက္ကို (၂ ဒသမ ၈၆၇) ဦးအထိ ျမင့္တက္လာခဲ့တယ္" လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ဇန္နဝါရီ ၁၂ ရက္အထိ ေဆး႐ုံမ်ားမွာ တစ္ရက္ကို ေသဆုံးသူဦးေရဟာ ၆ဝဝဝ နီးပါး ရွိလာခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ တင္းက်ပ္တဲ့စည္းကမ္း ေတြ ေျဖေလ်ာ့ေပးလိုက္ၿပီးေနာက္ တစ္လေက်ာ္အၾကာမွာ ကူးစက္မႈႏႈန္းေတြ ျပန္လည္ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္အစိုးရက ထုတ္ျပန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ေသဆုံးသူအေရအတြက္ဟာ ေဆး႐ုံမွာ ေသဆုံးသူအေရအတြက္သာျဖစ္ၿပီး၊ ေနအိမ္မွာ ေသဆုံးသူအေရအတြက္ကို ဖယ္ခ်န္ထားတယ္လို႔လည္း ေဝဖန္မႈ ေတြ ရွိေနပါတယ္။

ဒါ့အျပင္ ေသဆုံးသူမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေသဆုံးရတယ္ဆိုတဲ့အခ်က္ကိုေဖာ္ျပဖို႔ စိတ္ဓါတ္က်ေနတယ္လို႔ ဆရာဝန္အခ်ိဳ႕က ဆိုပါတယ္။

Related news

© 2021. All rights reserved.