ကော့ခ်ဘဇား ဒုက္ခသည်စခန်း၌ ပရဟိတဗန်းပြ၍ လူသစ်စုဆောင်းနေသည့် စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်ကို ဖမ်းဆီးရမိ

 758

Htay Oung (NP News) - ဇန်နဝါရီ ၂၉

တားမြစ်ထားတဲ့ Huji-B “ဟူဂျီ-ဘီ" ခေါ် “ဟာကတ်-အူလ်-ဂျီဟတ်-အယ်လ် အစ္စလာမ်မီ၊ ဘင်္ဂလားဒေ့ရှ်" စစ်သွေးကြွအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ကော့ခ်ဘဇားဒုက္ခသည်စခန်းအတွင်း ဘင်္ဂါလီများကို ပရဟိတလုပ်ငန်းများ ဗန်းပြ၍ လူသစ်စုဆောင်းနေစဉ် သောကြာနေ့(ဇန်နဝွရီလ ၂၇ ရက်)မှာ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က CTTC က သတင်းထုတ်ပြန်တယ်လို့ Dhaka Tribune က ဇန်နဝါရီလ ၂၈ ရက်ကရေးသားပါတယ်။

ဖမ်းဆီးရမိသူ ဖူကူးလ် အစ္စလာမ်ဟာ အာဖဂန်နစ္စတန်နိုင်ငံကို သွားရောက်ခဲ့ပြီး အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်အပြင် တာလီဘန်ခေါင်းဆောင် မူလာအိုမာတို့နဲ့ တွေ့ဆုံခဲ့ဖူးသူဖြစ်ကြောင်း၊ ခေတ်မီစစ်လက်နက်များ ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို တက်ရောက်လေ့ကျင့်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၅၈ နှစ်အရွယ် ဖူကူးလ်နဲ့ ၎င်းရဲ့ သားဖြစ်သူ ဆိုင်ဖူလ်အစ္စလာမ် (၂၄ နှစ်) တို့ဟာ ဘင်္ဂါလီများ ခိုလှုံ လျှက်ရှိတဲ့ ဒုက္ခသည်စခန်းအတွင်း အကြိမ်ပေါင်းများစွာ ဝင်ထွက်လည်ပတ်ခဲ့ကြောင်း၊ ၎င်းတို့ဟာ ဘန်ဒါဘန်နယ်မြေမှာ ဟူဂျီအဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့် သင်တန်းပေးရန် စီစဉ်လျှက်ရှိကြောင်း၊ တားမြစ်ပိတ်ပင်ထားတဲ့ စစ်သွေးကြွအဖွဲ့မှ ဖူကူးလ်နဲ့ အခြား (၅)ဦးကို ဒါကာမြို့ နေရာအသီးသီးမှာ သောကြာနေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း “ဒီအမ်ပီ မီဒီယာစင်တာ” မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ CTTC ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် အာဆတ်ဒူစမန်က ပြောဆိုပါတယ်။

အခြားဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်၊ ၄၅ နှစ်နဲ့ ၄၆ နှစ်အရွယ်ရှိသူ နှစ်ဦး ပါဝင်ပြီး၊ ၎င်းတို့ရဲ့ လက်ဝယ်ရှိ လက်ကိုင်ဖုန်း ၉ လုံးကို ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ဟူဂျီ-ဘီ အဖွဲ့အစည်းရဲ့ အကြီးအကဲ “မွတ်ဖ်သီ ဟမ်နမ်“ အပါအဝင် အဆင့်မြင့်အဖွဲ့ဝင်အများအပြားကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ခေါင်း ဆောင်ပိုင်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ကြောင်း၊ ဖူကူးလ်အစ္စလာမ်ဟာ ဦးစီးပဲ့ကိုင်သူဖြစ်ပြီး ရန်ပုံငွေ ကောက်ခံလျှက် လူမှုကွန်ရက်မှတဆင့် “ဒါဝတ် ဘာသာ ရေးလှုပ်ရှားမှု“ ကို လုပ်ဆောင်နေကြောင်း၊ ဒါကာမြို့ မြောက်ဖက် ဂါဇီပူရ်ခရိုင် တမ်မီရုလ်မီလတ် ဘာသာရေး စာသင်ကျောင်းမှ လုံခြုံရေးအစောင့်တစ်ဦး ဖြစ်သူ ဖူကူးလ်ဟာ ၁၉၈၈ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား မွတ်ဖ်သီ ဂျက်ကီယာ ဟိုစိန်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ နောက်ပိုင်း ၎င်း မွတ်ဖ်သီနဲ့အတူ အာဖဂန်နစ္စတန်နိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ပြီး လက်နက်ကိုင် စစ်ရေးလေ့ကျင့် မှုသင်တန်းများ တက်ရောက်ခဲ့ကြောင်း CTTC ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။

သင်တန်းတက် လေ့ကျင့်စဉ် ဖူကူးလ်ဟာ AK-47 ချေမှုန်းရေး ရိုင်ဖယ်၊ အပေါ့စား စက်သေနတ်၊ ဒုံးပစ်လောင်ချာနဲ့ အခြားလက်နက်ကြီးများအပါအဝင် သေနတ်လက်နက်အမျိုးမျိုး ကိုင်တွယ် အသုံးပြုပုံများကို လေ့လာသင် ယူခဲ့ကြောင်း၊ အဲ့ဒီနောက် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်၊ အာဖဂန် တာလီဘန်အဖွဲ့ တည်ထောင်သူ မူလာအိုမာ တို့နဲ့ တွေ့ဆုံခဲ့ကြောင်း၊ အာဖဂန်နစ္စတန်မှာ ဂျီဟတ်သင်တန်း ပြီးဆုံးပြီးနောက် ပါကစ္စတန်နိုင်ငံ ကရာချိမြို့သို့ ပြန်လာခဲ့ကြောင်း၊ ၁၉၉၅ တွင် ကရာချိမှ အီရန်နိုင်ငံ မြို့တော် တီဟီရန်သို့ သွားရောက်၍ သုံးနှစ်ခန့် နေထိုင်ပြီးနောက် ကရာချိမြို့ကို ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်မှာ ဖူကူးလ်ဟာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာခဲ့ကြောင်း၊ ဖူကူးလ်နဲ့အတူ ဖမ်းဆီးရမိသူ တစ်ဦးဖြစ်တဲ့ အသက် ၄၆-နှစ်အရွယ် ကျမ်းစာဆရာ မိုဟာမက် အဗ္ဗဒူလာ အယ်မန်နမ်ဟာ ၎င်းတို့အချင်းချင်း ဆက်သွယ်ရန် ကုဒ်ဝှက်ထားတဲ့ အပလီကေးရှင်းများကို အသုံးပြုပြီး ဆိုရှယ်မီဒီယာအုပ်စုကို လည်ပတ်စေခဲ့ကြောင်း၊ သူဟာ ဗုံးပြုလုပ်နည်းလက်စွဲစာအုပ်များ၊ သင်ခန်းစာဗီဒီယိုများအပါအဝင် အစွန်းရောက်ဝါဒလှုံ့ဆော်ထားတဲ့ အကြောင်းအရာများကို အခြားအဖွဲ့ဝင်များထံ မျှဝေတဲ့ YouTube ချန်နယ်ကိုလည်း ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို အကြမ်းဖက်နှိမ်နင်းရေး အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဘလားဒေ့ရှ်အကြမ်းဖျက် တိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ CTTC အကြီးအကဲ မိုဟာမက် အာဆတ် ဒူစမန်က ရှင်းလင်း ပြောဆိုပါတယ်။

(အယ်လ်ကိုင်ဒါနှင့် အိုင်စစ် ISIS တို့မှာ အစ္စလာမ် ဘာသာရေး အစွန်းရောက် ဂျီဟတ်ဝါဒီ၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသော်လည်း အခြေခံလည်း မတူ၊ လှုပ်ရှား လုပ်ကိုင်ကြရာတွင်လည်း ကွဲပြားပါသည်။ ထိုအခြေခံအချက်များတွင် ရှုတ်ထွေးနေလျှင် အားလုံး သိမ်းကြုံး၍ #အစ္စလာမ်မိုက်ဇေးရှင်း ဟု လွဲမှားတတ်သည်။

အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အစည်းများ အထူးသဖြင့် မွတ်စလင်ဘာသာဝင်အများစု တိုင်းပြည်များတွင် အယ်လ်ကိုင်ဒါတို့ကို ပို၍ ကြောက်ကြသည်။ စစ်သွေး ကြွများဖြစ်သော်လည်း အိုင်စစ် ISIS တို့သည် အုပ်စုဖွဲ့၍ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလေ့ရှိသည်။ အယ်လ်ကိုင်ဒါတို့မှာမူ အဖွဲ့ငယ်လေးများဖြင့် အချင်းချင်း ချိတ်ဆက် ထားပြီး ဘဏ္ဍာရေးနှင့် ဆက်သွယ်ပုံ အလွန်သိပ်သည်း ခေတ်မီသောကြောင့် အမေရိကန် CIA, ဗြိတိသျှ MI6၊ ရုရှား SVR၊ အစ္စရေး မော့ဆက်တို့ ကဲ့သို့ နိုင်ငံတကာ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ထိုးဖောက်မွှေ နှောက်ခြင်းကို ကောင်းစွာ ခံနိုင်ရည်ရှိသည်။

အစ္စလာမ် အစွန်းရောက် ရှေးရိုးစွဲဝါဒီများဖြစ်သူ အယ်လ်ကိုင်ဒါတို့သည် ဘာသာရေးတွင် အထူးကျွမ်း ကျင်ကြ သည်။ ကျမ်းစာကို လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သူမတူအောင် ထူးချွန်ကြသည့်အတွက် မွတ်စလင် ဘာ သာဝင်တို့အကြား အထူးသတိထားကြရသည်။

၁၉၈၈-ခုနှစ် ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါတွင် “အယ်လ်ကိုင်ဒါ အစွန်းရောက် အကြမ်းဖက်၊ စစ်သွေးကြွအဖွဲ့” ကို ဆော်ဒီအာရေးဗီးယားနိုင်ငံသား အိုစမာဘင်လာဒင်၊ အီဂျစ်လူမျိုး အေမန် အယ်လ်ဇာဝါဟီရီ၊ ဂျော်ဒန်နိုင်ငံသား ဂျီဟတ်ကဝိ အဗ္ဗဒူလာ ယူဆွတ်အာဇမ်တို့က ဦးစီးတည်ထောင်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် အာဖဂန် အား ကျူးကျော်သူ ဆိုဗီယက်ဆန့်ကျင်ရေး အမေရိကန် CIA ၏ စုစည်းမှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့နောက် ပါကစ္စတန်နှင့် အာဖဂန်နိုင်ငံတို့အတွင်း ကူးချည် သန်းချီရှိနေခဲ့ပြီး ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံံ့သွား သည်။

ယခု ဒါကာမြို့ CTTI အကြီးအကဲ၏ အဆိုအရ ဖမ်းဆီးရမိသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖူကူးလ် အစ္စလာမ်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် ဖွဲ့စည်းကာစ အယ်လ်ကိုင်ဒါ ခေါင်းဆောင်အပြင် တာလီဘန်ခေါင်းဆောင်တို့နှင့် တွေ့ ဆုံခဲ့ဖူးသူ တကယ့် ဝါရင့် သမ္ဘာရင့် စစ်သွေးကြွတစ်ဦးဖြစ်နေပါသည်။

၁၉၉ဝ ပြည့်နှစ် “အယ်လ်ကိုင်ဒါ၏ ဖတ္တဝါ ကြေငြာချက်” တွင် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ခြင်းဖြင့် စစ်ပြုချေ မှုန်းရန် သတ်မှတ်ခြင်းခံရသည့်နိုင်ငံများတွင် အမေရိကန်၊ ဗြိတိန်နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်သည်။ အဆိုပါ ဖတ္တဝါတွင် လက်မှတ်ရေးထိုးသူများအနက် ဘင်္ဂလားဒေ့ရှ်မှ ဖက်ဇ်လာ ရာမန်လည်း ပါဝင်သည်။

ထိုစဉ်ကာလ မြန်မာသာမက ကမ္ဘာအရပ်ရပ်တွင် ဆိုရှယ်လစ်နိုင်ငံများ ပြိုကွဲ၍ ဒီမိုကရေစီတော်လှန်ရေးကိုသာ အာရုံစိုက်နေခိုက်ဖြစ်ရာ ကြောက်မက်ဖွယ်ရာ ဘာသာရေးအစွန်းရောက် အကြမ်းဖက် စစ်သွေးကြွတို့အား သတိမထားမိခဲ့ကြချေ။ ။သတင်းဘာသာပြန်သူ)

(Dhaka Tribune., 28 January 2023,” CTTC arrests Huji chief who worked in Rohingya camps” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ေကာ့ခ္ဘဇား ဒုကၡသည္စခန္း၌ ပရဟိတဗန္းျပ၍ လူသစ္စုေဆာင္းေနသည့္ စစ္ေသြးႂကြအဖြဲ႕ ထိပ္တန္းေခါင္းေဆာင္ကို ဖမ္းဆီးရမိ
Htay Oung (NP News) - ဇန္နဝါရီ ၂၉

တားျမစ္ထားတဲ့ Huji-B “ဟူဂ်ီ-ဘီ" ေခၚ “ဟာကတ္-အူလ္-ဂ်ီဟတ္-အယ္လ္ အစၥလာမ္မီ၊ ဘဂၤလားေဒ့ရွ္" စစ္ေသြးႂကြအဖြဲ႕မွ ထိပ္တန္းေခါင္းေဆာင္တစ္ဦးကို ေကာ့ခ္ဘဇားဒုကၡသည္စခန္းအတြင္း ဘဂၤါလီမ်ားကို ပရဟိတလုပ္ငန္းမ်ား ဗန္းျပ၍ လူသစ္စုေဆာင္းေနစဥ္ ေသာၾကာေန႔(ဇန္နဝြရီလ ၂၇ ရက္)မွာ ဖမ္းဆီးရမိခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ အၾကမ္းဖက္တိုက္ဖ်က္ေရးနဲ႔ ႏိုင္ငံျဖတ္ေက်ာ္မႈခင္း ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က CTTC က သတင္းထုတ္ျပန္တယ္လို႔ Dhaka Tribune က ဇန္နဝါရီလ ၂၈ ရက္ကေရးသားပါတယ္။

ဖမ္းဆီးရမိသူ ဖူကူးလ္ အစၥလာမ္ဟာ အာဖဂန္နစၥတန္ႏိုင္ငံကို သြားေရာက္ခဲ့ၿပီး အယ္လ္ကိုင္ဒါ ေခါင္းေဆာင္ အိုစမာဘင္လာဒင္အျပင္ တာလီဘန္ေခါင္းေဆာင္ မူလာအိုမာတို႔နဲ႔ ေတြ႕ဆုံခဲ့ဖူးသူျဖစ္ေၾကာင္း၊ ေခတ္မီစစ္လက္နက္မ်ား ကိုင္တြယ္အသုံးျပဳနည္း သင္တန္းကို တက္ေရာက္ေလ့က်င့္ခဲ့သူျဖစ္ေၾကာင္း သိရွိရပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ ဖူကူးလ္နဲ႔ ၎ရဲ႕ သားျဖစ္သူ ဆိုင္ဖူလ္အစၥလာမ္ (၂၄ ႏွစ္) တို႔ဟာ ဘဂၤါလီမ်ား ခိုလႈံ လွ်က္ရွိတဲ့ ဒုကၡသည္စခန္းအတြင္း အႀကိမ္ေပါင္းမ်ားစြာ ဝင္ထြက္လည္ပတ္ခဲ့ေၾကာင္း၊ ၎တို႔ဟာ ဘန္ဒါဘန္နယ္ေျမမွာ ဟူဂ်ီအဖြဲ႕ဝင္မ်ားကို စစ္ေရးေလ့က်င့္ သင္တန္းေပးရန္ စီစဥ္လွ်က္ရွိေၾကာင္း၊ တားျမစ္ပိတ္ပင္ထားတဲ့ စစ္ေသြးႂကြအဖြဲ႕မွ ဖူကူးလ္နဲ႔ အျခား (၅)ဦးကို ဒါကာၿမိဳ႕ ေနရာအသီးသီးမွာ ေသာၾကာေန႔က ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း “ဒီအမ္ပီ မီဒီယာစင္တာ” မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ CTTC ရဲတပ္ဖြဲ႕ အႀကီးအကဲ မိုဟာမက္ အာဆတ္ဒူစမန္က ေျပာဆိုပါတယ္။

အျခားဖမ္းဆီးခံရသူမ်ားမွာ အသက္ ၂၅ ႏွစ္၊ ၄၅ ႏွစ္နဲ႔ ၄၆ ႏွစ္အ႐ြယ္ရွိသူ ႏွစ္ဦး ပါဝင္ၿပီး၊ ၎တို႔ရဲ႕ လက္ဝယ္ရွိ လက္ကိုင္ဖုန္း ၉ လုံးကို ရဲတပ္ဖြဲ႕ဝင္မ်ားက သိမ္းဆည္းရမိခဲ့ေၾကာင္း၊ ဟူဂ်ီ-ဘီ အဖြဲ႕အစည္းရဲ႕ အႀကီးအကဲ “မြတ္ဖ္သီ ဟမ္နမ္“ အပါအဝင္ အဆင့္ျမင့္အဖြဲ႕ဝင္အမ်ားအျပားကို ဖမ္းဆီးႏိုင္ခဲ့တဲ့အတြက္ ေခါင္း ေဆာင္ပိုင္းကို ထိန္းသိမ္းႏိုင္ခဲ့တယ္လို႔ ေျပာရမွာျဖစ္ေၾကာင္း၊ ဖူကူးလ္အစၥလာမ္ဟာ ဦးစီးပဲ့ကိုင္သူျဖစ္ၿပီး ရန္ပုံေငြ ေကာက္ခံလွ်က္ လူမႈကြန္ရက္မွတဆင့္ “ဒါဝတ္ ဘာသာ ေရးလႈပ္ရွားမႈ“ ကို လုပ္ေဆာင္ေနေၾကာင္း၊ ဒါကာၿမိဳ႕ ေျမာက္ဖက္ ဂါဇီပူရ္ခ႐ိုင္ တမ္မီ႐ုလ္မီလတ္ ဘာသာေရး စာသင္ေက်ာင္းမွ လုံၿခဳံေရးအေစာင့္တစ္ဦး ျဖစ္သူ ဖူကူးလ္ဟာ ၁၉၈၈ ခုႏွစ္မွာ ပါကစၥတန္ႏိုင္ငံကို သြားေရာက္ခဲ့ေၾကာင္း၊ အယ္လ္ကိုင္ဒါအၾကမ္းဖက္အဖြဲ႕မွ တပ္မႉးတစ္ဦးျဖစ္သူ ဘဂၤလားေဒ့ရွ္ႏြယ္ဖြား မြတ္ဖ္သီ ဂ်က္ကီယာ ဟိုစိန္နဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း၊ ေနာက္ပိုင္း ၎ မြတ္ဖ္သီနဲ႔အတူ အာဖဂန္နစၥတန္ႏိုင္ငံကို အႀကိမ္မ်ားစြာ သြားေရာက္ခဲ့ၿပီး လက္နက္ကိုင္ စစ္ေရးေလ့က်င့္ မႈသင္တန္းမ်ား တက္ေရာက္ခဲ့ေၾကာင္း CTTC ရဲတပ္ဖြဲ႕ အႀကီးအကဲက ဆိုပါတယ္။

သင္တန္းတက္ ေလ့က်င့္စဥ္ ဖူကူးလ္ဟာ AK-47 ေခ်မႈန္းေရး ႐ိုင္ဖယ္၊ အေပါ့စား စက္ေသနတ္၊ ဒုံးပစ္ေလာင္ခ်ာနဲ႔ အျခားလက္နက္ႀကီးမ်ားအပါအဝင္ ေသနတ္လက္နက္အမ်ိဳးမ်ိဳး ကိုင္တြယ္ အသုံးျပဳပုံမ်ားကို ေလ့လာသင္ ယူခဲ့ေၾကာင္း၊ အဲ့ဒီေနာက္ အယ္လ္ကိုင္ဒါ ေခါင္းေဆာင္ အိုစမာဘင္လာဒင္၊ အာဖဂန္ တာလီဘန္အဖြဲ႕ တည္ေထာင္သူ မူလာအိုမာ တို႔နဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း၊ အာဖဂန္နစၥတန္မွာ ဂ်ီဟတ္သင္တန္း ၿပီးဆုံးၿပီးေနာက္ ပါကစၥတန္ႏိုင္ငံ ကရာခ်ိၿမိဳ႕သို႔ ျပန္လာခဲ့ေၾကာင္း၊ ၁၉၉၅ တြင္ ကရာခ်ိမွ အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္ တီဟီရန္သို႔ သြားေရာက္၍ သုံးႏွစ္ခန႔္ ေနထိုင္ၿပီးေနာက္ ကရာခ်ိၿမိဳ႕ကို ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း၊ ၁၉၉၈ ခုႏွစ္မွာ ဖူကူးလ္ဟာ ဘဂၤလားေဒ့ရွ္သို႔ ျပန္လာခဲ့ေၾကာင္း၊ ဖူကူးလ္နဲ႔အတူ ဖမ္းဆီးရမိသူ တစ္ဦးျဖစ္တဲ့ အသက္ ၄၆-ႏွစ္အ႐ြယ္ က်မ္းစာဆရာ မိုဟာမက္ အဗၺဒူလာ အယ္မန္နမ္ဟာ ၎တို႔အခ်င္းခ်င္း ဆက္သြယ္ရန္ ကုဒ္ဝွက္ထားတဲ့ အပလီေကးရွင္းမ်ားကို အသုံးျပဳၿပီး ဆိုရွယ္မီဒီယာအုပ္စုကို လည္ပတ္ေစခဲ့ေၾကာင္း၊ သူဟာ ဗုံးျပဳလုပ္နည္းလက္စြဲစာအုပ္မ်ား၊ သင္ခန္းစာဗီဒီယိုမ်ားအပါအဝင္ အစြန္းေရာက္ဝါဒလႈံ႕ေဆာ္ထားတဲ့ အေၾကာင္းအရာမ်ားကို အျခားအဖြဲ႕ဝင္မ်ားထံ မွ်ေဝတဲ့ YouTube ခ်န္နယ္ကိုလည္း ဖန္တီးခဲ့ေၾကာင္း၊ ၎တို႔အားလုံးကို အၾကမ္းဖက္ႏွိမ္နင္းေရး အက္ဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ဘလားေဒ့ရွ္အၾကမ္းဖ်က္ တိုက္ဖ်က္ေရးနဲ႔ ႏိုင္ငံျဖတ္ေက်ာ္မႈခင္း ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ CTTC အႀကီးအကဲ မိုဟာမက္ အာဆတ္ ဒူစမန္က ရွင္းလင္း ေျပာဆိုပါတယ္။

(အယ္လ္ကိုင္ဒါႏွင့္ အိုင္စစ္ ISIS တို႔မွာ အစၥလာမ္ ဘာသာေရး အစြန္းေရာက္ ဂ်ီဟတ္ဝါဒီ၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားျဖစ္ၾကေသာ္လည္း အေျခခံလည္း မတူ၊ လႈပ္ရွား လုပ္ကိုင္ၾကရာတြင္လည္း ကြဲျပားပါသည္။ ထိုအေျခခံအခ်က္မ်ားတြင္ ရႈတ္ေထြးေနလွ်င္ အားလုံး သိမ္းႀကဳံး၍ #အစၥလာမ္မိုက္ေဇးရွင္း ဟု လြဲမွားတတ္သည္။

အၾကမ္းဖက္ ႏွိမ္နင္းေရး အဖြဲ႕အစည္းမ်ား အထူးသျဖင့္ မြတ္စလင္ဘာသာဝင္အမ်ားစု တိုင္းျပည္မ်ားတြင္ အယ္လ္ကိုင္ဒါတို႔ကို ပို၍ ေၾကာက္ၾကသည္။ စစ္ေသြး ႂကြမ်ားျဖစ္ေသာ္လည္း အိုင္စစ္ ISIS တို႔သည္ အုပ္စုဖြဲ႕၍ ေပၚေပၚထင္ထင္ လႈပ္ရွားေလ့ရွိသည္။ အယ္လ္ကိုင္ဒါတို႔မွာမူ အဖြဲ႕ငယ္ေလးမ်ားျဖင့္ အခ်င္းခ်င္း ခ်ိတ္ဆက္ ထားၿပီး ဘ႑ာေရးႏွင့္ ဆက္သြယ္ပုံ အလြန္သိပ္သည္း ေခတ္မီေသာေၾကာင့္ အေမရိကန္ CIA, ၿဗိတိသွ် MI6၊ ႐ုရွား SVR၊ အစၥေရး ေမာ့ဆက္တို႔ ကဲ့သို႔ ႏိုင္ငံတကာ ေထာက္လွမ္းေရးအဖြဲ႕အစည္းမ်ား၏ ထိုးေဖာက္ေမႊ ေႏွာက္ျခင္းကို ေကာင္းစြာ ခံႏိုင္ရည္ရွိသည္။

အစၥလာမ္ အစြန္းေရာက္ ေရွး႐ိုးစြဲဝါဒီမ်ားျဖစ္သူ အယ္လ္ကိုင္ဒါတို႔သည္ ဘာသာေရးတြင္ အထူးကြၽမ္း က်င္ၾက သည္။ က်မ္းစာကို လိုရာဆြဲ အဓိပၸါယ္ဖြင့္ဆိုရာတြင္ သူမတူေအာင္ ထူးခြၽန္ၾကသည့္အတြက္ မြတ္စလင္ ဘာ သာဝင္တို႔အၾကား အထူးသတိထားၾကရသည္။

၁၉၈၈-ခုႏွစ္ ပါကစၥတန္ႏိုင္ငံ ပက္ရွ္ဝါတြင္ “အယ္လ္ကိုင္ဒါ အစြန္းေရာက္ အၾကမ္းဖက္၊ စစ္ေသြးႂကြအဖြဲ႕” ကို ေဆာ္ဒီအာေရးဗီးယားႏိုင္ငံသား အိုစမာဘင္လာဒင္၊ အီဂ်စ္လူမ်ိဳး ေအမန္ အယ္လ္ဇာဝါဟီရီ၊ ေဂ်ာ္ဒန္ႏိုင္ငံသား ဂ်ီဟတ္ကဝိ အဗၺဒူလာ ယူဆြတ္အာဇမ္တို႔က ဦးစီးတည္ေထာင္ခဲ့သည္။ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားတြင္ အာဖဂန္ အား က်ဴးေက်ာ္သူ ဆိုဗီယက္ဆန႔္က်င္ေရး အေမရိကန္ CIA ၏ စုစည္းမႈျဖင့္ ေပၚေပါက္လာျခင္းျဖစ္သည္။ ထို႔ေနာက္ ပါကစၥတန္ႏွင့္ အာဖဂန္ႏိုင္ငံတို႔အတြင္း ကူးခ်ည္ သန္းခ်ီရွိေနခဲ့ၿပီး ကမာၻအရပ္ရပ္သို႔ ျပန႔္ႏွံံ့သြား သည္။

ယခု ဒါကာၿမိဳ႕ CTTI အႀကီးအကဲ၏ အဆိုအရ ဖမ္းဆီးရမိသူ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ဖူကူးလ္ အစၥလာမ္သည္ အာဖဂန္နစၥတန္ႏိုင္ငံတြင္ ဖြဲ႕စည္းကာစ အယ္လ္ကိုင္ဒါ ေခါင္းေဆာင္အျပင္ တာလီဘန္ေခါင္းေဆာင္တို႔ႏွင့္ ေတြ႕ ဆုံခဲ့ဖူးသူ တကယ့္ ဝါရင့္ သမာၻရင့္ စစ္ေသြးႂကြတစ္ဦးျဖစ္ေနပါသည္။

၁၉၉ဝ ျပည့္ႏွစ္ “အယ္လ္ကိုင္ဒါ၏ ဖတၱဝါ ေၾကျငာခ်က္” တြင္ ကမာၻလုံးဆိုင္ရာအၾကမ္းဖက္ျခင္းျဖင့္ စစ္ျပဳေခ် မႈန္းရန္ သတ္မွတ္ျခင္းခံရသည့္ႏိုင္ငံမ်ားတြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္အတူ ျမန္မာႏိုင္ငံလည္း ပါဝင္သည္။ အဆိုပါ ဖတၱဝါတြင္ လက္မွတ္ေရးထိုးသူမ်ားအနက္ ဘဂၤလားေဒ့ရွ္မွ ဖက္ဇ္လာ ရာမန္လည္း ပါဝင္သည္။

ထိုစဥ္ကာလ ျမန္မာသာမက ကမာၻအရပ္ရပ္တြင္ ဆိုရွယ္လစ္ႏိုင္ငံမ်ား ၿပိဳကြဲ၍ ဒီမိုကေရစီေတာ္လွန္ေရးကိုသာ အာ႐ုံစိုက္ေနခိုက္ျဖစ္ရာ ေၾကာက္မက္ဖြယ္ရာ ဘာသာေရးအစြန္းေရာက္ အၾကမ္းဖက္ စစ္ေသြးႂကြတို႔အား သတိမထားမိခဲ့ၾကေခ်။ ။သတင္းဘာသာျပန္သူ)

(Dhaka Tribune., 28 January 2023,” CTTC arrests Huji chief who worked in Rohingya camps” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

May Moe Zaw May Zaw

29/01/2023 13:09

သတင်းဗဟုသုတများ​စေသည့်သတင်းကို စားသုံးခွင့်ရ၍​ကျေးဇူးတင်ပါသည်,

Related news

© 2021. All rights reserved.