ယူကရိန်းသို့ F-16 အမျိုးအစား တိုက်လေယာဥ်များ ပေးပို့ကူညီပေးရန် အမေရိကန်စစ်ဖက်အရာရှိများ တွန်းအားပေးနေ

 1397

Pika (NP News) - ဇန်နဝါရီ ၂၉

ရုရှားကို တိုက်ထုတ်ရာတွင် ကူညီရန်အတွက် အမေရိကန်စစ်တပ်အရာရှိများသည် F-16 အမျိုးအစား တိုက်လေယာဥ်များ ယူကရိန်းနိုင်ငံသို့ပေးပို့ကူညီရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို တိတ်တဆိတ် တွန်းအားပေးနေကြောင်း သတင်းအရင်အမြစ်များကို ကိုးကားပြီး Politico သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်းသည် ခေတ်မှီတိုက်လေယာဥ်များ ပေးပို့‌ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အနောက်အုပ်စု နိုင်ငံများသည် အနောက်နိုင်ငံထုတ် တိုက်လေယာဥ်များ ပေးပို့ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ယူကရိန်းသို့ တိုက်လေယာဥ်များ ပေးပို့ကူညီပေးရန် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း လှုပ်ရှားမှုများသည် ပိုမိုအရှိန်မြင့်လာပြီ ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက "ယူကရိန်းကို F-16 အမျိုးအစား တိုက်လေယာဥ်ပေးပို့မှုကို ကန့်ကွက်မှုတွေ ရှိမယ်မထင်ပါဘူး။ လက်ရှိအချိန်အထိ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မချရသေးပါဘူး။ အဲဒီ တိုက်လေယာဥ်တွေ ရရှိဖို့က အဓိကဦးစားပေးအချက်လား ဆိုတာမျိုးကိုတော့ ယူကရိန်းဖက်က အခိုင်အမာ ပြောကြားခြင်းမျိုး မရှိသေးပါဘူး။ အမေရိကန်ဟာ ယူကရိန်းရဲ့လိုအပ်ချက်တွေ အားလုံးကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းသို့ အမေရိကန်၏ ကိုယ်ပိုင်တိုက်လေယာဥ်များ (သို့မဟုတ်) အခြားနိုင်ငံများမှ F-16 အမျိုးအစား တိုက်လေယာဥ်များ ပေးပို့ကူညီရန်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန်အတွက် အမေရိကန်သည် သီတင်းပတ် များစွာ အချိန်ယူရနိုင်ဖွယ်ရှိနေကြောင်း သတင်းအရင်းအမြစ်တစ်ခု က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဂျာမနီတို့သည် ယူကရိန်းနိုင်ငံသို့ အမေရိကန်ထုတ် Abrams အမျိုးအစားတင့်ကား(၃၁)စီးနှင့် ဂျာမနီနိုင်ငံထုတ် Leopard 2 တင့်ကား(၁၄)စီး ပေးပို့ကူညီရန်သဘောတူညီခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇီလန်စကီးသည် တာဝေးပစ်ဒုံးကျည်များနှင့် တိုက်လေယာဥ်များ ပေးပို့ပေးရန် တောင်းဆိုမှုကို နှစ်ဆမြင့်တင်ခဲ့ ကြောင်း သိရသည်။

ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။ ယူကရိန်း ကို အနောက်အုပ်စုနိုင်ငံများက စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုး‌ပေးခြင်းသည် ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း ရုရှားအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ် က ပြောကြားခဲ့သည်။

Zawgyi Version;
ယူကရိန္းသို႔ F-16 အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ေပးပို႔ကူညီေပးရန္ အေမရိကန္စစ္ဖက္အရာရွိမ်ား တြန္းအားေပးေန
Pika (NP News) - ဇန္နဝါရီ ၂၉

႐ုရွားကို တိုက္ထုတ္ရာတြင္ ကူညီရန္အတြက္ အေမရိကန္စစ္တပ္အရာရွိမ်ားသည္ F-16 အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ယူကရိန္းႏိုင္ငံသို႔ေပးပို႔ကူညီရန္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနကို တိတ္တဆိတ္ တြန္းအားေပးေနေၾကာင္း သတင္းအရင္အျမစ္မ်ားကို ကိုးကားၿပီး Politico သတင္းဌာနက ေဖာ္ျပခဲ့သည္။

ယူကရိန္းသည္ ေခတ္မွီတိုက္ေလယာဥ္မ်ား ေပးပို႔‌ေပးရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေသာ္လည္း အေနာက္အုပ္စု ႏိုင္ငံမ်ားသည္ အေနာက္ႏိုင္ငံထုတ္ တိုက္ေလယာဥ္မ်ား ေပးပို႔ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ယူကရိန္းသို႔ တိုက္ေလယာဥ္မ်ား ေပးပို႔ကူညီေပးရန္ ကာကြယ္ေရးဝန္ႀကီးဌာနအတြင္း လႈပ္ရွားမႈမ်ားသည္ ပိုမိုအရွိန္ျမင့္လာၿပီ ျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္မွ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန အရာရွိတစ္ဦးက "ယူကရိန္းကို F-16 အမ်ိဳးအစား တိုက္ေလယာဥ္ေပးပို႔မႈကို ကန႔္ကြက္မႈေတြ ရွိမယ္မထင္ပါဘူး။ လက္ရွိအခ်ိန္အထိ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကိုေတာ့ မခ်ရေသးပါဘူး။ အဲဒီ တိုက္ေလယာဥ္ေတြ ရရွိဖို႔က အဓိကဦးစားေပးအခ်က္လား ဆိုတာမ်ိဳးကိုေတာ့ ယူကရိန္းဖက္က အခိုင္အမာ ေျပာၾကားျခင္းမ်ိဳး မရွိေသးပါဘူး။ အေမရိကန္ဟာ ယူကရိန္းရဲ႕လိုအပ္ခ်က္ေတြ အားလုံးကို ပိုမိုျဖည့္ဆည္းေပးႏိုင္ဖို႔ အာ႐ုံစိုက္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းသို႔ အေမရိကန္၏ ကိုယ္ပိုင္တိုက္ေလယာဥ္မ်ား (သို႔မဟုတ္) အျခားႏိုင္ငံမ်ားမွ F-16 အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ေပးပို႔ကူညီရန္ႏွင့္ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ရန္အတြက္ အေမရိကန္သည္ သီတင္းပတ္ မ်ားစြာ အခ်ိန္ယူရႏိုင္ဖြယ္ရွိေနေၾကာင္း သတင္းအရင္းအျမစ္တစ္ခု က ေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္ ဂ်ာမနီတို႔သည္ ယူကရိန္းႏိုင္ငံသို႔ အေမရိကန္ထုတ္ Abrams အမ်ိဳးအစားတင့္ကား(၃၁)စီးႏွင့္ ဂ်ာမနီႏိုင္ငံထုတ္ Leopard 2 တင့္ကား(၁၄)စီး ေပးပို႔ကူညီရန္သေဘာတူညီခဲ့ၿပီးေနာက္ ယူကရိန္းသမၼတ ဇီလန္စကီးသည္ တာေဝးပစ္ဒုံးက်ည္မ်ားႏွင့္ တိုက္ေလယာဥ္မ်ား ေပးပို႔ေပးရန္ ေတာင္းဆိုမႈကို ႏွစ္ဆျမင့္တင္ခဲ့ ေၾကာင္း သိရသည္။

ယူကရိန္းသို႔ အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းသည္ ပဋိပကၡကို ပိုမိုရွည္ၾကာေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။ ယူကရိန္း ကို အေနာက္အုပ္စုႏိုင္ငံမ်ားက စစ္လက္နက္ပစၥည္းမ်ား ကူညီပံ့ပိုး‌ေပးျခင္းသည္ ပဋိပကၡတြင္ တိုက္႐ိုက္ ပါဝင္ပတ္သက္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရ၏ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ က ေျပာၾကားခဲ့ သည္။

Related news

© 2021. All rights reserved.