ယူကရိန်းစစ်ပွဲကို သင်ခန်းစာယူပြီး ဒရုန်းများဖွံ့ဖြိုးတိုးတက်ရန် အရှိန်မြှင့်လုပ်ဆောင်နေဟု ထိုင်ဝမ်စစ်ဖက်ဆို

 443

Pika (NP News) - ဖေဖော်ဝါရီ ၉

ထိုင်ဝမ်သည် ယူကရိန်းစစ်ပွဲမှရရှိသော သင်ခန်းစာများနှင့် တရုတ်နိုင်ငံခြိမ်းခြောက်မှုတို့ကို ထည့်သွင်းစဥ်းစားကာ စစ်ရေးတွင် ဒရုန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်ခဲ့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ပြီး ဒရုန်းများသည် နှစ်ဖက် စလုံး၌ အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်ခဲ့ပြီး ဒရုန်းများသည် အနာဂတ်စစ်ပွဲများတွင် အဓိကအခန်းကဏ္ဍက ပါဝင်လာနိုင်ဖွယ်ရှိနေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး ယူကရိန်းစစ်ပွဲကို အနီးကပ်စောင့်ကြည်နေကာ ယူကရိန်း၏ ခုခံပုံများ အပါအဝင် တရုတ်၏တိုက်ခိုက်မှုအား တုံ့ပြန်နိုင်မည့်သင်ခန်းစာများကို သင်ယူနေကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဒရုန်းများ ထုတ်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးတို့ကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန‌ ပြောရေးဆိုခွင့်ရှိသူ Sun Li-fang က ပြောကြားခဲ့သည်။ Sun Li-fang က "တရုတ်ရဲ့ ခြိမ်းခြောက်မှု တွေကိုတုံ့ပြန်ဖို့ ဒရုန်းတွေနဲ့ပတ်သက်တဲ့ ယူကရိန်းစစ်ပွဲက အတွေ့အကြုံတွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ဒရုန်းတွေကို အကောင်းဆုံးတည်ဆောက်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထုတ်လုပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

ဒရုန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုများကို စစ်တပ်ပိုင် Chung-Shan Institute of Science and Technology ကုမ္ပဏီက ဦးဆောင်လုပ်ဆောင်နေပြီး အရပ်သားကုမ္ပဏီများလည်း ပါဝင်လာမည်ဖြစ်ကြောင်း Sun Li-fang က ပြောကြားခဲ့သည်။

Aeronautical Systems Research Division ၏ ဒါရိုက်တာ Chi Li-ping က ကင်းထောက်နိုင်ရန်အတွက် ရည်ရွယ် ချက်များ အပါအဝင် စစ်တပ်အတွက်ထုတ်လုပ်ထားသော ဒရုန်းများ၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

Chi Li-ping "ကျွန်တော်တို့နိုင်ငံရဲ့ဒရုန်းတွေဟာ အမျိုးအစား၊ စွမ်းရည်၊ သက်ဆိုင်ရာနည်းပညာတွေနဲ့ ပတ်သက် ရင် နိုင်ငံတကာစံညွှန်းကို မှီနေပါပြီ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲကို သင္ခန္းစာယူၿပီး ဒ႐ုန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ရန္ အရွိန္ျမႇင့္လုပ္ေဆာင္ေနဟု ထိုင္ဝမ္စစ္ဖက္ဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၉

ထိုင္ဝမ္သည္ ယူကရိန္းစစ္ပြဲမွရရွိေသာ သင္ခန္းစာမ်ားႏွင့္ တ႐ုတ္ႏိုင္ငံၿခိမ္းေျခာက္မႈတို႔ကို ထည့္သြင္းစဥ္းစားကာ စစ္ေရးတြင္ ဒ႐ုန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္ျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယူကရိန္းကို ႐ုရွားတို႔က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလမွစတင္ၿပီး ဒ႐ုန္းမ်ားသည္ ႏွစ္ဖက္ စလုံး၌ အေရးပါေသာ အခန္းက႑တြင္ပါဝင္ခဲ့ၿပီး ဒ႐ုန္းမ်ားသည္ အနာဂတ္စစ္ပြဲမ်ားတြင္ အဓိကအခန္းက႑က ပါဝင္လာႏိုင္ဖြယ္ရွိေနေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီး က ေျပာၾကားခဲ့သည္။ ထိုင္ဝမ္သည္ တ႐ုတ္၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ေနရၿပီး ယူကရိန္းစစ္ပြဲကို အနီးကပ္ေစာင့္ၾကည္ေနကာ ယူကရိန္း၏ ခုခံပုံမ်ား အပါအဝင္ တ႐ုတ္၏တိုက္ခိုက္မႈအား တုံ႔ျပန္ႏိုင္မည့္သင္ခန္းစာမ်ားကို သင္ယူေနေၾကာင္း ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ထိုင္ဝမ္သည္ ဒ႐ုန္းမ်ား ထုတ္လုပ္ေရးႏွင့္ဖြံ႕ၿဖိဳးေရးတို႔ကို အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္း ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးဌာန‌ ေျပာေရးဆိုခြင့္ရွိသူ Sun Li-fang က ေျပာၾကားခဲ့သည္။ Sun Li-fang က "တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈ ေတြကိုတုံ႔ျပန္ဖို႔ ဒ႐ုန္းေတြနဲ႔ပတ္သက္တဲ့ ယူကရိန္းစစ္ပြဲက အေတြ႕အႀကဳံေတြကို အသုံးျပဳၿပီး ကြၽန္ေတာ္တို႔ရဲ႕ ဒ႐ုန္းေတြကို အေကာင္းဆုံးတည္ေဆာက္ဖို႔အတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက ဒ႐ုန္းဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ထုတ္လုပ္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ဒ႐ုန္းဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ထုတ္လုပ္မႈမ်ားကို စစ္တပ္ပိုင္ Chung-Shan Institute of Science and Technology ကုမၸဏီက ဦးေဆာင္လုပ္ေဆာင္ေနၿပီး အရပ္သားကုမၸဏီမ်ားလည္း ပါဝင္လာမည္ျဖစ္ေၾကာင္း Sun Li-fang က ေျပာၾကားခဲ့သည္။

Aeronautical Systems Research Division ၏ ဒါ႐ိုက္တာ Chi Li-ping က ကင္းေထာက္ႏိုင္ရန္အတြက္ ရည္႐ြယ္ ခ်က္မ်ား အပါအဝင္ စစ္တပ္အတြက္ထုတ္လုပ္ထားေသာ ဒ႐ုန္းမ်ား၏ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

Chi Li-ping "ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ဒ႐ုန္းေတြဟာ အမ်ိဳးအစား၊ စြမ္းရည္၊ သက္ဆိုင္ရာနည္းပညာေတြနဲ႔ ပတ္သက္ ရင္ ႏိုင္ငံတကာစံၫႊန္းကို မွီေနပါၿပီ" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.